
 



 


 


 



 


 


 



———

တစ်ကမ္ဘာလုံးက အလှမယ်တွေကြားထဲမှာ ထင်ရှားပေါ်လွင်နေတဲ့ မြန်မာ့အလှမယ် ရွှေအိမ်စည်…

လာမယ့် ဒီဇင်ဘာလ (၇) ရက်နေ့၊ ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Supranational ပြိုင်ပွဲကြီးမှာတော့ Miss Golden Land Myanmar အလှမယ် ရွှေအိမ်စည်က မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။

 

နိုဝင်ဘာလ (၂၃)ရက်နေ့မှာ ပိုလန်သို့ထွက်ခွာခဲ့တဲ့ အလှမယ် ရွှေအိမ်စည်ကတော့ အခုဆိုရင် နိုင်ငံတစ်ကာက ပြိုင်ပွဲဝင်အလှမယ်တွေနဲ့အတူ ပြိုင်ပွဲအတွက် လှုပ်ရှားမှုတွေ စတင်ပြုလုပ်နေရပါပြီ။ ချစ်ပရိသတ်တွေအတွက် တစ်ကမ္ဘာလုံးက အလှမယ်တွေရဲ့ကြားမှာ ထင်ရှားနေတဲ့ မြန်မာ့အလှမယ် ရွှေအိမ်စည်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အပြစ်ဆိုစရာ ရှာမတွေ့လောက်အောင် ပြီးပြည့်စုံလွန်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ရွှေအိမ်စည်လေးကတော့ Miss Supranational 2018 တစ်ဦးဖြစ်ဖို့ ရာခိုင်နှုန်းအများကြီး ရှိနေပါတယ်။

 

နိုင်ငံတစ်ကာက အလှမယ်တွေအများကြီးကြားထဲမှာ မြန်မာ့အလှမယ် ရွှေအိမ်စည်က ထင်ထင်ရှားရှားနဲ့ကို ပေါ်လွင်နေတာပါ။

ညှို့အားပြင်းတဲ့ အိမ်စည်လေးရဲ့မျက်နှာကျလေးကလည်း ဆွဲဆောင်မှုအပြည့်ပါပဲနော်။

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝရရှိထားတဲ့ ရွှေအိမ်စည်ကတော့ သူမရဲ့အရည်အချင်းတွေကို ထုတ်ပြခွင့်ရမယ့် ဒီပြိုင်ပွဲကြီးမှာ ပြင်ဆင်မှုတွေအများကြီး လုပ်ထားတယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်အလှမယ်တွေနဲ့လည်း ချစ်ချစ်ခင်ခင်တွေ့ရတဲ့ သူမ..

မတူညီတဲ့ အလှတရားတွေနဲ့ Miss Supranational ပြိုင်ပွဲဝင်တွေ..

ရွှေအိမ်စည်ကတော့ ပြိုင်ပွဲမတိုင်ခင်မှာ အနှောင့်အယှက်တွေ၊ ကျန်းမာရေးအားနည်းတာတွေရှိနေပေမယ့် အခုလက်ရှိမှာ အကောင်းဆုံးကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့ ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Supranational ပြိုင်ပွဲကြီးမှာ မြန်မာ့အလှမယ် ရွှေအိမ်စည်လေးကို Vote ပေးကြဖို့ မမေ့ပါနဲ့နော။

celechannel