ခရီးသည္ေက်ာင္းသူေလး ဘြဲ႕ရရင္၊ ဘူတာကုိ အၿပီး ပိတ္ေတာ့မယ့္ ဂ်ပန္ရထားကုမၸဏီ

 

ခရီးသည္ေက်ာင္းသူေလး ဘြဲ႕ရရင္၊ ဘူတာကုိ အၿပီး ပိတ္ေတာ့မယ့္ ဂ်ပန္ရထားကုမၸဏီ

ဂ်ပန္ႏုိင္ငံမွပုဂၢလိကရထားကုမၸဏီတစ္ခုျဖစ္တဲ့HokkaidoRailwayCompanyအမည္ရရထားကုမၸဏီဟာဘူတာတစ္ခုကုိပိတ္သိမ္းေတာ့မယ့္အေၾကာင္းေၾကညာလုိက္ပါတယ္။အေၾကာင္းကေတာ့ယင္းဘူတာမွရထားစီးခရီးသည္ဟာတစ္ေန႔လွ်င္ လူတစ္ေယာက္ေလာက္သာ ရွိလုိ႔ပါ။

အဆုိပါဘူတာေလးဟာဂ်ပန္ႏုိင္ငံရဲ႕ေဝးလံသီေခါင္တဲ့ေနရာမွာတည္ရွိၿပီး၊အသုံးျပဳသူမရွိသေလာက္နည္းပါးတယ္လုိ႔သိရပါတယ္။ဘူတာေလးရဲ႕နာမည္ကေတာ့KamiShiratakiျဖစ္ၿပီးမနက္(၇.၀၄)နာရီမွာေက်ာင္းသူေလးတစ္ေယာက္ပုံမွန္ရထားစီးေလ့ရွိၿပီး၊ ညေန (၅.၀၈)နာရီမွာေတာ့ အဲဒီဘူတာမွာပဲ ျပန္ဆင္းေလ့ရွိတယ္လုိ႔ ဆုိပါတယ္။

 

သူတုိ႔ရထားကုမၸဏီဟာ ေငြကုန္ေၾကးက်ခံၿပီးသက္သက္ေျပးဆြဲေပးခဲ့ေပမယ့္ခရီးသည္ဦးေရတုိးပြားလာျခင္းမရွိလုိ႔ရပ္နားဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။သုိ႔ေသာ္လည္းတစ္ဖက္ကဒီရထားကုိသာအားကုိးအားထားျပဳေနရတဲ့ေက်ာင္းသူေလးရဲ႕အခက္အခဲကုိလည္း ထည့္သြင္းစဥ္းစားရပါေသးတယ္။

ဒါေၾကာင့္မိမိတုိ႔ရဲ႕ရထားခရီးစဥ္ကိုအသုံးျပဳၿပီးေက်ာင္းသြားေနခဲ့တဲ့ေကာင္မေလးကဘြဲ႕မရေသးခင္အထိဘူတာကိုပိတ္သိမ္းမယ့္အစီအစဥ္ကုိေခတၱဆုိင္းငံ့ထားပါတယ္။ဒီကိစၥနဲ႔ပတ္သက္ၿပီးHokkaidoRailwayCompanyကုမၸဏီရဲ႕လုပ္ရပ္ကို လူမႈကြန္ရက္မွာ ခ်ီးက်ဴးေနၾကပါတယ္

 

အၿမဲတမ္းခရီးစဥ္ကုိအားေပးတဲ့ေက်ာင္းသူေလးတစ္ေယာက္ပင္ရွိလင့္ကစား၊သူမရဲ႕ပညာေရးကုိငဲ့ကြက္ၿပီးဘူတာကိုပိတ္သိမ္းမယ့္အစီအစဥ္ကုိ ေရႊ႕ဆုိင္းထားျခင္းဟာ ပညာေရးကို အားေပးတဲ့ႏုိင္ငံတစ္ခုအျဖစ္၊ ခ်ီးက်ဴးဖြယ္ရာပင္ျဖစ္ပါတယ္။

———–

ခရီးသည်ကျောင်းသူလေး ဘွဲ့ရရင်၊ ဘူတာကို အပြီး ပိတ်တော့မယ့် ဂျပန်ရထားကုမ္ပဏီ

ဂျပန်နိုင်ငံမှပုဂ္ဂလိကရထားကုမ္ပဏီတစ်ခုဖြစ်တဲ့HokkaidoRailwayCompanyအမည်ရရထားကုမ္ပဏီဟာဘူတာတစ်ခုကိုပိတ်သိမ်းတော့မယ့်အကြောင်းကြေညာလိုက်ပါတယ်။အကြောင်းကတော့ယင်းဘူတာမှရထားစီးခရီးသည်ဟာတစ်နေ့လျှင် လူတစ်ယောက်လောက်သာ ရှိလို့ပါ။

 

အဆိုပါဘူတာလေးဟာဂျပန်နိုင်ငံရဲ့ဝေးလံသီခေါင်တဲ့နေရာမှာတည်ရှိပြီး၊အသုံးပြုသူမရှိသလောက်နည်းပါးတယ်လို့သိရပါတယ်။ဘူတာလေးရဲ့နာမည်ကတော့KamiShiratakiဖြစ်ပြီးမနက်(၇.၀၄)နာရီမှာကျောင်းသူလေးတစ်ယောက်ပုံမှန်ရထားစီးလေ့ရှိပြီး၊ ညနေ (၅.၀၈)နာရီမှာတော့ အဲဒီဘူတာမှာပဲ ပြန်ဆင်းလေ့ရှိတယ်လို့ ဆိုပါတယ်။

သူတို့ရထားကုမ္ပဏီဟာ ငွေကုန်ကြေးကျခံပြီးသက်သက်ပြေးဆွဲပေးခဲ့ပေမယ့်ခရီးသည်ဦးရေတိုးပွားလာခြင်းမရှိလို့ရပ်နားဖို့ ဆုံးဖြတ်ခဲ့တာပါ။သို့သော်လည်းတစ်ဖက်ကဒီရထားကိုသာအားကိုးအားထားပြုနေရတဲ့ကျောင်းသူလေးရဲ့အခက်အခဲကိုလည်း ထည့်သွင်းစဉ်းစားရပါသေးတယ်။

ဒါကြောင့်မိမိတို့ရဲ့ရထားခရီးစဉ်ကိုအသုံးပြုပြီးကျောင်းသွားနေခဲ့တဲ့ကောင်မလေးကဘွဲ့မရသေးခင်အထိဘူတာကိုပိတ်သိမ်းမယ့်အစီအစဉ်ကိုခေတ္တဆိုင်းငံ့ထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးHokkaidoRailwayCompanyကုမ္ပဏီရဲ့လုပ်ရပ်ကို လူမှုကွန်ရက်မှာ ချီးကျူးနေကြပါတယ်

အမြဲတမ်းခရီးစဉ်ကိုအားပေးတဲ့ကျောင်းသူလေးတစ်ယောက်ပင်ရှိလင့်ကစား၊သူမရဲ့ပညာရေးကိုငဲ့ကွက်ပြီးဘူတာကိုပိတ်သိမ်းမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းထားခြင်းဟာ ပညာရေးကို အားပေးတဲ့နိုင်ငံတစ်ခုအဖြစ်၊ ချီးကျူးဖွယ်ရာပင်ဖြစ်ပါတယ်။