ကိုယ့္ကို ႀကိဳးခ်ေသသည့္ အမ်ိဳးသမီးငယ္ ၏ ဝိညာဥ္က မိခင္ ကိုဝင္ ပူးၿပီး လုပ္ႀကံခံရ ဟုေျပာသျဖင့္ အမႈဖြင့္ ရန္ စီစဥ္

ကိုယ့္ကို ႀကိဳးခ်ေသသည့္ အမ်ိဳးသမီးငယ္ ၏ ဝိညာဥ္က မိခင္ ကိုဝင္ ပူးၿပီး လုပ္ႀကံခံရ ဟုေျပာသျဖင့္ အမႈဖြင့္ ရန္ စီစဥ္

ပဲခူးၿမိဳ႕ ဇိုင္းဂနိုင္းေျမာက္ပိုင္းရပ္ကြက္၌ လြန္ခဲ့ေသာ သုံးရက္က ႀကိဳးခ်ေသဆုံးခဲ့ေသာ အမ်ိဳးသမီးငယ္၏ ဝိညာဥ္မွ အသုဘခ်ခါနီး မိခင္ျဖစ္သူအား ဝင္ပူးသည္ဟုဆိုကာ သူ႔ကို အျခားသူက လုပ္ႀကံသည္ဟု ေျပာဆိုသျဖင့္ မိဘမ်ားက ရဲစခန္းတြင္ ျပန္လည္အမႈဖြင့္လွစ္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

ပဲခူးၿမိဳ႕ ဇိုင္းဂနိုင္းေျမာက္ပိုင္းရပ္ကြက္ ကန္သာယာလမ္းေန ေရႊရင္ေအးေရာင္းခ်သူ အသက္(၁၈)ႏွစ္အရြယ္ မပန္းအိျဖဴ(ခ)မိေတာသည္ဇန္နဝါရီ ၁၂ ရက္ ည ၁၀ နာရီခန႔္ကအိမ္အေပၚထပ္ တြင္ ၁၀ ေပခန႔္ရွည္ေသာနိုင္လြန္ႀကိဳးျဖင့္ ႀကိဳးခ်ေသဆုံးခဲ့ရာနယ္ေျမခံရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္(၂/၂၀၂၀)ျဖင့္ အမႈဖြင့္လွစ္ထားခဲ့ၿပီး ဇန္နဝါရီ ၁၄ ရက္ မြန္းလြဲ၂ နာရီက သုသာန္တြင္ ေျမျမႇုပ္ထားခဲ့ေၾကာင္း သိရသည္

“ကေလးမေသဆုံးစဥ္ ေနအိမ္မွာဘယ္သူမွမရွိပါဘူး။ အသုဘခ်ခါနီး ေသဆုံးသူ ကေလးမက သူ႔မိခင္ကိုဝင္ပူးတယ္။ ၿပီးေတာ့ သူ႔ကို တျခားသူက လုပ္ႀကံတယ္လို႔ေျပာေတာ့ အသုဘပို႔မယ့္လူေတြအံ့ဩကုန္တယ္။ အဲဒီေတာ့ ကၽြန္ေတာ္ တို႔ကေလးမ ေသဆုံးစဥ္စစ္ေဆးခဲ့တဲ့ မႈခင္းဆရာဝန္နဲ႔ သြားတိုင္ပင္ပါတယ္။

 

ဆရာဝန္ကေတာ့ ဆြဲႀကိဳးခ်ေသတာအမွန္ပဲ။ ေသဆုံးတဲ့လကၡဏာက ႀကိဳးခ်တာျဖစ္ေၾကာင္းနဲ႔ ျပင္ပဒဏ္ရာတစ္စုံတစ္ရာမရွိခဲ့ေၾကာင္း ရွင္းျပခဲ့ပါတယ္” ဟု ေသဆုံးသူႏွင့္ အိမ္နီးနားခ်င္း ဦးၾကည္လင္းက ေျပာဆိုသည္

ႀကိဳးခ် ေသဆုံးခဲ့သူ မပန္းအိျဖဴ(ခ)မိေတာဝိညာဥ္က မိခင္ျဖစ္သူကိုဇန္နဝါရီ ၁၄ ရက္ မြန္းလြဲ ၁ နာရီခြဲကအသုဘပို႔ခါ နီး ဝင္ပူးသည္ဟုဆိုကာ မိဘကိုလုပ္ေကၽြး မည့္သူမရွိေတာ့သျဖင့္ စိတ္မေကာင္းေၾကာင္း၊

သူ႔ကိုအျခားသူႏွစ္ဦးက ႀကိဳးျဖင့္ ဆြဲ၍သတ္ခဲ့ေၾကာင္းမိခင္ျဖစ္သူအား ငိုယို ေျပာဆိုခဲ့သျဖင့္ မိဘႏွစ္ပါးက ေသဆုံးသည့္ သမီးအတြက္သံသယျဖစ္ကာ ရဲစခန္းတြင္ ထပ္မံအမႈဖြင့္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

 

မ်ိဳးျမတ္ (ျမစ္မခ) စံေတာ္ခ်ိန္

Unicode

ကိုယ့်ကို ကြိုးချသေသည့် အမျိုးသမီးငယ် ၏ ဝိညာဉ်က မိခင် ကိုဝင် ပူးပြီး လုပ်ကြံခံရ ဟုပြောသဖြင့် အမှုဖွင့် ရန် စီစဉ်

ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၌ လွန်ခဲ့သော သုံးရက်က ကြိုးချသေဆုံးခဲ့သော အမျိုးသမီးငယ်၏ ဝိညာဉ်မှ အသုဘချခါနီး မိခင်ဖြစ်သူအား ဝင်ပူးသည်ဟုဆိုကာ သူ့ကို အခြားသူက လုပ်ကြံသည်ဟု ပြောဆိုသဖြင့် မိဘများက ရဲစခန်းတွင် ပြန်လည်အမှုဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက် ကန်သာယာလမ်းနေ ရွှေရင်အေးရောင်းချသူ အသက်(၁၈)နှစ်အရွယ် မပန်းအိဖြူ(ခ)မိတောသည်ဇန်နဝါရီ ၁၂ ရက် ည ၁၀ နာရီခန့်ကအိမ်အပေါ်ထပ် တွင် ၁၀ ပေခန့်ရှည်သောနိုင်လွန်ကြိုးဖြင့် ကြိုးချသေဆုံးခဲ့ရာနယ်မြေခံရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၂/၂၀၂၀)ဖြင့် အမှုဖွင့်လှစ်ထားခဲ့ပြီး ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ၂ နာရီက သုသာန်တွင် မြေမြှုပ်ထားခဲ့ကြောင်း သိရသည်

“ကလေးမသေဆုံးစဉ် နေအိမ်မှာဘယ်သူမှမရှိပါဘူး။ အသုဘချခါနီး သေဆုံးသူ ကလေးမက သူ့မိခင်ကိုဝင်ပူးတယ်။ ပြီးတော့ သူ့ကို တခြားသူက လုပ်ကြံတယ်လို့ပြောတော့ အသုဘပို့မယ့်လူတွေအံ့ဩကုန်တယ်။ အဲဒီတော့ ကျွန်တော် တို့ကလေးမ သေဆုံးစဉ်စစ်ဆေးခဲ့တဲ့ မှုခင်းဆရာဝန်နဲ့ သွားတိုင်ပင်ပါတယ်။

ဆရာဝန်ကတော့ ဆွဲကြိုးချသေတာအမှန်ပဲ။ သေဆုံးတဲ့လက္ခဏာက ကြိုးချတာဖြစ်ကြောင်းနဲ့ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်” ဟု သေဆုံးသူနှင့် အိမ်နီးနားချင်း ဦးကြည်လင်းက ပြောဆိုသည်

ကြိုးချ သေဆုံးခဲ့သူ မပန်းအိဖြူ(ခ)မိတောဝိညာဉ်က မိခင်ဖြစ်သူကိုဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲကအသုဘပို့ခါ နီး ဝင်ပူးသည်ဟုဆိုကာ မိဘကိုလုပ်ကျွေး မည့်သူမရှိတော့သဖြင့် စိတ်မကောင်းကြောင်း၊

သူ့ကိုအခြားသူနှစ်ဦးက ကြိုးဖြင့် ဆွဲ၍သတ်ခဲ့ကြောင်းမိခင်ဖြစ်သူအား ငိုယို ပြောဆိုခဲ့သဖြင့် မိဘနှစ်ပါးက သေဆုံးသည့် သမီးအတွက်သံသယဖြစ်ကာ ရဲစခန်းတွင် ထပ်မံအမှုဖွင့်သွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးမြတ် (မြစ်မခ) စံတော်ချိန်

Be the first to comment

Leave a Reply

Your email address will not be published.


*