တစ္ပူေပၚ အပူေပါင္းမ်ားစြာထပ္ဆင့္သြားတဲ့ ေျမာက္ဒဂုံကဘဏ္ကို ဓါးျပတိုက္မႈ

တစ္ပူေပၚ အပူေပါင္းမ်ားစြာထပ္ဆင့္သြားတဲ့ ေျမာက္ဒဂုံကဘဏ္ကို ဓါးျပတိုက္မႈ

အေႂကြးဆပ္လို၍ ေျမာက္ဒဂုံကဘဏ္ကို ဓါးျပတိုက္ခဲ့ရတဲ့ အျဖစ္

၂၀၂၀ ေဖဖဝါရီလ ၁၃ ရက္

ရန္ကုန္တိုင္းေဒသႀကီး ဒဂုံေျမာက္ပိုင္းၿမိဳ့နယ္ (၃၅) ရပ္ကြက္ ေငြပုလဲလမ္းႏွင့္ ေလာပိတလမ္းေထာင့္ ပင္လုံလမ္းႏွင့္ အဏၰဝါလမ္းေထာင့္က CB Bank ကိုၿပီးခဲ့တဲ့ ေဖဖဝါရီလ (၇) ရက္ေန႔မနက္ပိုင္း ပုံမွန္ဘဏ္ဖြင့္ၿပီးမၾကာခင္မွာဘဲ လူစိမ္းတစ္ဦးေရာက္လာၿပီး ဘဏ္ဝန္ထမ္းေတြကို ေသနတ္ျပၿခိမ္းေျခာက္ကာ ဗုံးလို့ယူဆရတဲ့အရာဝတၱဳ ( ၂ ) ခု ကိုလည္းေကာင္တာေပၚတင္ကာ ခပ္တည္တည္ဘဲ

ေငြစကၠဴ ၁၀၀၀၀/ိတန္ ေငြထုပ္ ၆ ထုပ္ ( သိန္းေပါင္း ၆၀၀ ) ကိုလုယူသြားတဲ့လုပ္ရပ္က ႐ုပ္ရွင္ဆန္တယ္လို့ဘဲေျပာရမလား ? ပညာဆန္တယ္လို့ဘဲေျပာရမလား ?

ထိုင္းကျဖစ္စဥ္ေတြကို အတုယူၿပီးလက္ရဲဇက္ရဲ လုပ္ေလသလား ဆိုၿပီးေတြးမိပါတယ္..ဘဏ္ထဲဝင္ၿပီးဓါးျမတိုက္ရဲတဲ့ သတၱိကေတာ္ယုံသတၱိမဟုတ္သလို ေတာ္ယုံအခက္အခဲမဟုတ္လို့ ဒီလိုလုပ္ရဲတာလိ့ုဆိုနိုင္ပါတယ္..

႐ုတ္တရက္ဆိုေတာ့ဘဏ္ဝန္ထမ္းေတြခင္ျမာေၾကာက္လန႔္ၾကမွာဘဲေလ ၊ ဒီေနရာမွာအေတြ႕အၾကဳံရင့္က်က္တဲ့ လုံျခဳံေရးဝန္ထမ္း ( သို့ ) လက္နက္ကိုင္တပ္ဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ဗုံးအတုလား ? အစစ္လား ? ၊ လက္နက္အတုလား ? အစစ္လား ? ခြဲျခားသိနိုင္လၽွင္ေတာ့ ဆုံျဖတ္ကတစ္မ်ိဳးျဖစ္သြားနိုင္ပါတယ္..ထိုင္းက ဘဏ္လုံျခဳံေရးဝန္ထမ္းေတြလို လက္နက္ကိုင္ေဆာင္ခြင့္နဲ႔ ပစ္ခြင့္ေပးထားရင္ေတာ့ သူပစ္ကိုယ္ပစ္ေပါ့..ဗ်ာ

 

အခက္အခဲဆိုတာလူတိုင္းမွာရွိၾကပါတယ္. ၊ေႂကြးၿမီဆိုတာလည္း လူတန္းစားအလႊာအသီးသီးမွာရွိၾကပါတယ္ ၊ တစ္ခ်ိဳ့သူေဌးႀကီးေတြ လုပ္ငန္းရွင္ႀကီးေတြဆိုရင္ လူေတြမသိျမင္နိုင္တဲ့ေနာက္ကြယ္အေႂကြးေတြဟာ ေဒၚလာသန္းနဲ႔ခ်ီၿပီးရွိၾကပါတယ္.ဘဏ္ေတြကေနေခ်းၿပီးသုံးစြဲေနၾကတဲ့ ဟန္မပ်က္သူေဌးႀကီးေတြလဲ ရွိၾကပါတယ္..

အခင္းျဖစ္ၿပီး ၅ ရက္အၾကာမွာ ေဖဖဝါရီလ ၁၁ ရက္ေန႔ ညေန ၁၈:၀၀ ခ်ိန္မွာေတာ့ တရားခံစိုးေက်ာ္ေက်ာ္ ( ၄၇ ) ႏွစ္ ( ဘ ) ဦးလွေအာင္ ေနထိုင္တဲ့ အမွတ္ ၂၂ ၊ အင္ၾကင္းၿမိဳင္လမ္း ( ၃၃ ) ရပ္ကြက္ ( အေပၚဆုံးထပ္ ) မွာဘဲ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က သူစီးနင္းလာတဲ့ 5K-2831 YGN Probox ကားအျဖဴေရာင္နဲ႔အတူဖမ္းဆီးရမိခဲ့ၿပီး ၎ေနအိမ္ထဲကေနအျခားသက္ေသခံပစၥည္းမ်ားကိုသိမ္းဆည္းရမိခဲ့ၾကပါတယ္ ။

 

အဓိကသဲလြန္စကေတာ့ (,?????????? ) အမည္ရွိ Money Exchange တစ္ခုမွာ ေငြစကၠဴ ၁၀၀၀၀ တန္မ်ားနဲ႔ US$ အေမရိကန္ ေဒၚလာ ၇၀၀၀ $ ကိုသြားၿပီး လဲလွယ္ခဲ့ရာကေန သတင္းအရ တာဝန္ရွိမွုခင္းရဲတပ္ဖြဲ႕ေတြက ေျခရာခံရရွိခဲ့ျခင္းဘဲ ျဖစ္ပါတယ္..

ျပစ္မွုက်ဴးလြန္ခဲ့စဥ္က အသုံးျပဳခဲ့တဲ့ ယာဥ္နံပါတ္ျပားအတု CC-9965 AYY အနီကို ေျမာက္ဒဂုံ ၂၇ ရပ္ကြက္ ဘုရင့္ေနာင္လမ္းမေဘး Mega ေဆးကုမၸဏီေဘးၿခံကြက္တြင္ တရားခံမွသိမ္းဆည္းထားသလို အလားတူ ေနာက္ထပ္သူအသုံးျပဳခဲ့တဲ့ေဘာေစ့ႏွင့္ပစ္ခတ္ရတဲ့ပစၥတိုေသနတ္ကို ၄၄ ရပ္ကြက္ ၊ ဗိုလ္စိန္မွန္လမ္း အမက ( ၉ ) ေက်ာင္းေရွ႕ ေရေျမာင္းအတြင္းမွာဖြက္ထားတာကို လိုက္လံျပသခဲ့ျခင္းေၾကာင့္ သိမ္းဆီးရမိခဲ့ပါတယ္ ။

​ေနအိမ္တြင္ေနာက္ထပ္ ဗုံးအတုအသုံးျပဳလုပ္ရာတြင္ အသုံးျပဳခဲ့သည့္ ေကာ္ပိုက္မ်ား ၊ တိပ္ေခြမ်ား ၊ သံျဖတ္လႊပါအပါ သိန္း ၆၀၀ အနက္မွ က်ပ္ေငြသိန္းေပါင္း ( ၃၇၀ ) က်ပ္ ၊ အေမရိကန္ေဒၚလာ ( ၇၀၀ ) ႏွင့္အတူလုယက္က်ဴးလြန္ရာတြင္ အသုံးျပဳခဲ့ေသာ Probox အျဖဴေရာင္ 5K- 2831 အျဖဴေရာင္ယာဥ္ကိုလည္း သိမ္းဆည္းရမိ ခဲ့ပါတယ္ ။

 

တရားခံဟာ အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္ လက္ေအာက္ခံအမွတ္ (၄၁၄) ဆက္သြယ္ေရးတပ္ရင္း ၊ ပုသိမ္ၿမိဳ့ မွ စစ္မွုထမ္းေဟာင္းတစ္ဦးျဖစ္ၿပီး ေျမာက္ဒဂုံၿမိဳ့နယ္ အမွတ္ ( ၃၃) ရပ္ကြက္မွာေနထိုင္ၿပီး Red Dot ကိုယ္စားလွယ္တစ္ဦးျဖစ္တယ္လို႔ သိရပါတယ္ ၊

5K-2831 ( Black ) Probox ကားအျဖဴေရာင္ကိုတစ္လ (၇) သိန္းနဲ႔ ဦး??????? ထံမွငွားရမ္းထားတယ္ၿပီး အေႂကြး ၁၂၂ သိန္းရွိတာေၾကာင့္ ယခုလိုထြက္ေပါက္ရွာခဲ့ျခင္းျဖစ္ေပမယ့္ မိသားစုတစ္စုရဲ့အိမ္ေထာင္ဦးစီးဟာ ယခုလို ရာဇဝတ္မွုနဲ႔မကင္းတဲ့ ျပစ္မွုအႀကီးႀကီးနဲ႔ေျဖရွင္းတာေတာ့ အရမ္းမွားပါတယ္ ။

 

အေႂကြးစာရင္းမ်ားမွာ

(၁) ” ????? ” ဝပ္ေရွာ့ကိုအေႂကြးဆပ္ ၂၀ သိန္း

(၂) ” ????? ” အေႂကြးဆပ္ ၅၀ သိန္း

(၃) ယာဥ္ပိုင္ရွင္???အားယာဥ္ငွားခ ၇ သိန္း

(၄) ယာဥ္ျပင္ဆင္ခ ၃ သိန္း

(၅) ???? ဘဏ္သြင္းေငြ ၅ သိန္း

(၆) ????? ကုမၸဏီ Internet သြင္းေငြ ၃၇ သိန္း

စုစုေပါင္း သိန္းေပါင္း (၁၂၂ ) သိန္းျဖစ္ ။

ဒီေငြေတြကိုလည္းသက္ဆိုင္ရာက သက္ေသခံအျဖစ္ လိုက္လံသိမ္းဆည္းသြားမွာျဖစ္တဲ့အတြက္ တစ္ပူေပၚ အပူေပါင္းမ်ားစြာထပ္ဆင့္သြားပါတယ္..ေနာက္ဆုံးေတာ့ တရားဥပေဒအရ ဒဂုံၿမိဳ့နယ္ရဲစခန္းကေန ပ-၃၂၈/ ၂၀၂၀ ရာဇသတ္ႀကီး ပုဒ္မ-၃၉၂ နဲ႔အမွုဖြင့္အေရးယူထားလိုက္ပါၿပီ…

 

ၾကားထဲကမဆိုင္တဲ့သူေတြ ၊ ယာဥ္နံပါတ္အတုတပ္ဆင္းထားလို့ ယာဥ္ပိုင္ရွင္အစစ္က ေနရင္းထိုင္ရင္း ေခၚယူစစ္ေဆးခံလိုက္ရပါတယ္ ၊ ဘဏ္ေတြအေနနဲ႔လည္း Security ေတြျမႇင့္နိုင္ဘို့ Push Alarm System / Fire Alarm System ေတြအေကာင္းဆုံး ရွိရပါေတာ့မယ္..အျခားနိုင္ငံမွာေတာ့ ဘဏ္လုံျခဳံေရးဝန္ထမ္းေတြအေနနဲ႔ ဘဏ္ဧရိယာအတြင္း ပစၥတိုေသနတ္ကိုင္ေဆာင္ခြင့္ေပးထားသလို

ယခုလိုျဖစ္စဥ္မ်ိဳးနဲ႔ရင္ဆိုင္ၾကဳံေတြ႕လာပါက ပစ္ခတ္ဟန႔္တား ဖမ္းဆီးနိုင္ခြင့္ရွိသလို မေတာ္တဆ ေခ်ာ္ကာနဖူးမွန္ၿပီးေသသြားလည္း အျပစ္မရွိဘူးလို့ေလ့လာသိရွိရပါတယ္..ဘဏ္ျပင္ပကိုေတာ့ ေသနတ္ယူေဆာင္ခြင့္မရွိၾကပါဘူး..

ဘာဘဲေျပာေျပာပါဗ်ာဘဏ္ဓါးျပတိုက္မွုႀကီးကို ၅ ရက္အတြင္းအျမန္ဆုံး ေဖာ္ထုတ္ ဖမ္းဆီးေပးနိုင္ၾကတဲ့ျမန္မာနိုင္ငံရဲတပ္ဖြဲ႕မွ တာဝန္ရွိသူအသီးသီးနဲ႔ တာဝန္သိျပည္သူမ်ားကိုေလးစားဂုဏ္ယူမိပါေၾကာင္း…

စည္သူေမာင္

Photo Crd

Unicode

တစ်ပူပေါ် အပူပေါင်းများစွာထပ်ဆင့်သွားတဲ့ မြောက်ဒဂုံကဘဏ်ကို ဓါးပြတိုက်မှု

အကြွေးဆပ်လို၍ မြောက်ဒဂုံကဘဏ်ကို ဓါးပြတိုက်ခဲ့ရတဲ့ အဖြစ်

၂၀၂၀ ဖေဖဝါရီလ ၁၃ ရက်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြောက်ပိုင်းမြို့နယ် (၃၅) ရပ်ကွက် ငွေပုလဲလမ်းနှင့် လောပိတလမ်းထောင့် ပင်လုံလမ်းနှင့် အဏ္ဏဝါလမ်းထောင့်က CB Bank ကိုပြီးခဲ့တဲ့ ဖေဖဝါရီလ (၇) ရက်နေ့မနက်ပိုင်း ပုံမှန်ဘဏ်ဖွင့်ပြီးမကြာခင်မှာဘဲ လူစိမ်းတစ်ဦးရောက်လာပြီး ဘဏ်ဝန်ထမ်းတွေကို သေနတ်ပြခြိမ်းခြောက်ကာ ဗုံးလို့ယူဆရတဲ့အရာဝတ္တု ( ၂ ) ခု ကိုလည်းကောင်တာပေါ်တင်ကာ ခပ်တည်တည်ဘဲ

ငွေစက္ကူ ၁၀၀၀၀/ိတန် ငွေထုပ် ၆ ထုပ် ( သိန်းပေါင်း ၆၀၀ ) ကိုလုယူသွားတဲ့လုပ်ရပ်က ရုပ်ရှင်ဆန်တယ်လို့ဘဲပြောရမလား ? ပညာဆန်တယ်လို့ဘဲပြောရမလား ?

ထိုင်းကဖြစ်စဉ်တွေကို အတုယူပြီးလက်ရဲဇက်ရဲ လုပ်လေသလား ဆိုပြီးတွေးမိပါတယ်..ဘဏ်ထဲဝင်ပြီးဓါးမြတိုက်ရဲတဲ့ သတ္တိကတော်ယုံသတ္တိမဟုတ်သလို တော်ယုံအခက်အခဲမဟုတ်လို့ ဒီလိုလုပ်ရဲတာလို့ဆိုနိုင်ပါတယ်..

ရုတ်တရက်ဆိုတော့ဘဏ်ဝန်ထမ်းတွေခင်မြာကြောက်လန့်ကြမှာဘဲလေ ၊ ဒီနေရာမှာအတွေ့အကြုံရင့်ကျက်တဲ့ လုံခြုံရေးဝန်ထမ်း ( သို့ ) လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ခဲ့မယ်ဆိုရင်တော့ ဗုံးအတုလား ? အစစ်လား ? ၊ လက်နက်အတုလား ? အစစ်လား ? ခွဲခြားသိနိုင်လျှင်တော့ ဆုံဖြတ်ကတစ်မျိုးဖြစ်သွားနိုင်ပါတယ်..ထိုင်းက ဘဏ်လုံခြုံရေးဝန်ထမ်းတွေလို လက်နက်ကိုင်ဆောင်ခွင့်နဲ့ ပစ်ခွင့်ပေးထားရင်တော့ သူပစ်ကိုယ်ပစ်ပေါ့..ဗျာ

အခက်အခဲဆိုတာလူတိုင်းမှာရှိကြပါတယ်. ၊ကြွေးမြီဆိုတာလည်း လူတန်းစားအလွှာအသီးသီးမှာရှိကြပါတယ် ၊ တစ်ချို့သူဌေးကြီးတွေ လုပ်ငန်းရှင်ကြီးတွေဆိုရင် လူတွေမသိမြင်နိုင်တဲ့နောက်ကွယ်အကြွေးတွေဟာ ဒေါ်လာသန်းနဲ့ချီပြီးရှိကြပါတယ်.ဘဏ်တွေကနေချေးပြီးသုံးစွဲနေကြတဲ့ ဟန်မပျက်သူဌေးကြီးတွေလဲ ရှိကြပါတယ်..

အခင်းဖြစ်ပြီး ၅ ရက်အကြာမှာ ဖေဖဝါရီလ ၁၁ ရက်နေ့ ညနေ ၁၈:၀၀ ချိန်မှာတော့ တရားခံစိုးကျော်ကျော် ( ၄၇ ) နှစ် ( ဘ ) ဦးလှအောင် နေထိုင်တဲ့ အမှတ် ၂၂ ၊ အင်ကြင်းမြိုင်လမ်း ( ၃၃ ) ရပ်ကွက် ( အပေါ်ဆုံးထပ် ) မှာဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သူစီးနင်းလာတဲ့ 5K-2831 YGN Probox ကားအဖြူရောင်နဲ့အတူဖမ်းဆီးရမိခဲ့ပြီး ၎င်းနေအိမ်ထဲကနေအခြားသက်သေခံပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ကြပါတယ် ။

အဓိကသဲလွန်စကတော့ (,?????????? ) အမည်ရှိ Money Exchange တစ်ခုမှာ ငွေစက္ကူ ၁၀၀၀၀ တန်များနဲ့ US$ အမေရိကန် ဒေါ်လာ ၇၀၀၀ $ ကိုသွားပြီး လဲလှယ်ခဲ့ရာကနေ သတင်းအရ တာဝန်ရှိမှုခင်းရဲတပ်ဖွဲ့တွေက ခြေရာခံရရှိခဲ့ခြင်းဘဲ ဖြစ်ပါတယ်..

ပြစ်မှုကျူးလွန်ခဲ့စဉ်က အသုံးပြုခဲ့တဲ့ ယာဉ်နံပါတ်ပြားအတု CC-9965 AYY အနီကို မြောက်ဒဂုံ ၂၇ ရပ်ကွက် ဘုရင့်နောင်လမ်းမဘေး Mega ဆေးကုမ္ပဏီဘေးခြံကွက်တွင် တရားခံမှသိမ်းဆည်းထားသလို အလားတူ နောက်ထပ်သူအသုံးပြုခဲ့တဲ့ဘောစေ့နှင့်ပစ်ခတ်ရတဲ့ပစ္စတိုသေနတ်ကို ၄၄ ရပ်ကွက် ၊ ဗိုလ်စိန်မှန်လမ်း အမက ( ၉ ) ကျောင်းရှေ့ ရေမြောင်းအတွင်းမှာဖွက်ထားတာကို လိုက်လံပြသခဲ့ခြင်းကြောင့် သိမ်းဆီးရမိခဲ့ပါတယ် ။

​နေအိမ်တွင်နောက်ထပ် ဗုံးအတုအသုံးပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် ကော်ပိုက်များ ၊ တိပ်ခွေများ ၊ သံဖြတ်လွှပါအပါ သိန်း ၆၀၀ အနက်မှ ကျပ်ငွေသိန်းပေါင်း ( ၃၇၀ ) ကျပ် ၊ အမေရိကန်ဒေါ်လာ ( ၇၀၀ ) နှင့်အတူလုယက်ကျူးလွန်ရာတွင် အသုံးပြုခဲ့သော Probox အဖြူရောင် 5K- 2831 အဖြူရောင်ယာဉ်ကိုလည်း သိမ်းဆည်းရမိ ခဲ့ပါတယ် ။

တရားခံဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံအမှတ် (၄၁၄) ဆက်သွယ်ရေးတပ်ရင်း ၊ ပုသိမ်မြို့ မှ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး မြောက်ဒဂုံမြို့နယ် အမှတ် ( ၃၃) ရပ်ကွက်မှာနေထိုင်ပြီး Red Dot ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ် ၊

5K-2831 ( Black ) Probox ကားအဖြူရောင်ကိုတစ်လ (၇) သိန်းနဲ့ ဦး??????? ထံမှငှားရမ်းထားတယ်ပြီး အကြွေး ၁၂၂ သိန်းရှိတာကြောင့် ယခုလိုထွက်ပေါက်ရှာခဲ့ခြင်းဖြစ်ပေမယ့် မိသားစုတစ်စုရဲ့အိမ်ထောင်ဦးစီးဟာ ယခုလို ရာဇဝတ်မှုနဲ့မကင်းတဲ့ ပြစ်မှုအကြီးကြီးနဲ့ဖြေရှင်းတာတော့ အရမ်းမှားပါတယ် ။

အကြွေးစာရင်းများမှာ

(၁) ” ????? ” ဝပ်ရှော့ကိုအကြွေးဆပ် ၂၀ သိန်း

(၂) ” ????? ” အကြွေးဆပ် ၅၀ သိန်း

(၃) ယာဉ်ပိုင်ရှင်???အားယာဉ်ငှားခ ၇ သိန်း

(၄) ယာဉ်ပြင်ဆင်ခ ၃ သိန်း

(၅) ???? ဘဏ်သွင်းငွေ ၅ သိန်း

(၆) ????? ကုမ္ပဏီ Internet သွင်းငွေ ၃၇ သိန်း

စုစုပေါင်း သိန်းပေါင်း (၁၂၂ ) သိန်းဖြစ် ။

ဒီငွေတွေကိုလည်းသက်ဆိုင်ရာက သက်သေခံအဖြစ် လိုက်လံသိမ်းဆည်းသွားမှာဖြစ်တဲ့အတွက် တစ်ပူပေါ် အပူပေါင်းများစွာထပ်ဆင့်သွားပါတယ်..နောက်ဆုံးတော့ တရားဥပဒေအရ ဒဂုံမြို့နယ်ရဲစခန်းကနေ ပ-၃၂၈/ ၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ-၃၉၂ နဲ့အမှုဖွင့်အရေးယူထားလိုက်ပါပြီ…

ကြားထဲကမဆိုင်တဲ့သူတွေ ၊ ယာဉ်နံပါတ်အတုတပ်ဆင်းထားလို့ ယာဉ်ပိုင်ရှင်အစစ်က နေရင်းထိုင်ရင်း ခေါ်ယူစစ်ဆေးခံလိုက်ရပါတယ် ၊ ဘဏ်တွေအနေနဲ့လည်း Security တွေမြှင့်နိုင်ဘို့ Push Alarm System / Fire Alarm System တွေအကောင်းဆုံး ရှိရပါတော့မယ်..အခြားနိုင်ငံမှာတော့ ဘဏ်လုံခြုံရေးဝန်ထမ်းတွေအနေနဲ့ ဘဏ်ဧရိယာအတွင်း ပစ္စတိုသေနတ်ကိုင်ဆောင်ခွင့်ပေးထားသလို

ယခုလိုဖြစ်စဉ်မျိုးနဲ့ရင်ဆိုင်ကြုံတွေ့လာပါက ပစ်ခတ်ဟန့်တား ဖမ်းဆီးနိုင်ခွင့်ရှိသလို မတော်တဆ ချော်ကာနဖူးမှန်ပြီးသေသွားလည်း အပြစ်မရှိဘူးလို့လေ့လာသိရှိရပါတယ်..ဘဏ်ပြင်ပကိုတော့ သေနတ်ယူဆောင်ခွင့်မရှိကြပါဘူး..

ဘာဘဲပြောပြောပါဗျာဘဏ်ဓါးပြတိုက်မှုကြီးကို ၅ ရက်အတွင်းအမြန်ဆုံး ဖော်ထုတ် ဖမ်းဆီးပေးနိုင်ကြတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူအသီးသီးနဲ့ တာဝန်သိပြည်သူများကိုလေးစားဂုဏ်ယူမိပါကြောင်း…

စည်သူမောင်

Photo Crd

Be the first to comment

Leave a Reply

Your email address will not be published.


*