(၂)ႏွစ္အရြယ္သားေလးကို အိမ္သာထဲမွာ (၃)ရက္ၾကာပိတ္ၿပီး အငတ္ထားခဲ့တဲ့စုံတြဲ

(၂)ႏွစ္အရြယ္သားေလးကို အိမ္သာထဲမွာ (၃)ရက္ၾကာပိတ္ၿပီး အငတ္ထားခဲ့တဲ့စုံတြဲ

စုံတြဲတစ္တြဲဟာ (၂)ႏွစ္အရြယ္သားေလးကို အိမ္သာထဲမွာ (၃)ရက္ၾကာ အစာမဲ့ပိတ္ထားၿပီး၊ ရည္ရြယ္ခ်က္ရွိရွိနဲ႔ အငတ္ထား သတ္ျဖတ္ခဲ့ေၾကာင္း ေပၚေပါက္ခဲ့ပါတယ္။ ကေလးမိခင္ရဲ့အမည္ကေတာ့ Lin ျဖစ္ၿပီး၊ အခုကေလးက သူမရဲ့လက္ရွိခ်စ္သူနဲ႔ ရထားတာ ဟုတ္ဟန္မတူပါဘူး။ အရင္ေယာက်္ားနဲ႔ ရထားတာ ျဖစ္နိုင္ပါတယ္။

သူမရဲ့ခ်စ္သူ အမ်ိဳးသားနာမည္ကေတာ့ Xiao လို႔ သိရပါတယ္။ သူတို႔ကို ဇန္နဝါရီ(၁၄)ရက္က ကေလးသူငယ္ ညႇဥ္းပန္းႏွိပ္စက္မႈ၊ ကေလးကို ရည္ရြယ္ခ်က္ရွိရွိနဲ႔ သတ္ပစ္ခဲ့မႈအတြက္ သက္ဆိုင္ရာက တရားစြဲဆိုခဲ့ေၾကာင္း သိရပါတယ္။ ကေလးဟာ အိမ္သာထဲမွာ အစာငတ္ေနတဲ့အျပင္ အေၾကာက္လြန္ၿပီး ေသသြားခဲ့တာပါ။

မိခင္ျဖစ္တဲ့ Lin မရွိခ်ိန္မွာ ကေလးက အရမ္းဆိုးလြန္းလို႔ ဆူညံလြန္းလို႔ Xiao က ကေလးကို အိမ္သာထဲ ပိတ္ထားခဲ့တာလို႔ ဆိုပါတယ္။ ဒါေပမယ့္ ပိတ္ထားတယ္ဆိုရင္ေတာင္ မိခင္ Lin ျပန္လာခ်ိန္မွာ ကေလးကို အျပင္ထုတ္ရမွာဆိုေပမယ့္ မိခင္က အျပင္ထုတ္ဖို႔ ပ်က္ကြက္ခဲ့ပါတယ္။

 

ဒီအခ်င္းအရာကို ၾကည့္ခ်င္းအားျဖင့္ Lin တို႔ႏွစ္ဦးစလုံးဟာ ကေလးကို ေသေစလိုလို႔ တမင္ျပဳလုပ္ခဲ့ေၾကာင္း ထင္ရွားပါတယ္။ Lin ဟာ အသက္(၂၂)ႏွစ္ျဖစ္ၿပီး၊ သူမဟာ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းေနသူျဖစ္လို႔ ကေလးကို သုံးရက္ၾကာမွ သတိရတာလို႔လည္း အေၾကာင္းျပခဲ့ပါတယ္။

အေၾကာင္းအရာ အက်င္းကို ျပန္လည္သုံးသပ္ရရင္ Lin ရဲ့ကေလးကို အစက မိဘေတြနဲ႔ သူငယ္ခ်င္းေတြ ကူထိန္းခဲ့ပါသတဲ့။ တိုင္ေပမွာ Lin က ေဟာ္တယ္ဝန္ထမ္းအလုပ္ရေတာ့ အဲဒီမွာေနတဲ့ အစ္ကိုနဲ႔သြားေနရင္း အလုပ္လုပ္ပါတယ္။ အစ္ကိုျဖစ္သူက ကေလးငိုရင္ ဒီလိုပဲ အိမ္သာထဲမွာ ထည့္ပိတ္ေလ့ရွိပါသတဲ့။

 

ၿပီးခဲ့တဲ့ႏွစ္စက္တင္ဘာမွာ Lin ဟာ ခ်စ္သူရခဲ့တာမို႔ ကေလးကို ခ်စ္နဲ႔အတူေနတဲ့အိမ္မွာ ေခၚထားပါေတာ့တယ္။ အဲဒီေနာက္ ကေလးကို မၾကာခဏ ႏွိပ္စက္ရာက ကေလးဟာ ေသဆုံးခ်ိန္မွာ ကိုယ္အေလးခ်ိန္ (၅.၇)ကီလိုဂရမ္သာရွိတယ္လို႔ Taipei City Fire Department က ေျပာပါတယ္။ သူမရဲ့အစ္ကိုကိုလည္း ကေလးညႇဥ္းပန္းႏွိပ္စက္မႈအတြက္ ဖန္းဆီးထားပါတယ္။

လင္းေဇာ္ကို (D Nae Khit)

D Nae Khit Media ၏ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပသည္။

Unicode

(၂)နှစ်အရွယ်သားလေးကို အိမ်သာထဲမှာ (၃)ရက်ကြာပိတ်ပြီး အငတ်ထားခဲ့တဲ့စုံတွဲ

စုံတွဲတစ်တွဲဟာ (၂)နှစ်အရွယ်သားလေးကို အိမ်သာထဲမှာ (၃)ရက်ကြာ အစာမဲ့ပိတ်ထားပြီး၊ ရည်ရွယ်ချက်ရှိရှိနဲ့ အငတ်ထား သတ်ဖြတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ ကလေးမိခင်ရဲ့အမည်ကတော့ Lin ဖြစ်ပြီး၊ အခုကလေးက သူမရဲ့လက်ရှိချစ်သူနဲ့ ရထားတာ ဟုတ်ဟန်မတူပါဘူး။ အရင်ယောကျ်ားနဲ့ ရထားတာ ဖြစ်နိုင်ပါတယ်။

 

သူမရဲ့ချစ်သူ အမျိုးသားနာမည်ကတော့ Xiao လို့ သိရပါတယ်။ သူတို့ကို ဇန်နဝါရီ(၁၄)ရက်က ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု၊ ကလေးကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ပစ်ခဲ့မှုအတွက် သက်ဆိုင်ရာက တရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။ ကလေးဟာ အိမ်သာထဲမှာ အစာငတ်နေတဲ့အပြင် အကြောက်လွန်ပြီး သေသွားခဲ့တာပါ။

မိခင်ဖြစ်တဲ့ Lin မရှိချိန်မှာ ကလေးက အရမ်းဆိုးလွန်းလို့ ဆူညံလွန်းလို့ Xiao က ကလေးကို အိမ်သာထဲ ပိတ်ထားခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ပိတ်ထားတယ်ဆိုရင်တောင် မိခင် Lin ပြန်လာချိန်မှာ ကလေးကို အပြင်ထုတ်ရမှာဆိုပေမယ့် မိခင်က အပြင်ထုတ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဒီအချင်းအရာကို ကြည့်ချင်းအားဖြင့် Lin တို့နှစ်ဦးစလုံးဟာ ကလေးကို သေစေလိုလို့ တမင်ပြုလုပ်ခဲ့ကြောင်း ထင်ရှားပါတယ်။ Lin ဟာ အသက်(၂၂)နှစ်ဖြစ်ပြီး၊ သူမဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူဖြစ်လို့ ကလေးကို သုံးရက်ကြာမှ သတိရတာလို့လည်း အကြောင်းပြခဲ့ပါတယ်။

အကြောင်းအရာ အကျင်းကို ပြန်လည်သုံးသပ်ရရင် Lin ရဲ့ကလေးကို အစက မိဘတွေနဲ့ သူငယ်ချင်းတွေ ကူထိန်းခဲ့ပါသတဲ့။ တိုင်ပေမှာ Lin က ဟော်တယ်ဝန်ထမ်းအလုပ်ရတော့ အဲဒီမှာနေတဲ့ အစ်ကိုနဲ့သွားနေရင်း အလုပ်လုပ်ပါတယ်။ အစ်ကိုဖြစ်သူက ကလေးငိုရင် ဒီလိုပဲ အိမ်သာထဲမှာ ထည့်ပိတ်လေ့ရှိပါသတဲ့။

ပြီးခဲ့တဲ့နှစ်စက်တင်ဘာမှာ Lin ဟာ ချစ်သူရခဲ့တာမို့ ကလေးကို ချစ်နဲ့အတူနေတဲ့အိမ်မှာ ခေါ်ထားပါတော့တယ်။ အဲဒီနောက် ကလေးကို မကြာခဏ နှိပ်စက်ရာက ကလေးဟာ သေဆုံးချိန်မှာ ကိုယ်အလေးချိန် (၅.၇)ကီလိုဂရမ်သာရှိတယ်လို့ Taipei City Fire Department က ပြောပါတယ်။ သူမရဲ့အစ်ကိုကိုလည်း ကလေးညှဉ်းပန်းနှိပ်စက်မှုအတွက် ဖန်းဆီးထားပါတယ်။

လင်းဇော်ကို (D Nae Khit)

D Nae Khit Media ၏ခွင့်ပြုချက်ဖြင့်ဖော်ပြသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*