ေလျဖတ္ေတာ့မယ္ဆုုိတာ ျကုုိတင္သိနုုိင္တဲ့အခ်က္မ်ား နွင့္ ကာကြယ္နည္းမ်ား.

 

ေလျဖတ္ေတာ့မယ္ဆုုိတာ ျကုုိတင္သိနုုိင္တဲ့အခ်က္မ်ား နွင့္ ကာကြယ္နည္းမ်ား.

ကမၻာ့က်န္းမာေရးအဖြဲ့အစည္းျကီးျဖစ္ေသာ WHOရဲ့ ေျကျငာခ်က္အရ ေသေစတတ္ေသာေရာဂါမ်ားအနက္ ေလျဖတ္ျခင္းဟာ တတိယေျမာက္ျဖစ္ပါတယ္။ေလျဖတ္ျခင္းကို အခ်ိန္မီသိရွိပါက ေနာက္ဆက္တြဲဆိုးက်ိဴးေတြမျဖစ္ေအာင္ ကာကြယ္နိုင္ေပမယ့္လဲ လူေတာ္ေတာ္မ်ားမ်ားက အခ်ိန္မီမသိရွိနိုင္တာမို့ ေစာစီးစြာ ေဆးကုသမွဳခံယူခ်ိန္မရလိုက္ပါဘူး။

ေလျဖတ္ျခင္းကို ဘယ္လိုသိနိုင္မွာလဲ?

ေလျဖတ္ျခင္းကို (၁)ဦးေႏွာက္ေသြးေျကာေပါက္ျခင္း (၂)ဦးေနွာက္ေသြးေျကာပိတ္ျခင္းဆိုျပီး ေဆးပညာအရ၂မ်ိဴခြဲထားပါတယ္။

စစ္တမ္းမ်ားအရ ေလျဖတ္ျခင္းရဲ့၈၀ရာနွဳန္းက ဦးေနွာက္ေသြးေျကာပိတ္ဆုိ့ျခင္းေျကာင့္ျဖစ္ပါတယ္။ေသြးေျကာပိတ္ဆို့ျခင္းေျကာင့္ေလျဖတ္ျခင္းဟာအျဖစ္မ်ားသေလာက္ အစပိုင္းတြင္ေရာဂါ လကၡဏာမျပသတာေျကာင့္ သိရွိဖို့လဲ ခဲယဥ္းပါတယ္။

ဦေနွာက္ေသြးေျကာပိတ္ျခင္းေျကာင့္ျဖစ္ေသာေလျဖတ္ရျခင္းရဲ့ အေျကာင္းရင္းမွာ ဦးေနွာက္ဆီသို့ ေသြးစီးဆင္းေသာေသြးေျကာတစ္ေနရာတြင္ ေသြးခဲျဖင့္ပိတ္ဆို့ျခင္းေျကာင့္ျဖစ္ပါတယ္။

ထိုအခါပိတ္ဆို့သြားေသာေသြးေျကာေနရာရွိ ဦးေနွာက္တစ္ရွဴးမွာ တျဖည္းျဖည္းေဖာင္းလာျပီး ဦးေခါင္းခြံအတြင္းတြင္ ပိုမိုေနရာယူလာရာမွ ဦးေနွာက္အတြင္းသားဖိအားျမင့္တက္လာပါတယ္။

ထိုအခါ အလြန္ေခါင္းကိုက္ျခင္းျဖစ္ေပါ္လာပါတယ္။ ထို့ေနာက္မွာေတာ့ဦးေနာက္တစ္ခုလံုးမွာဖိအားကိုခံစားလာရပါတယ္။ ေလျဖတ္စဥ္မွာ ထိုလူရဲ့ ေျခ လက္မ်ား လွူပ္မရနိုင္သလို သူ့ရဲ့စကားေျပာအာရံုနဲ့ အျကားအာရံုေတြပါအလုပ္မလုပ္နိုင္ေတာ့ပါဘူး။တစ္ခ်ိဴ့ေသာေလျဖတ္ျခင္းေတြမွာဆို လူနာအေနနဲ့ ထင္ေယာင္ထငိမွားေတြပါျဖစ္လာတတ္ပါတယ္။

အခိ်ဴ့ေသာ ေလျဖတ္ျခင္းအနုစားေတြမွာ လြန္ခဲ့ေသာ ၁၀နွစ္ခန့္ သို့မဟုတ္ မေန့က အျဖစ္အပ်က္မ်ားကိုပါ ေမ့သြားတတ္ပါတယ္။ ပိုဆိုးလာပါက လူတစ္ကိုယ္လံုး လွဳပ္ရွားလို့မရေတာ့ပါ၊

 

ဦးေနွာက္ေသြးေျကာပိတ္ ေလျဖတ္ျခင္းရဲ့ လကၡဏာမ်ား

– မ်က္နွာ သို့ ေျခ လက္မ်ား ရုတ္တရက္ထံုျခင္း၊အားနည္းျခင္း (မ်ားေသာအားျဖင့္ ကိုယ္တျခမ္းတည္း)

– စကားမေျပာနိုင္ေတာ့ျခင္း သို့ ေျပာသည္ကိုနားမလည္ျခင္း

– အျမင္အာရံုအားနည္းျခင္း

– မူးေ၀ျခင္း၊လမ္းမေလ်ွာက္နိုင္ျခင္း၊အာရံုစိုက္မရျခင္း

– ရုတ္တရက္ အလြန္အမင္းေခါင္းကိုက္ျခင္းေအာက္ပါလကဏမ်ားရွိပါကလဲ ဆရာ၀န္ထံ အျမန္သြားျပဖို့လိုပါတယ္။

-မူးေ၀ရာမွေအာ့အန္ျခင္း

-ဦးေခါင္းအေနာက္ျကြက္သားနာက်င္ျခင္း

-အန္ျခင္း

-မ်က္လံုးမ်ားညိဳမည္းျခင္း

-တစ္ေနရာတည္းကိုအခ်ိန္ျကာျမင့္စြာျကည့္ေနျခင္း(ရည္ရြယ္ခ်က္မရွိပဲ)

သင့္အနီးက လူတစ္ေယာက္ ေလျဖတ္ေနျပီဟု သံသယရွိပါက သင္ဘာလုပ္သင့္သနည္း

-သူ့ကို ျပံဳးခိုင္းပါ။မ်က္နွာ တစ္ျခမ္းရြဲ့မရြဲ့ကို အကဲခတ္ပါ။

-လက္နွစ္ဖက္လံုးကို အေပါ္ေျမွာက္ခိုင္းပါ။လက္တစ္ဖက္နဲ့တစ္ဖက္ညီမညီျကည့္ပါ။

-စာတစ္ေျကာင္း ကိုထပ္ခါထပ္ခါရြတ္ခိုင္းပါ။စာလံုးမ်ား ပီသမွန္ကန္မွဳ ရွိမရွိစစ္ေဆးပါ။ေလျဖတ္သည္ဟု သံသယရွိပါက ခ်က္ခ်င္းေဆးရံုပို့ရပါမည္ေလျဖတ္ျခင္းရဲ့ေနာက္ဆက္တြဲဆိုးက်ိဴးမ်ားကို ကာကြယ္ဖို့အတြက္ ပထမ၁နာရီအတြင္း ပို့နိုင္ပါက အေကာင္းဆံုးျဖစ္သည္။

Credit-Dr Jue (Daily Hot News)

——–

လေဖြတ်တော့မယ်ဆုုိတာ ကြုုိတင်သိနုုိင်တဲ့အချက်များ နှင့် ကာကွယ်နည်းများ.

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးဖြစ်သော WHOရဲ့ ကြေငြာချက်အရ သေစေတတ်သောရောဂါများအနက် လေဖြတ်ခြင်းဟာ တတိယမြောက်ဖြစ်ပါတယ်။လေဖြတ်ခြင်းကို အချိန်မီသိရှိပါက နောက်ဆက်တွဲဆိုးကျိူးတွေမဖြစ်အောင် ကာကွယ်နိုင်ပေမယ့်လဲ လူတော်တော်များများက အချိန်မီမသိရှိနိုင်တာမို့ စောစီးစွာ ဆေးကုသမှုခံယူချိန်မရလိုက်ပါဘူး။

လေဖြတ်ခြင်းကို ဘယ်လိုသိနိုင်မှာလဲ?

လေဖြတ်ခြင်းကို (၁)ဦးနှောက်သွေးကြောပေါက်ခြင်း (၂)ဦးနှောက်သွေးကြောပိတ်ခြင်းဆိုပြီး ဆေးပညာအရ၂မျိူခွဲထားပါတယ်။

စစ်တမ်းများအရ လေဖြတ်ခြင်းရဲ့၈ဝရာနှုန်းက ဦးနှောက်သွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။သွေးကြောပိတ်ဆို့ခြင်းကြောင့်လေဖြတ်ခြင်းဟာအဖြစ်များသလောက် အစပိုင်းတွင်ရောဂါ လက္ခဏာမပြသတာကြောင့် သိရှိဖို့လဲ ခဲယဉ်းပါတယ်။

ဦနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သောလေဖြတ်ရခြင်းရဲ့ အကြောင်းရင်းမှာ ဦးနှောက်ဆီသို့ သွေးစီးဆင်းသောသွေးကြောတစ်နေရာတွင် သွေးခဲဖြင့်ပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။

ထိုအခါပိတ်ဆို့သွားသောသွေးကြောနေရာရှိ ဦးနှောက်တစ်ရှူးမှာ တဖြည်းဖြည်းဖောင်းလာပြီး ဦးခေါင်းခွံအတွင်းတွင် ပိုမိုနေရာယူလာရာမှ ဦးနှောက်အတွင်းသားဖိအားမြင့်တက်လာပါတယ်။

ထိုအခါ အလွန်ခေါင်းကိုက်ခြင်းဖြစ်ပေါ်လာပါတယ်။ ထို့နောက်မှာတော့ဦးနောက်တစ်ခုလုံးမှာဖိအားကိုခံစားလာရပါတယ်။ လေဖြတ်စဉ်မှာ ထိုလူရဲ့ ခြေ လက်များ လှူပ်မရနိုင်သလို သူ့ရဲ့စကားပြောအာရုံနဲ့ အကြားအာရုံတွေပါအလုပ်မလုပ်နိုင်တော့ပါဘူး။တစ်ချိူ့သောလေဖြတ်ခြင်းတွေမှာဆို လူနာအနေနဲ့ ထင်ယောင်ထငိမှားတွေပါဖြစ်လာတတ်ပါတယ်။

အချိူ့သော လေဖြတ်ခြင်းအနုစားတွေမှာ လွန်ခဲ့သော ၁ဝနှစ်ခန့် သို့မဟုတ် မနေ့က အဖြစ်အပျက်များကိုပါ မေ့သွားတတ်ပါတယ်။ ပိုဆိုးလာပါက လူတစ်ကိုယ်လုံး လှုပ်ရှားလို့မရတော့ပါ၊

ဦးနှောက်သွေးကြောပိတ် လေဖြတ်ခြင်းရဲ့ လက္ခဏာများ

– မျက်နှာ သို့ ခြေ လက်များ ရုတ်တရက်ထုံခြင်း၊အားနည်းခြင်း (များသောအားဖြင့် ကိုယ်တခြမ်းတည်း)

– စကားမပြောနိုင်တော့ခြင်း သို့ ပြောသည်ကိုနားမလည်ခြင်း

– အမြင်အာရုံအားနည်းခြင်း

– မူးဝေခြင်း၊လမ်းမလျှောက်နိုင်ခြင်း၊အာရုံစိုက်မရခြင်း

– ရုတ်တရက် အလွန်အမင်းခေါင်းကိုက်ခြင်းအောက်ပါလကဏများရှိပါကလဲ ဆရာဝန်ထံ အမြန်သွားပြဖို့လိုပါတယ်။

-မူးဝေရာမှအော့အန်ခြင်း

-ဦးခေါင်းအနောက်ကြွက်သားနာကျင်ခြင်း

-အန်ခြင်း

-မျက်လုံးများညိုမည်းခြင်း

-တစ်နေရာတည်းကိုအချိန်ကြာမြင့်စွာကြည့်နေခြင်း(ရည်ရွယ်ချက်မရှိပဲ)

သင့်အနီးက လူတစ်ယောက် လေဖြတ်နေပြီဟု သံသယရှိပါက သင်ဘာလုပ်သင့်သနည်း

-သူ့ကို ပြုံးခိုင်းပါ။မျက်နှာ တစ်ခြမ်းရွဲ့မရွဲ့ကို အကဲခတ်ပါ။

-လက်နှစ်ဖက်လုံးကို အပေါ်မြှောက်ခိုင်းပါ။လက်တစ်ဖက်နဲ့တစ်ဖက်ညီမညီကြည့်ပါ။

-စာတစ်ကြောင်း ကိုထပ်ခါထပ်ခါရွတ်ခိုင်းပါ။စာလုံးများ ပီသမှန်ကန်မှု ရှိမရှိစစ်ဆေးပါ။လေဖြတ်သည်ဟု သံသယရှိပါက ချက်ချင်းဆေးရုံပို့ရပါမည်လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိူးများကို ကာကွယ်ဖို့အတွက် ပထမ၁နာရီအတွင်း ပို့နိုင်ပါက အကောင်းဆုံးဖြစ်သည်။

Credit-Dr Jue (Daily Hot News)