










Unicode

ညကြီးမိုးချုပ် မိန်းကလေးတစ်ယောက်ထဲ လိုင်းကားစီးချိန် အနားမှာ လာထိုင်ပြီး ယုတ်မာချက်

မိန်းကလေးတွေပိုပြီးသတိထားပေးကြပါ။ ငယ့်အလုပ်ကလှည်းတန်းမှာပါ။ လှည်းတန်းကနေအမြဲ ၃၈.၁၄စီးပြီးအိမ်ကိုပြန်ပါတယ်

ဒီနေ့ရုံးကအကိုကြီးနဲ့အတူတူ၃၈စီးကြပါတယ်မြန်မာပလာဇာရောက်တော့အကိုကြီးကဆင်းသွားတယ်ငယ်လဲနေရာရတယ် နောက်ဆုံးတန်းမှာပါ။ဘေးနားကဦးလေးကြီးကအစက fbသုံးနေတာပါ

အော် ကိုလဲသူလဲသုံးမှာဘဲလေ ငါတို့တောင်သုံးသေးတာဘဲဆိုပြီး အေးအေးဆေးဆေးပါဘဲ..ရန်ကင်းနားလောက်ကနေစပြီး ညစ်ညမ်းတဲ့ကားတွေကြည့်လာပါတယ် အစကတော့မသိပါဘူး

သူက ငယ့်ဘေးနားအထိကို တိုးလာတာပါ အရမ်းတိုးတော့ ငယ်လဲကြည့်လိုက်ရော ညစ်ညမ်းတဲ့ ကားတွေကြည့်နေပါတယ် အာ့တာနဲ့ ငယ်လဲဘေးနားကအမတစ်ယောက်ကို လက်တို့ပြီး အကူအညီတောင်းလိုက်ပါတယ်

အဲ့အချိန် လက်ဖျားခြေဖျားတွေပါအေးပြီး တော်တော်ကြောက်နေပါပြီ ။အော်လဲမအော်ရဲဘူးသူတို့က ၃ယောက်တောင်ပါ။အရှေ့မှာရပ်နေတဲ့အကိုကို လက်တို့ပြီး လာထိုင်ခိုင်းလိုက်ပါတယ်

အဲ့လူကြီးကလည်း ချတ်ချင်းဘဲသူ့ဖုန်းကိုသိမ်းလိုက်ပါတယ်တမင်တကာ မိန်းကလေးအရှေ့မှာ ညစ်ညမ်းကားတွေကြည့်တာပါ။သားသမီးချင်းလဲ ကိုယ်ချင်းမစာတတ်ကြတော့ပါဘူး။ ပင်းယရောက်တော့ ဆင်းသွားကြပါတယ်

အဲ့ကြမှ သူငယ်ချင်းဆီဖုန်းဆတ်ပြီးပြောပြရတာပါမျတ်ရည်တွေလဲကျပြီး ဘာမှလဲမလုပ်နိုင်ပါဘူးအဲ့အမလေး ငယ့်ကိုအိမ်အထိလိုက်ပို့ပေးသွားပါတယ်။

ကျေးဇူးလဲတင်ပါတယ်အမရယ်အခုထိလဲရင်တွေတုန်နေတုန်းပါ

Credit to Orginal Uploder