ချစ်သူကို တစိမ့်စိမ့်ကြည့်ပြီး ဖြည့်ဆည်းပေးချင်တဲ့ မအေးသောင်း

 

ချစ်သူကို တစိမ့်စိမ့်ကြည့်ပြီး ဖြည့်ဆည်းပေးချင်တဲ့ မအေးသောင်း

ဟိုအရင်အချိန်တုန်းက ဗီဒီယိုကားတွေ ရုပ်ရှင်ကားတွေနဲ့ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ မြန်မာဆန်ဆန်ပုံလေးတွေ တင်တာများလာကြောင့် ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ပိုမိုရရှိလာတဲ့ အေးဝတ်ရည်သောင်းကတော့ သူရဲ့ လက်ရှိအချစ်ရေးကို Cele7ရဲ့အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။ အေးဝတ်ရည်သောင်းဟာ သူ့ရဲ့ ချစ်သူကို ယူတဲ့အချိန်မှသာ ထုတ်ပြမှာဖြစ်ပြီး သူရဲ့ချစ်သူရဲ့ မျက်နှာလေးကို ကြည့်ပြီး လိုအပ်တာတွေ ဖြည့်စည်းပေးချင်ပါတယ်လို့လဲ ပြောသွားခဲ့ပါတယ်။

 

အချစ်ရေးနဲ့ ပတ်သက်ပြီး အေးဝတ်ရည်သောင်းက”အချစ်ရေးနဲ့ ပတ်သက်တာတော့လေ ထိန်းချုပ်တယ်ဆိုတာထက် ဘယ်လိုပြောမလဲ။ ဆိုရှယ်မီဒီယာမှာ မဖော်ပြတာတော့ တစ်ဖက်ကကြည့်ရင် ကောင်းတယ် တစ်ဖက်က ကြည့်ရင်မကောင်းဘူး မကောင်းတာလည်းရှိတယ် ကောင်းတာလည်းရှိတယ်။ ဒွန်တွဲနေတယ် ပေါက်စီအနေနဲ့ကတော့ ယူကာမှယူတော့ အဲ့ကျမှပဲ ထုတ်ပြလိုက်တာကို ပိုပြီးတော့ သဘောကျတဲ့သူမျိုး။ တစ်ချို့ကကျတော့လည်း ကိုယ်ချစ်သူနဲ့နှစ်ယောက်ထဲ ပျော်စရာကောင်းတာလေးတွေ တင်ရတာကိုပျော်တဲ့ သူမျိုးရှိတယ်။ အစ်မကတော့ ဘယ်သူ့ကိုမှ Judgeမလုပ်ဘူး ဒါပေမဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ကကျတော့ ပေါက်စီက အဲ့လို သိုသိုဝှက်ဝှက်နေတတ်တယ်။ နောက်တစ်ခုက တစ်ယောက်နဲ့တစ်ယောက် ယုံကြည့်မှုကို တည်ဆောက်တဲ့ အခါ ယုံကြည့်မှုက အရေးကြီးတယ် Respectကလည်း အရေးကြီးတယ်။ သူ့အပေါ်မှာ ကိုလေးစားမှုမရှိဘူးဆိုရင် အချစ်ရေးက ကြာလာရင် ပျက်စီးသွားမှာ။ ဂရုစိုက်မှုလည်း အရေးကြီးတယ် အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေါင်းစဉ်သေးသေးလေးတွေက အများကြီးပဲ။

 

အမှန်မှန်က ကိုယ်လည်းလူပဲ သူများတွေအဲ့လို အတွဲပုံတွေ တင်ရင် ကိုယ်က တအားတင်ချင်တာ ဒါပေမဲ့လည်း တကယ်တမ်းကိုယ်မယူဖြစ်ဘူးဆိုရင် သူ့အတွက်လည်း မကောင်းဘူး ကိုယ့်အတွက်လည်းမကောင်းဘူး။ ပေါက်စီတို့ဖူးစာက ဘယ်လိုပေါင်းလာမလဲ ဘယ်လိုစုံလာမလဲ မသိသေးဘူးလေ။ အဲ့အတွက်ကြောင့် လူကိုယုံတယ် ကံတရားကိုတော့ မယုံနိုင်သေးဘူး အဲ့တာကြောင့်မို့လို့လဲ မတင်သေးတာပါ။ ဒါပေမဲ့ တင်တော့တင်ချင်တာပေါ့နော် သူများတွေလို။ အတွဲတွေဆိုရင် အားကျတယ် အမြဲတမ်းမဟုတ်ရင်တောင်မှ တကယ့်ကို Special Day Valentine’s Dayတို့ဘာတို့ဆိုရင် တင်ချင်တယ်ရှင့်။

 

ပေါက်စီကတော့လေ ကိုယ်ရဲ့ Privacyပေါ့။ ပျော်စရာကောင်းတဲ့ဟာပဲ ဒီPublicကို ချပြတာများတယ်။ ပေါက်စီမှာ စိတ်ညစ်စရာရှိတာပေါ့ အရမ်းအားငယ်စရာအချိန်တွေလည်းရှိတယ် ဝမ်းနည်းစရာအချိန်တွေလည်းရှိတယ်။ ဒါပေမဲ့ ဒါတွေကို ကိုယ်တင်လိုက်ရင် ဥပမာ ထားလိုက်ပါတော့ ပေါက်စီကားမောင်းလာရင်းနဲ့ ဘယ်သူက ဘာဖြစ်လို့ ကိုယ့်ကားကို ပွတ်လိုက်လို့ ဒေါသဖြစ်တယ် ဘယ်ကားနံပါတ်ဘယ်လောက်ဘယ်လောက်ပေါ့။ အဲ့လိုဆိုရင် ဖတ်လိုက်တဲ့သူတွေက ဒီကားကွာ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာ ပြောမိမှာ။ သူတို့ရဲ့စိတ်ထဲမှာ ဘယ်လိုပြောရမလဲ မုန်းစရာအမုန်းလေး နည်းနည်းဖြစ်သွားတာပဲ ဖြစ်ဖြစ် ဒေါသထွက်စရာလေးပဲ ဖြစ်ဖြစ် အဲ့လိုကို မပေးချင်တာ။ ကိုယ့်ကိုကြည့်လိုက်ရင် ပျော်စရာကောင်းမယ် ချစ်စရာကောင်းမယ် သူတို့လည်း ချစ်တဲ့စိတ်ကလေးဖြစ်သွားမယ်။

 

အဲ့အတွက်ကြောင့် လူက ဒေါသထွက်တယ် မုန်းတယ်ဆိုရင် သူ့ရဲ့တစ်နေ့တာက အချိန်တွေမှာ တစ်ခြားသူတွေကိုလည်း ဒေါသနဲ့ လုပ်မိမှာလေနော်။ အဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ဟာကို ဖတ်လို့ ပျော်ပြီးတော့ တစ်ခြားလူတစ်ယောက်ကို ပြုံးပြလိုက်ရင်ပဲ ဖြစ်ဖြစ် သူ့စိတ်ထဲမှာ ငြိမ်းချမ်းသွားရင်ပဲ ဖြစ်ဖြစ်အဲ့လိုပီတိလေးကို ပေါက်စီက အမြဲတမ်းပေးချင်တယ်။ အဲ့တာကြောင့် ဒီဆိုရှယ်မီဒီယာမှာ များသောအားဖြင့် ပျော်တာတွေပဲ တင်မိတယ်။ အရမ်းကြီးစိတ်ညစ်ရတာကို ပေါက်စီမတင်ဖြစ်ဘူးရှင့်။ ပြီးတော့ ပေါက်စီက ကိုယ်စိတ်ညစ်တာကို တအားကြီး ထုတ်ပြောတတ်တဲ့သူမျိုးမဟုတ်တော့ လူတွေ Typeမတူတာပေါ့နော် တစ်ချို့ကကျတော့လည်း ကိုယ်ဒေါသထွက်တာတို့ဘာတို့ကို ဖွင့်ပြောလိုက်ရမှ ကျေနပ်တဲ့သူလည်း ရှိတယ်။ အဲ့လိုမျိုးလည်း ကောင်းပါတယ် တစ်ခါတစ်လေကျရင် ကိုယ်က တစ်အားမျိုသိပ့်ထားရတော့လေ။ တစ်ယောက်ထဲ အိပ်ယာထဲမှာ ငိုရတဲ့အချိန်တွေဆိုရင်တော့ တအားဝမ်းနည်းဖို့ကောင်းတယ်။”လို့ ပြောခဲ့ပါတယ်။

 

လက်ရှိချစ်သူကို ဘယ်လိုပုံစံနဲ့ ချစ်လဲလို့ မေးမြန်းရာ အေးဝတ်ရည်သောင်းက “ချစ်တာချင်းက အတူတူပါပဲ အစ်မအဲ့လိုကိုယ်ချစ်တဲ့သူရဲ့ မျက်နှာလေးကိုကြည့်ပြီးတော့ အမြဲတမ်းတစ်စိမ့်စိမ့်ကြည့်ပြီးတော့ သူလိုအပ်တာလေးတွေ ဖြည့်ပေးရတာ အစ်မကိုယ်တိုင်ကြိုက်တယ်။ လုပ်လည်းလုပ်တယ် သူဘာဟင်းစားချင်လဲ ချက်ကျွေးချင်တယ်။ သူဘာလိုအပ်လဲ သူ့မျက်နှာညိုနေတာလား သူက ဘယ်လိုအဝတ်အစားလေးတွေနဲ့ လိုက်တတ်တယ်။ အမအမြဲတမ်း အဲ့လိုကြည့်နေတဲ့ သူဆိုတော့ အဲ့တာက အတိုင်း ထပ်တူညီတာတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ ချစ်တဲ့စိတ်ကလေးတော့ အတူတူပဲပေါ့။”လို့ ဖြေသွားခဲ့ပါတယ်။

Credit-NANMALGYI