“ကၽြန္ေတာ္ မေသခ်င္ေသးဘူး ေၾကာက္တယ္”ဆိုၿပီး မိဘေတြကိုကင္ဆာေရာဂါကုေပးဖို႔ ေတာင္းဆိုေနတဲ့ ကေလးငယ္

“ကၽြန္ေတာ္ မေသခ်င္ေသးဘူး ေၾကာက္တယ္”ဆိုၿပီး မိဘေတြကိုကင္ဆာေရာဂါကုေပးဖို႔ ေတာင္းဆိုေနတဲ့ ကေလးငယ္

တ႐ုတ္နိုင္ငံမွာ ေနထိုင္တဲ့အသက္ 5 ႏွစ္အရြယ ္ေကာင္ေလးဟာ သူ၏ကင္ဆာေရာဂါကုသေပးဖို႔ ဖခင္ျဖစ္သူကို ေတာင္းဆိုခဲ့ပါတယ္ ။ သူ၏ဖခင္ကလည္း သူ၏ေရာဂါကုသစရိတ္အတြက္ ေငြအလုံအေလာက္မရွိေတာ့၍ အေတာ္ေလးကို ဒုကၡေရာက္ေနရေၾကာင္း သိရွိရပါတယ္ ။

Wang Yan အမည္ရွိတဲ့ အဆိုပါ 5ႏွစ္အရြယ္ေကာင္ေလးဟာ leukemia ဆိုတဲ့ေသြးကင္ဆာေရာဂါကို ခံစားေနရတာျဖစ္ၿပီး ၊ ေရာဂါကုသေနတာ 9လခန္႔ရွိေနၿပီျဖစ္ေပမဲ့လည္း က်န္မာေရးအေျခအေနတိုးတက္ေကာင္းမြန္လာျခင္းမ်ိဳးေတာ့ မရွိပါဘူး

 

9လခန္႔ ကုသၿပီးခ်ိန္မွာေတာ့ ၎တို႔မိသားစု စုေဆာင္းထားတဲ့ေငြ တျပားတစ္ခ်က္မွ မရွိေတာ့တဲ့အတြက္ ၊ သားျဖစ္သူ၏ေရာဂါကို ကုသေပးဖို႔အဆင္မေျပေတာ့သျဖင့္ ရင္နာနာျဖင့္ သားျဖစ္သူကိုေဆး႐ုံမွေခၚဆင္းၿပီး အိမ္သို႔ေခၚျပန္ကာ သားျဖစ္သူ ေသဆုံးမည့္ေန႔ရက္ကိုသာ ေစာင့္ေနဖို႔သာ ဆုံးျဖတ္ခ်က္ခ်ခဲ့ရပါတယ္ ။

Wang Yan ဟာ 2014 ခုႏွစ္မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး က်န္းမာသန္စြမ္းတဲ့ ကေလးငယ္တစ္ေယာက ္ျဖစ္ခဲ့ေပမဲ့လည္း 2018 ခုႏွစ္မွာ အျပင္းအထန္ဖ်ားၿပီးေနာက္ ၊ ဆရာဝန္မ်ားစစ္ေဆးေပးခဲ့တဲ့ အခ်ိန္မွာေတာ့ ေသြးျဖဴဆဲလ္ေတြမ်ားလြန္းတဲ့ ေသြးကင္ဆာေရာဂါမ်ိဳး ခံစားေနရတာျဖစ္ေၾကာင္း ရွာေဖြေတြ႕ရွိသြားခဲ့ပါတယ္

 

အရိုးျခင္ဆီေတြထဲမွာလည္း ေသြးျဖဴဆဲလ္ေတြ အမ်ားအျပား တိုးပြားလာလ်က္ရွိေၾကာင္း သိရွိရပါတယ္ Wang Yan ရဲ့ က်န္းမာေရးအေျခအေန တိုးတက္ေကာင္းမြန္လာျခင္း မရွိခဲ့တဲ့အတြက္ သူ၏မိဘမ်ားကလည္း ကုသေပးဖို႔ေငြမ်ားလုံးဝမရွိေတာ့တဲ့အခ်ိန္မွာေတာ့ Wang Yan ရဲ့မိဘမ်ားက သူ႔ကိုအိမ္သို႔ေခၚျပန္ဖို႔သာ ဆုံးျဖတ္ခ်က္ခ်ခဲ့ၾကပါတယ္ ။

သို႔ေပမဲ့လည္း Wang Yan ဟာ သူ၏ဘဝကို အရႈံးေပးလိုက္ဖို႔ အဆင္သင့္မျဖစ္ေသးခဲ့တဲ့အတြက္ သူ၏အိပ္ယာကို တြယ္ဖက္ကာ ရွိုက္ငိုရင္း ” ေဖေဖ ကၽြန္ေတာ့္ကိုကယ္ပါ ၊ ကၽြန္ေတာ္မေသခ်င္ေသးဘူး ၊ ကၽြန္ေတာ္ေၾကာက္တယ္ “ဆိုၿပီး ဖခင္ကိုေတာင္းဆိုခဲ့ပါေတာ့တယ္

 

ဆရာဝန္မ်ားကလည္း Wang Yan ကို တျခားေသာေဆး႐ုံသို႔ လြဲေျပာင္းၿပီးကုသဖို႔ မိဘမ်ားကိုအႀကံေပးခဲ့ၿပီး ကုန္က်စရိတ္မွာ 1 million yuan (ျမန္မာေငြ သိန္းႏွစ္ေထာင္ေက်ာ္) ဝန္က်င္အထက္ ကုန္က်မည္ျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္ ။

ထို႔ေၾကာင့္ Wang Yan ၏မိဘမ်ားက ျပည္သူလူထုထံသို႔အလႉေငြ ေတာင္းခံၿပီး အကူအညီေတာင္းခံဖို႔သာ ဆုံးျဖတ္ခ်က္ခ်ခဲ့ၾကပါတယ္ ။

 

ကံေကာင္းေထာက္မစြာနဲ႔ပဲ နာရီပိုင္းအတြင္းမွာပဲ တ႐ုတ္ျပည္သူလူထုမ်ားက Wang Yan အတြက ္ေဆးကုသစရိတ္ အကုန္လုံးကို ကူညီေထာက္ပံ့ ေပးနိုင္ခဲ့ၾကပါတယ္ ။ လူအမ်ား၏ ၾကင္နာသနာမႈအေပၚ Wamg Yan ရဲ့ မိဘမ်ားက အႏွိုင္းအဆမရွိေအာင္ ေက်းဇူးတင္ခဲ့ၾကၿပီး

” လူ႔အဖြဲ႕အစည္းေတြက ကၽြန္ေတာ္တို႔ကို အေတာ္ေလးၾကင္နာေပးၾကတယ္ ၊ Wang Yan က်န္းမာလာေအာင္ ကၽြန္ေတာ္တို႔အတတ္နိုင္ဆုံးႀကိဳးစား ကုသ သြားပါမယ္ ” ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္။

#Credit#

Unicode

“ကျွန်တော် မသေချင်သေးဘူး ကြောက်တယ်”ဆိုပြီး မိဘတွေကိုကင်ဆာရောဂါကုပေးဖို့ တောင်းဆိုနေတဲ့ ကလေးငယ်

တရုတ်နိုင်ငံမှာ နေထိုင်တဲ့အသက် 5 နှစ်အရွယ ်ကောင်လေးဟာ သူ၏ကင်ဆာရောဂါကုသပေးဖို့ ဖခင်ဖြစ်သူကို တောင်းဆိုခဲ့ပါတယ် ။ သူ၏ဖခင်ကလည်း သူ၏ရောဂါကုသစရိတ်အတွက် ငွေအလုံအလောက်မရှိတော့၍ အတော်လေးကို ဒုက္ခရောက်နေရကြောင်း သိရှိရပါတယ် ။

Wang Yan အမည်ရှိတဲ့ အဆိုပါ 5နှစ်အရွယ်ကောင်လေးဟာ leukemia ဆိုတဲ့သွေးကင်ဆာရောဂါကို ခံစားနေရတာဖြစ်ပြီး ၊ ရောဂါကုသနေတာ 9လခန့်ရှိနေပြီဖြစ်ပေမဲ့လည်း ကျန်မာရေးအခြေအနေတိုးတက်ကောင်းမွန်လာခြင်းမျိုးတော့ မရှိပါဘူး

9လခန့် ကုသပြီးချိန်မှာတော့ ၎င်းတို့မိသားစု စုဆောင်းထားတဲ့ငွေ တပြားတစ်ချက်မှ မရှိတော့တဲ့အတွက် ၊ သားဖြစ်သူ၏ရောဂါကို ကုသပေးဖို့အဆင်မပြေတော့သဖြင့် ရင်နာနာဖြင့် သားဖြစ်သူကိုဆေးရုံမှခေါ်ဆင်းပြီး အိမ်သို့ခေါ်ပြန်ကာ သားဖြစ်သူ သေဆုံးမည့်နေ့ရက်ကိုသာ စောင့်နေဖို့သာ ဆုံးဖြတ်ချက်ချခဲ့ရပါတယ် ။

Wang Yan ဟာ 2014 ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တစ်ယောက ်ဖြစ်ခဲ့ပေမဲ့လည်း 2018 ခုနှစ်မှာ အပြင်းအထန်ဖျားပြီးနောက် ၊ ဆရာဝန်များစစ်ဆေးပေးခဲ့တဲ့ အချိန်မှာတော့ သွေးဖြူဆဲလ်တွေများလွန်းတဲ့ သွေးကင်ဆာရောဂါမျိုး ခံစားနေရတာဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်

အရိုးခြင်ဆီတွေထဲမှာလည်း သွေးဖြူဆဲလ်တွေ အများအပြား တိုးပွားလာလျက်ရှိကြောင်း သိရှိရပါတယ် Wang Yan ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာခြင်း မရှိခဲ့တဲ့အတွက် သူ၏မိဘများကလည်း ကုသပေးဖို့ငွေများလုံးဝမရှိတော့တဲ့အချိန်မှာတော့ Wang Yan ရဲ့မိဘများက သူ့ကိုအိမ်သို့ခေါ်ပြန်ဖို့သာ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း Wang Yan ဟာ သူ၏ဘဝကို အရှုံးပေးလိုက်ဖို့ အဆင်သင့်မဖြစ်သေးခဲ့တဲ့အတွက် သူ၏အိပ်ယာကို တွယ်ဖက်ကာ ရှိုက်ငိုရင်း ” ဖေဖေ ကျွန်တော့်ကိုကယ်ပါ ၊ ကျွန်တော်မသေချင်သေးဘူး ၊ ကျွန်တော်ကြောက်တယ် “ဆိုပြီး ဖခင်ကိုတောင်းဆိုခဲ့ပါတော့တယ်

ဆရာဝန်များကလည်း Wang Yan ကို တခြားသောဆေးရုံသို့ လွဲပြောင်းပြီးကုသဖို့ မိဘများကိုအကြံပေးခဲ့ပြီး ကုန်ကျစရိတ်မှာ 1 million yuan (မြန်မာငွေ သိန်းနှစ်ထောင်ကျော်) ဝန်ကျင်အထက် ကုန်ကျမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။

ထို့ကြောင့် Wang Yan ၏မိဘများက ပြည်သူလူထုထံသို့အလှူငွေ တောင်းခံပြီး အကူအညီတောင်းခံဖို့သာ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ် ။

ကံကောင်းထောက်မစွာနဲ့ပဲ နာရီပိုင်းအတွင်းမှာပဲ တရုတ်ပြည်သူလူထုများက Wang Yan အတွက ်ဆေးကုသစရိတ် အကုန်လုံးကို ကူညီထောက်ပံ့ ပေးနိုင်ခဲ့ကြပါတယ် ။ လူအများ၏ ကြင်နာသနာမှုအပေါ် Wamg Yan ရဲ့ မိဘများက အနှိုင်းအဆမရှိအောင် ကျေးဇူးတင်ခဲ့ကြပြီး

” လူ့အဖွဲ့အစည်းတွေက ကျွန်တော်တို့ကို အတော်လေးကြင်နာပေးကြတယ် ၊ Wang Yan ကျန်းမာလာအောင် ကျွန်တော်တို့အတတ်နိုင်ဆုံးကြိုးစား ကုသ သွားပါမယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

#Credit#

Be the first to comment

Leave a Reply

Your email address will not be published.


*