




 




Unicode

သရုပ်ဆောင် နေးဒွေး က ရက်စက်စွာ ရိုက်နှက်ခဲ့မှုတွေကို ဖွင့်ချလိုက်တဲ့ ရည်းစားဟောင်းဖြစ်သူ သံစဉ်မောင်

မြန်မာ့ရုပ်ရှင်လောကရဲ့ ရှေ့ဆောင်မင်းသားတစ်ဦးဖြစ်တဲံ သရုပ်ဆောင် နေဒွေးကတော့ ပရိသတ်တွေ အားပေးနှစ်သက်ကြတဲ့ အနုပညာသည်တစ်ဦးလည်းဖြစ်ပါတယ်။မကြာသေးခင်က သရုပ်ဆောင် မင်းခန့်ကျော် နဲ့ ငွေကြေးပြဿနာတက်ခဲ့လို့ ပရိသတ်ကလည်း နားစွင့်နေခဲ့ပါတယ်။ ငွေကြေးပြဿနာအပေါ်မှာလည်း နှစ်ဦးနှစ်ဖက်အငြင်းပွားနေတဲ့ အခြေအနေဖြစ်ပါတယ်။

 

ဒါ့အပြင် နောက်ထပ် ပြဿနာတစ်ခုကလည်း နေဒွေးကို စောင့်ကြိုနေပါတယ်။ ဒါကတော့ ချစ်သူဟောင်း ဖြစ်တဲ့ သံစဉ်မောင်က သူတို့ချစ်သူဖြစ်ခဲ့စဉ်က လူမဆန်စွာ နှိပ်စက်ခဲ့မှုတွေအတွက် ပရိသတ်ကို ချပြလိုက်တာဖြစ်ပါတယ်။

ကနဦးမချပြရခြင်းကတော့ သံစဉ်မောင် အနေနဲ့ နာမည်ပျက်မှာစိုးတာကြောင့်ဖြစ်ပေမယ့် အခုတော့ နေဒွေးက အရမ်းကိုဖြူစင်တဲ့ ပုံစံနဲ့လုပ်နေတာကြောင့် အခုလို ချပြတာဖြစ်တယ်လို့သိရပါတယ်။ ဒါကိုတွေ့လိုက်ရတဲ့ ပရိသတ်ကတော့ အတော်လေးကို အံ့သြသွာခဲ့ကြပါတယ်။

 

ဘာကြောင့်လဲဆိုတော့ သံဇဉ်မောင်ရဲ့ မျက်နှာတွေမှာ ပေါက်ပြဲကွဲပြဲတဲ့အထိဖြစ်ခဲ့သလို ၊ လက်တွေမှာလည်း သွေးသံတရဲရဲနဲ့ ဖြစ်တဲ့အထိ နေဒွေးက နှိပ်စက်ခဲ့တာလို့ဆိုပါတယ်။ ဒီအကြောင်းကိုလည်း သံဇဉ်မောင်ရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖော်ပြထားပါတယ်။

မော်ဒယ် စူးရှထက်ကို လက်သည်းလန်ချိုးပြီး အပြင်းအထန်နာကျင်စေမှုအတွက်တရားရုံးက စွဲချက်တင်အပြစ်ပေးလို့ အစ္စဏီ တစ်ယောက် ထောင် (၇) နှစ်ကျခံခဲ့ရပါတယ်။ အခုလို သံဇဉ်မောင်ကို သွေးထွက်သံယိုဖြစ်အောင် လုပ်ဆောင်မှုတွေအတွက်လည်း ထောင် (၇) နှစ် ကျခံရနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်သူတွေလည်းရှိနေပါတယ်။

Writer – SMT( Shwe Yaung Lan)

Be the first to comment

Leave a Reply

Your email address will not be published.


*