ေက်ာင္းကုန္းၿမိဳ႕နယ္၌ တရားခံဖမ္းဆီးစဥ္ ဓားျဖင့္ခုခံသျဖင့္ ရဲတပ္ဖြဲ႕က ပစ္ခတ္ဖမ္းဆီး

ေက်ာင္းကုန္းၿမိဳ႕နယ္၌ တရားခံဖမ္းဆီးစဥ္ ဓားျဖင့္ခုခံသျဖင့္ ရဲတပ္ဖြဲ႕က ပစ္ခတ္ဖမ္းဆီး

ဧရာဝတီတိုင္း၊ ေက်ာင္းကုန္းၿမိဳ႕နယ္မွာ ဇန္နဝါရီ ၁၅ ရက္က တရားခံ ဖမ္းဆီးဖို႔သြားေရာက္တဲ့ရဲတပ္ဖြဲ႕ဝင္ေတြကို ေလးခြနဲ႔ပစ္ၿပီး ဓားနဲ႔ခုတ္ခဲ့သူ တဦးကို ရဲတပ္ဖြဲ႕က ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့ရပါတယ္။

တရားခံဟာ ေက်ာင္းကုန္းၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၂၅/၂၉၄/၅၀၆ အမႈေတြနဲ႔ အလိုရွိေနတဲ့ အသက္ ၄၉ ႏွစ္အရြယ္ ေက်ာ္ျမင့္ဆိုသူျဖစ္ၿပီး အသာတၾကည္အဖမ္းမခံပဲ ျပန္လည္ခုခံစဥ္ ရဲတပ္ဖြဲ႕က ေသနတ္ကို မိုးေပၚေထာင္ကာ တခ်က္ပစ္ခတ္ခဲ့ၿပီး အေျခအေနပိုဆိုးလာတဲ့အတြက္ ေပါင္ကို ပစ္ခတ္ဖမ္းဆီးခဲ့ရတယ္လို႔ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ မႉး႐ုံးက တာဝန္ရွိသူက ေျပာပါတယ္။

တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ က ဒုရဲမႉးႀကီး ထြန္းေရႊက “တရားခံက အရင္ကလည္း လက္နက္ကိုင္ေဆာင္မႈနဲ႔ ေထာင္က်ဖူးတယ္။ ေထာင္က ျပန္လြတ္လာတာလည္း မၾကာေသးဘူး၊ ရြာထဲကလူတစ္ေယာက္ကို ဆဲဆိုၿပီး ေခါင္းကိုရိုက္တယ္ လို႔ စခန္းကိုလာအမႈဖြင့္ေတာ့ သြားဖမ္းရတာ၊

အဲ့မွာ သူကအသာတၾကည္အဖမ္းမခံဘူး၊ အရင္ သံေဘာစိလုံးကို ေလးခြထဲထည့္ပစ္တယ္၊ ၿပီးေတာ့ ရဲကိုသတ္ၿပီးမွ ေထာင္ထဲဝင္မယ္ေျပာၿပီး ဓါးနဲ႔ေျပးခုတ္တာပဲ၊ ပထမေတာ့ တပ္ဖြဲ႕ဝင္ေတြက မိုးေပၚကို ေထာင္ပစ္တယ္၊ သူကပိုဆိုးလာ ေတာ့ အသက္အႏၲရာယ္ထိခိုက္လာနိုင္လို႔ ေပါင္ကို ၁ ခ်က္ပစ္ ဖမ္းလိုက္ရတာ”လို႔ ဒီဗြီဘီကိုေျပာပါတယ္။

ေသနတ္နဲ႔ပစ္ဖမ္းဆီးခဲ့ရတဲ့ ေက်ာ္ျမင့္ထံကေန အရိုး ၁၂ လက္မ၊ အသြား ၁၆ လက္မခန႔္ရွိ ဓါး ၁ ေခ်ာင္းနဲ႔ ၊ အရိုး ၆၄ လက္မ၊ အသြား ၁၉ လက္မရွိ အဖ်ားခၽြန္ အထစ္ပါ မွိန္း ၁ ေခ်ာင္း၊ ေလး ခြတစ္လက္အပါအဝင္ သံလုံး၊ သံခဲ၊ သံမူလီေခါင္း၊ ေလာက္စာလုံး စုစုေပါင္း ၅၆ လုံးကို ဖမ္းဆီးခဲ့ရၿပီး အမႈဖြင့္အေရးယူထားကာ ေပါင္ထုတ္ခ်င္းေပါက္ဒဏ္ရာရရွိခဲ့လို႔ ေက်ာင္းကုန္းျပည္သူ႔ ေဆး႐ုံႀကီးကို ပို႔ေဆာင္ေပးထားရပါတယ္။

 

ရဲတပ္ဖြဲ႕ဝင္ေတြကို ေလးခြနဲ႔ ပစ္ၿပီး ဓါးနဲ႔ခုတ္ခဲ့တဲ့ ေက်ာ္ျမင့္ကို ေက်ာင္းကုန္းၿမိဳ႕မရဲ စခန္း မွာ လက္နက္ဥပေဒပုဒ္မ ၁၉ (င) နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ တိုင္းရဲတပ္ဖြဲ႕ ကေန သိရပါတယ္။

ေက်ာ္ျမင့္ဆိုဟာ ၂၀၁၆ ခုႏွစ္ကလည္း ေက်ာင္းကုန္းၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၄၃၆ အမႈနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကသြားေရာက္ဖမ္းဆီးစဥ္ကလည္း သံဂ်င္ကလိ၊ ေလးခြတို႔နဲ႔ ျပန္လည္တိုက္ခိုက္ခုခံခဲ့တာေၾကာင့္ လက္နက္ဥပေဒ ပုဒ္မ ၁၉ (င)အမႈနဲ႔ တရားစြဲဆို ေထာင္ဒဏ္ က်ခံခဲ့ရ ဖူးပါတယ္။

၂၀၁၉ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ ေထာင္ကေန လြတ္ေျမာက္လာသူျဖစ္ၿပီး ေက်းရြာအတြင္းေကာင္မြန္စြာမေနထိုင္ပဲ ရြာသားတဦးကို ဆဲဆိုၿပီး ေခါင္းကို သစ္သားတုတ္နဲ႔ ၃ ခ်က္ရိုက္ခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕က သြားေရာက္ဖမ္းဆီးစဥ္ အဆိုပါ ျဖစ္စဥ္ ထပ္မံျဖစ္ပြားခဲ့တာပါ။

သတင္း- မင္းထက္မုန္း (ပုသိမ္) DVB TV News

Unicode

ကျောင်းကုန်းမြို့နယ်၌ တရားခံဖမ်းဆီးစဉ် ဓားဖြင့်ခုခံသဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက်က တရားခံ ဖမ်းဆီးဖို့သွားရောက်တဲ့ရဲတပ်ဖွဲ့ဝင်တွေကို လေးခွနဲ့ပစ်ပြီး ဓားနဲ့ခုတ်ခဲ့သူ တဦးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။

တရားခံဟာ ကျောင်းကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄/၅၀၆ အမှုတွေနဲ့ အလိုရှိနေတဲ့ အသက် ၄၉ နှစ်အရွယ် ကျော်မြင့်ဆိုသူဖြစ်ပြီး အသာတကြည်အဖမ်းမခံပဲ ပြန်လည်ခုခံစဉ် ရဲတပ်ဖွဲ့က သေနတ်ကို မိုးပေါ်ထောင်ကာ တချက်ပစ်ခတ်ခဲ့ပြီး အခြေအနေပိုဆိုးလာတဲ့အတွက် ပေါင်ကို ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးက တာဝန်ရှိသူက ပြောပါတယ်။

တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ဒုရဲမှူးကြီး ထွန်းရွှေက “တရားခံက အရင်ကလည်း လက်နက်ကိုင်ဆောင်မှုနဲ့ ထောင်ကျဖူးတယ်။ ထောင်က ပြန်လွတ်လာတာလည်း မကြာသေးဘူး၊ ရွာထဲကလူတစ်ယောက်ကို ဆဲဆိုပြီး ခေါင်းကိုရိုက်တယ် လို့ စခန်းကိုလာအမှုဖွင့်တော့ သွားဖမ်းရတာ၊

အဲ့မှာ သူကအသာတကြည်အဖမ်းမခံဘူး၊ အရင် သံဘောစိလုံးကို လေးခွထဲထည့်ပစ်တယ်၊ ပြီးတော့ ရဲကိုသတ်ပြီးမှ ထောင်ထဲဝင်မယ်ပြောပြီး ဓါးနဲ့ပြေးခုတ်တာပဲ၊ ပထမတော့ တပ်ဖွဲ့ဝင်တွေက မိုးပေါ်ကို ထောင်ပစ်တယ်၊ သူကပိုဆိုးလာ တော့ အသက်အန္တရာယ်ထိခိုက်လာနိုင်လို့ ပေါင်ကို ၁ ချက်ပစ် ဖမ်းလိုက်ရတာ”လို့ ဒီဗွီဘီကိုပြောပါတယ်။

သေနတ်နဲ့ပစ်ဖမ်းဆီးခဲ့ရတဲ့ ကျော်မြင့်ထံကနေ အရိုး ၁၂ လက်မ၊ အသွား ၁၆ လက်မခန့်ရှိ ဓါး ၁ ချောင်းနဲ့ ၊ အရိုး ၆၄ လက်မ၊ အသွား ၁၉ လက်မရှိ အဖျားချွန် အထစ်ပါ မှိန်း ၁ ချောင်း၊ လေး ခွတစ်လက်အပါအဝင် သံလုံး၊ သံခဲ၊ သံမူလီခေါင်း၊ လောက်စာလုံး စုစုပေါင်း ၅၆ လုံးကို ဖမ်းဆီးခဲ့ရပြီး အမှုဖွင့်အရေးယူထားကာ ပေါင်ထုတ်ချင်းပေါက်ဒဏ်ရာရရှိခဲ့လို့ ကျောင်းကုန်းပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးထားရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို လေးခွနဲ့ ပစ်ပြီး ဓါးနဲ့ခုတ်ခဲ့တဲ့ ကျော်မြင့်ကို ကျောင်းကုန်းမြို့မရဲ စခန်း မှာ လက်နက်ဥပဒေပုဒ်မ ၁၉ (င) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ ကနေ သိရပါတယ်။

ကျော်မြင့်ဆိုဟာ ၂၀၁၆ ခုနှစ်ကလည်း ကျောင်းကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၃၆ အမှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေကသွားရောက်ဖမ်းဆီးစဉ်ကလည်း သံဂျင်ကလိ၊ လေးခွတို့နဲ့ ပြန်လည်တိုက်ခိုက်ခုခံခဲ့တာကြောင့် လက်နက်ဥပဒေ ပုဒ်မ ၁၉ (င)အမှုနဲ့ တရားစွဲဆို ထောင်ဒဏ် ကျခံခဲ့ရ ဖူးပါတယ်။

၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထောင်ကနေ လွတ်မြောက်လာသူဖြစ်ပြီး ကျေးရွာအတွင်းကောင်မွန်စွာမနေထိုင်ပဲ ရွာသားတဦးကို ဆဲဆိုပြီး ခေါင်းကို သစ်သားတုတ်နဲ့ ၃ ချက်ရိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးစဉ် အဆိုပါ ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့တာပါ။

သတင်း- မင်းထက်မုန်း (ပုသိမ်) DVB TV News

Be the first to comment

Leave a Reply

Your email address will not be published.


*