ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သတ္ၿပီး တာဝန္ရွိသူေတြကို အျပစ္တင္ရင္း စိတ္ထိခိုက္မႈေၾကာင့္ မ်က္ရည္က်ခဲ့ရတဲ့ ခ်မ္းခ်မ္း (ရုပ္သံ)

ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သတ္ၿပီး တာဝန္ရွိသူေတြကို အျပစ္တင္ရင္း စိတ္ထိခိုက္မႈေၾကာင့္ မ်က္ရည္က်ခဲ့ရတဲ့ ခ်မ္းခ်မ္း (ရုပ္သံ)

ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္းက Victoria ေလးလို႔ အမည္ဝွက္နဲ႔ ေခၚဆိုၾကတဲ့ မိန္းကေလးငယ္ေလး လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံခဲ့ရတဲ့ကိစၥကေတာ့ဟိုးေလးတေက်ာ္ေက်ာ္နဲ႔ ျပည္သူေတြၾကား ေစာင့္ၾကည့္စရာ အမႈတစ္ခုျဖစ္ေနခဲ့တာပါ။

ဒီအမႈနဲ႔ပတ္သတ္ၿပီး အဆိုေတာ္ခ်မ္းခ်မ္းက သူ႔ ခံစားခ်က္ေတြကို ဖြင့္ဟေျပာဆိုလာခဲ့ပါတယ္။ခ်မ္းခ်မ္း “တစ္နိုင္ငံလုံးကေတာ့ ဒီအမႈဟာမတရားဘူး၊ မမၽွတဘူးဆိုတာ သိေနတဲ့ အတြက္ ဆက္လက္ ဆႏၵေတြျပေနဦးမွာပဲ။

ရွက္တတ္လာ မယ့္ အခ်ိန္ ေနာင္တရမယ့္အခ်ိန္ေတြ ေနာက္မက်ပါေစနဲ႔ လို႔ပဲ ဆုေတာင္းပါတယ္” လို႔ေျပာဆိုလာခဲ့တာပါ။သမီးေလးအေနနဲ႔ ကိုကိုလုပ္တာ ဆရာမႏွင္းႏု က ေရေဆးေပးတယ္လို႔ ေသခ်ာညႊန္ျပထားခဲ့ၿပီးျဖစ္တာေတာင္မွ တရားခံကို မေဖာ္ထုတ္နိုင္ျခင္းဟာ ရဲတပ္ဖြဲ႕အေနနဲ႔ အလြန္ရွက္စရာေကာင္းတယ္လို႔လည္း ေျပာဆိုခဲ့ပါေသးတယ္။

 

ခ်မ္းခ်မ္းကေတာ့ ဒီကိစၥနဲ႔ ပတ္သတ္ၿပီးအင္တာဗ်ဴးေျဖဆိုရာမွာ မ်က္ရည္က်ခဲ့တဲ့အထိ စိတ္ထိခိုက္ေနခဲ့တာျဖစ္ၿပိး အေတာ္ေလးဝမ္းနည္းေနဟန္လည္းတူပါတယ္။အင္တာဗ်ဳူးအျပည့္အစုံကိုေတာ့ေအာက္မွာတပါတည္းနားဆင္နိုင္ပါတယ္။

ရုပ္သံၾကည့္ရန္ ေအာက္တြင္ေဖာ္ျပေပးလိုက္ပါတယ္

Credit – 8 Days TV

Unicode

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေကို အပြစ်တင်ရင်း စိတ်ထိခိုက်မှုကြောင့် မျက်ရည်ကျခဲ့ရတဲ့ ချမ်းချမ်း (ရုပ်သံ)

နေပြည်တော် Wisdom Hill မူကြိုကျောင်းက Victoria လေးလို့ အမည်ဝှက်နဲ့ ခေါ်ဆိုကြတဲ့ မိန်းကလေးငယ်လေး လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ကိစ္စကတော့ဟိုးလေးတကျော်ကျော်နဲ့ ပြည်သူတွေကြား စောင့်ကြည့်စရာ အမှုတစ်ခုဖြစ်နေခဲ့တာပါ။

ဒီအမှုနဲ့ပတ်သတ်ပြီး အဆိုတော်ချမ်းချမ်းက သူ့ ခံစားချက်တွေကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ချမ်းချမ်း “တစ်နိုင်ငံလုံးကတော့ ဒီအမှုဟာမတရားဘူး၊ မမျှတဘူးဆိုတာ သိနေတဲ့ အတွက် ဆက်လက် ဆန္ဒတွေပြနေဦးမှာပဲ။

 

ရှက်တတ်လာ မယ့် အချိန် နောင်တရမယ့်အချိန်တွေ နောက်မကျပါစေနဲ့ လို့ပဲ ဆုတောင်းပါတယ်” လို့ပြောဆိုလာခဲ့တာပါ။သမီးလေးအနေနဲ့ ကိုကိုလုပ်တာ ဆရာမနှင်းနု က ရေဆေးပေးတယ်လို့ သေချာညွှန်ပြထားခဲ့ပြီးဖြစ်တာတောင်မှ တရားခံကို မဖော်ထုတ်နိုင်ခြင်းဟာ ရဲတပ်ဖွဲ့အနေနဲ့ အလွန်ရှက်စရာကောင်းတယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

ချမ်းချမ်းကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီးအင်တာဗျူးဖြေဆိုရာမှာ မျက်ရည်ကျခဲ့တဲ့အထိ စိတ်ထိခိုက်နေခဲ့တာဖြစ်ပြိး အတော်လေးဝမ်းနည်းနေဟန်လည်းတူပါတယ်။အင်တာဗျုူးအပြည့်အစုံကိုတော့အောက်မှာတပါတည်းနားဆင်နိုင်ပါတယ်။

ရုပ်သံကြည့်ရန်

Credit – 8 Days TV

Be the first to comment

Leave a Reply

Your email address will not be published.


*