လူျဖစ္ရႈံးၾကသူမ်ား ဘယ္လိုလူေတြက လူျဖစ္ရႈံးလဲဆိုတာ ဖက္ၾကည့္ရေအာင္

လူျဖစ္ရႈံးၾကသူမ်ား ဘယ္လိုလူေတြက လူျဖစ္ရႈံးလဲဆိုတာ ဖက္ၾကည့္ရေအာင္

” လူျဖစ္ရႈံးၾကသူမ်ား ”

(၁) လူတစ္ေယာက္ရဲ့ အေၾကာင္းကို ကြယ္ရာမွာ အုပ္စုလိုက္ အတင္းတုပ္ၿပီး အပုပ္ခ် အေၾကာင္းမ ရွိအေၾကာင္း ရွာ ႏွိမ့္ခ် ေျပာတတ္သူ ၊

(၂) သူတပါးပ်က္ဆီးရာပ်က္ဆီးေၾကာင္း မဟုတ္မမွန္ သတင္းလႊင့္ ၊ အတင္းအဖ်င္းေျပာတတ္သူ ၊

(၃) သူတပါးအေပၚတြင္ အျမဲ အနိုင္ယူလိုခ်င္ေနသူ ။ သူတပါးမ်က္ရည္စက္လက္ အရႈံးႀကီး ရႈံးနိမ့္မႈအေပၚတြင္ ဝမ္းသာ အားရ ေအာင္ပြဲခံနိုင္သူ ၊

(၄) ကိုယ့္လက္ေအာင္ငယ္သားအေပၚတြင္ ညႇာတာမႈမရွိပဲ အျမဲလိုလို အကာအကြယ္မေပးပဲ ကိုယ္လြတ္႐ုန္း၍ ကိုယ့္အတြက္သာ ၾကည့္တတ္သူ ၊

(၅) ေနရာတကာလူတတ္ႀကီးလုပ္၍ မိမိသာလၽွင္ ပညာေတြျပည့္ဝေနသူ မိမိသာလၽွင္ အသိဆုံးအတတ္ဆုံးဟု မာန္မာ နေထာင္လႊား၍ ေမာက္မာတတ္သူ ၊

(၆) မိဘ စည္းစိမ္အေပၚတြင္ သာယာယစ္မူးေနၿပီး ကိုယ္ကိုယ္တိုင္ ကိုယ့္အရည္အခ်င္းႏွင့္ တစ္ျပားတစ္ခ်ပ္မွ မရွာနိုင္ပဲ အထက္စီးမွ အျမဲေနခ်င္ေနသူ ၊

(၇) ကားေပၚေရာက္သည္ႏွင့္ လမ္းေလၽွာက္ေနသူမ်ား အေၾကာင္းမသိသူ ၊ ေလယဥ္ေပၚေရာက္ သည္ႏွင့္ ေၿမ ႀကီးေပၚက လူေတြအေၾကာင္းမသိသူ ၊ ခ်မ္းသာသြားသည္ႏွင့္ ဆင္းရဲျခင္းဒုကၡ မ်ားကိုေမ့ သြားၿပီးေအာက္ေၿခ လြတ္သူ …၊

(၈) ေျမနိမ့္ရာ လွံစိုက္ – ေရနစ္ရာ ဝါးကူထိုး အျမဲလုပ္တတ္သူ ၊

(၉) တစ္ခုခုဆိုလၽွင္ မွန္သည္မွားသည္မစဥ္းစားပဲ “ ငါလည္းဆြမ္းႀကီးဝင္ေလာင္းလိုက္မယ္ ” လို႔ ေတြးၿပီး လူအ မ်ားႏွင့္ေရာေႏွာလုပ္ေဆာင္တတ္သူ ၊( ျပင္ပေလာက ၊ ေဖ့ဘုတ္ ႏွင့္ ေနရာအမ်ိဳးမ်ိဳးတြင္ ထိုလူမ်ားရွိသည္)

(၁၀) ကိုယ္ကိုယ္တိုင္က မည္သည့္အရည္အခ်င္းမွ မရွိပဲ သူတပါး ေအာင္ျမင္မႈအား မုဒိတာ မပြားနိုင္သူ မနာလို မရႉစိမ့္ျဖစ္ၿပီး ေဒါသပြားေနသူ ၊

Credit to Original

Unicode

လူဖြစ်ရှုံးကြသူများ ဘယ်လိုလူတွေက လူဖြစ်ရှုံးလဲဆိုတာ ဖက်ကြည့်ရအောင်

” လူဖြစ်ရှုံးကြသူများ ”

(၁) လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ အကြောင်းမ ရှိအကြောင်း ရှာ နှိမ့်ချ ပြောတတ်သူ ၊

(၂) သူတပါးပျက်ဆီးရာပျက်ဆီးကြောင်း မဟုတ်မမှန် သတင်းလွှင့် ၊ အတင်းအဖျင်းပြောတတ်သူ ၊

(၃) သူတပါးအပေါ်တွင် အမြဲ အနိုင်ယူလိုချင်နေသူ ။ သူတပါးမျက်ရည်စက်လက် အရှုံးကြီး ရှုံးနိမ့်မှုအပေါ်တွင် ဝမ်းသာ အားရ အောင်ပွဲခံနိုင်သူ ၊

(၄) ကိုယ့်လက်အောင်ငယ်သားအပေါ်တွင် ညှာတာမှုမရှိပဲ အမြဲလိုလို အကာအကွယ်မပေးပဲ ကိုယ်လွတ်ရုန်း၍ ကိုယ့်အတွက်သာ ကြည့်တတ်သူ ၊

(၅) နေရာတကာလူတတ်ကြီးလုပ်၍ မိမိသာလျှင် ပညာတွေပြည့်ဝနေသူ မိမိသာလျှင် အသိဆုံးအတတ်ဆုံးဟု မာန်မာ နထောင်လွှား၍ မောက်မာတတ်သူ ၊

(၆) မိဘ စည်းစိမ်အပေါ်တွင် သာယာယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့် တစ်ပြားတစ်ချပ်မှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေချင်နေသူ ၊

(၇) ကားပေါ်ရောက်သည်နှင့် လမ်းလျှောက်နေသူများ အကြောင်းမသိသူ ၊ လေယဉ်ပေါ်ရောက် သည်နှင့် မြေ ကြီးပေါ်က လူတွေအကြောင်းမသိသူ ၊ ချမ်းသာသွားသည်နှင့် ဆင်းရဲခြင်းဒုက္ခ များကိုမေ့ သွားပြီးအောက်ခြေ လွတ်သူ …၊

(၈) မြေနိမ့်ရာ လှံစိုက် – ရေနစ်ရာ ဝါးကူထိုး အမြဲလုပ်တတ်သူ ၊

(၉) တစ်ခုခုဆိုလျှင် မှန်သည်မှားသည်မစဉ်းစားပဲ “ ငါလည်းဆွမ်းကြီးဝင်လောင်းလိုက်မယ် ” လို့ တွေးပြီး လူအ များနှင့်ရောနှောလုပ်ဆောင်တတ်သူ ၊( ပြင်ပလောက ၊ ဖေ့ဘုတ် နှင့် နေရာအမျိုးမျိုးတွင် ထိုလူများရှိသည်)

(၁၀) ကိုယ်ကိုယ်တိုင်က မည်သည့်အရည်အချင်းမှ မရှိပဲ သူတပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ မနာလို မရှူစိမ့်ဖြစ်ပြီး ဒေါသပွားနေသူ ၊

Credit to Original

Be the first to comment

Leave a Reply

Your email address will not be published.


*