အခ်ိန္လဲမေပးႏိုင္ အဖုပိမ့္ေတြထြက္လာလို စိတ္ညစ္ေနသူအေတြအတြက္ အေရးေပၚေပါင္းတင္နည္း

အခ်ိန္လဲမေပးႏိုင္ အဖုပိမ့္ေတြထြက္လာလို စိတ္ညစ္ေနသူအေတြအတြက္ အေရးေပၚေပါင္းတင္နည္း

အေရးေပၚ ေပါင္းတင္နည္းအေၾကာင္း ေဝမွ်ေပးမယ္ရွင့္ ။

အလွျပင္ဖို႔အခ်ိန္သီးသန႔္လည္းမေပးျဖစ္ အပ်င္းကလည္းထူ အစပ္လည္းေလ်ာ့မစားႏိုင္ ဒါေပမဲ့ အခ်ိန္တန္ မွန္ၾကည့္တဲ့အခါ မ်က္ႏွာေပၚက အေရးေၾကာင္း အမဲစက္ အဖုပိမ့္ေတြ ထြက္လာရင္ စိတ္အရမ္းညစ္တတ္တဲ့ ကိုယ့္လိုလူမ်ိဳးေတြအတြက္ ရည္႐ြယ္ပါတယ္။

ခရမ္းခ်ဥ္ – ဝက္ၿခံေလ်ာ့ပါး

အာလူး – အဖုပိမ့္ ခ်ိဳင့္ခြက္ အသားျပန္ျပည့္

ရွားေစာင္းလက္ပတ္ – အသားေခ်ာေမြ႕

ဆန္ေဆးရည္ – အေရးေၾကာင္းေလ်ာ့နည္းေစ

သံပုရာ – အဆီျပန္သက္သာ (ဆိုးက်ိဳး အသားပါးလာေစတတ္

ဝက္ၿခံေပါက္ေနသူမ်ား မျပဳလုပ္သင့္ အရမ္းစပ္ေစလို႔ပါ )

ေအာင္မဲညိဳအရည္ – အသားေအးေစ

သခြားသီး – အသားေရၾကည္လင္

မန္က်ီးသီးအရည္ – အမဲစက္ေလ်ာ့ပါး

ၾကက္ဥ/ဘဲဥအကာအရည္ – ဆဲလ္ေသေတြကြာ အသားေရေခ်ာေမြ႕

တကယ္ဆို ဆႏြင္းလည္း ပါ ပါေသးတယ္ ဒါေပမဲ့ ခုေခတ္ ဆႏြင္းစစ္စစ္ဆိုတာ ရွာဝယ္ရခက္လို႔ ေတြ႕ကရာ ဆႏြင္းေရေဖ်ာ္လူးမိၿပီး မ်က္ႏွာမႈိစြဲ ခ႐ုသင္းျဖစ္ တာတို႔လည္း ၾကားသိဖူးေတာ့ ဆႏြင္းအေၾကာင္း ခ်န္ထားပါရေစ ။

အေရးေပၚ ေပါင္းတင္နည္း

ပထမဆုံး အာလူး ကို ပါးပါးလွီးၿပီး အာလူးနဲ႔မ်က္ႏွာကိုပြတ္ပါ ၃ မိနစ္ခန႔္ ထားၿပီး ေရေဆးခ်ပါ

ဒု – သခြားသီး

တ – ခရမ္းခ်ဥ္

စတု – ရွာေစာင္းလက္ပတ္

ေနာက္ဆုံးမွ ၾကက္ဥအကာရည္ေလးပြတ္ၿပီး ၅မိနစ္ခန႔္ထားၿပီး ေရေဆးခ် မ်က္ႏွာသစ္လိုက္ပါ။ဓာတ္စုံေနေအာင္အာနိသင္ရထားတဲ့ မ်က္ႏွာျဖဴျဖဴေဖြးေဖြးေလးရပါလိမ့္မယ္ တစ္ခါလုပ္ရင္ အာနိသင္စုံေအာင္ ေလးခု ငါးခုေလာက္ လုပ္ေပးရင္ရပါၿပ။ီ ခဏခဏမလုပ္ရပါ။

တစ္ခါလုပ္ရင္ ၂ပတ္ေလာက္ထိ မွန္ၾကည့္တိုင္း စိတ္ခ်မ္းသာေစမွာပါ။သဘာဝပစၥည္းေတြနဲ႔မို႔ေငြကုန္ေၾကးက်သက္သာေစတယ္ ၿပီးေတာ့ ေရမ်ားမ်ားေသာက္ဖို႔ ညအိပ္ခ်ိန္မွန္ဖို႔လည္း လိုအပ္ပါတယ္ ေနာက္လည္း ဗဟုသုတေလးေတြေဝမွ်ေပးသြားမွာျဖစ္ပါတယ္ရွင့္

Htun Thiri

Unicode

အချိန်လဲမပေးနိုင် အဖုပိမ့်တွေထွက်လာလို စိတ်ညစ်နေသူအတွေအတွက် အရေးပေါ်ပေါင်းတင်နည်း

အရေးပေါ် ပေါင်းတင်နည်းအကြောင်း ဝေမျှပေးမယ်ရှင့် ။

အလှပြင်ဖို့အချိန်သီးသန့်လည်းမပေးဖြစ် အပျင်းကလည်းထူ အစပ်လည်းလျော့မစားနိုင် ဒါပေမဲ့ အချိန်တန် မှန်ကြည့်တဲ့အခါ မျက်နှာပေါ်က အရေးကြောင်း အမဲစက် အဖုပိမ့်တွေ ထွက်လာရင် စိတ်အရမ်းညစ်တတ်တဲ့ ကိုယ့်လိုလူမျိုးတွေအတွက် ရည်ရွယ်ပါတယ်။

ခရမ်းချဉ် – ဝက်ခြံလျော့ပါး

အာလူး – အဖုပိမ့် ချိုင့်ခွက် အသားပြန်ပြည့်

ရှားစောင်းလက်ပတ် – အသားချောမွေ့

ဆန်ဆေးရည် – အရေးကြောင်းလျော့နည်းစေ

သံပုရာ – အဆီပြန်သက်သာ (ဆိုးကျိုး အသားပါးလာစေတတ်

ဝက်ခြံပေါက်နေသူများ မပြုလုပ်သင့် အရမ်းစပ်စေလို့ပါ )

အောင်မဲညိုအရည် – အသားအေးစေ

သခွားသီး – အသားရေကြည်လင်

မန်ကျီးသီးအရည် – အမဲစက်လျော့ပါး

ကြက်ဥ/ဘဲဥအကာအရည် – ဆဲလ်သေတွေကွာ အသားရေချောမွေ့

တကယ်ဆို ဆနွင်းလည်း ပါ ပါသေးတယ် ဒါပေမဲ့ ခုခေတ် ဆနွင်းစစ်စစ်ဆိုတာ ရှာဝယ်ရခက်လို့ တွေ့ကရာ ဆနွင်းရေဖျော်လူးမိပြီး မျက်နှာမှိုစွဲ ခရုသင်းဖြစ် တာတို့လည်း ကြားသိဖူးတော့ ဆနွင်းအကြောင်း ချန်ထားပါရစေ ။

အရေးပေါ် ပေါင်းတင်နည်း

ပထမဆုံး အာလူး ကို ပါးပါးလှီးပြီး အာလူးနဲ့မျက်နှာကိုပွတ်ပါ ၃ မိနစ်ခန့် ထားပြီး ရေဆေးချပါ

ဒု – သခွားသီး

တ – ခရမ်းချဉ်

စတု – ရှာစောင်းလက်ပတ်

နောက်ဆုံးမှ ကြက်ဥအကာရည်လေးပွတ်ပြီး ၅မိနစ်ခန့်ထားပြီး ရေဆေးချ မျက်နှာသစ်လိုက်ပါ။ဓာတ်စုံနေအောင်အာနိသင်ရထားတဲ့ မျက်နှာဖြူဖြူဖွေးဖွေးလေးရပါလိမ့်မယ် တစ်ခါလုပ်ရင် အာနိသင်စုံအောင် လေးခု ငါးခုလောက် လုပ်ပေးရင်ရပါပြ။ီ ခဏခဏမလုပ်ရပါ။

တစ်ခါလုပ်ရင် ၂ပတ်လောက်ထိ မှန်ကြည့်တိုင်း စိတ်ချမ်းသာစေမှာပါ။သဘာဝပစ္စည်းတွေနဲ့မို့ငွေကုန်ကြေးကျသက်သာစေတယ် ပြီးတော့ ရေများများသောက်ဖို့ ညအိပ်ချိန်မှန်ဖို့လည်း လိုအပ်ပါတယ် နောက်လည်း ဗဟုသုတလေးတွေဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင့်

Htun Thiri

Be the first to comment

Leave a Reply

Your email address will not be published.


*