ကိုယ့္ မိဘ အရင္းကို လုပ္ရပ္ တယ္ ဗ်ာ

ကိုယ့္ မိဘ အရင္းကို လုပ္ရပ္ တယ္ ဗ်ာ

မ်က္မျမင္တဲ့ မိဘကို ထိုင္းမွာ ေဆးကုေပးမယ္ဆိုၿပီး လိမ္ေခၚ စြန္႔ပစ္ခဲ့တဲ့ ရက္စက္တဲ့ သားသမီးမ်ား

ျမန္မာ သမိုင္းဇာတ္ေတာ္ေတြထဲက ရွင္ေမာဂၢလန္ လူ႔ဘဝတုန္းက မိဘျဖစ္သူေတြကို ေဆြမ်ိဳးေတြဆီ အလည္သြားရေအာင္ဆိုၿပီး ေတာလမ္းတစ္ေနရာ အေရာက္မွာ သူခိုး၊ဓားျပေတြ လာၿပီဆိုၿပီး မိဘအရင္းေတြကို ႐ိုက္ႏွက္စြန္႔ပစ္ခဲ့တဲ့ အေၾကာင္းကို အားလုံး ၾကားဖူးၾကမွာပါ။

အဲ့ဒီအေၾကာင္ းကိုေတာင္ အဆိုေတာ္ခြန္ေပါရမ္းက သီခ်င္းလုပ္ဆို ထားပါေသးတယ္။လူေတြဟာ ငယ္ငယ္တုန္းက ေကြၽးေမြးခဲ့တဲ့ ေမတၱာကိုမွ မေထာက္ပဲ မိဘေတြကို စြန္႔ပစ္က်ဖို႔ ဝန္မေလးၾကတာ ေတာ္ေတာ္ စိတ္မေကာင္းစရာပါ။

အခုလည္း တာခ်ီလိတ္မွာ မ်က္မျမင္တဲ့ မိဘကို ထိုင္းမွာ ေဆးကုေပးမယ္ဆိုၿပီး လိမ္ေခၚလို႔ လမ္းမွာ စြန္ပစ္ခဲ့တဲ့ အေၾကာင္းေလးတစ္ခုကို အားလုံး သိေအာင္ မွ်ေဝေပးခ်င္ပါတယ္။ဒီအေၾကာင္းကိုေတာ့ လူမႈကြန္ရက္ အသုံးျပဳသူ ကိုေဇာ္ ဆိုသူက တင္ျပလာတာ ျဖစ္ပါတယ္။

 

ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ လူမႈက႐ုဏာအသင္းဥကၠဌ ကိုစိုင္းမွ ကြၽန္ေတာ္တို႔ကလ်ာဏမိတၱ ရွင္မႈကူညီေရးအသင္းအား အကူညီေတာင္းလာပါတယ္။ကဲ ၾကားလို႔မွေကာင္းၾကေသးရဲ႕လား အရပ္တို႔ေရ႕။

ျမန္မာႏိုင္ငံမွ ထိုင္းႏိုင္ငံကို ေဆးသြားကုေပးမယ္ဆိုၿပီး သားသမီးမ်ားက မ်က္စိႏွစ္ဖက္ကန္းေနေသာ အနႏၲဂိုင္းဝင္ ေက်းဇူးရွင္ ေမြးမိခင္ႀကီးအား ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ခရစ္ယာန္ဘုရားေက်ာင္းနားမွာ အေမ ေဆး႐ုံေရာက္ၿပီေနာ္ ခဏေန ဆရာ ဆရာမေတြလာလိတ္မယ္ဆိုၿပီး ရက္စက္စြာစြန္႔ပစ္သြားတာလို႔ေျပာပါတယ္။

ေဒၚ နန္းလူ ႐ုမ္းတိုင္းရင္းသူ ဗုဒၶဘာသာကိုးကြယ္သူသည္ ျမန္မာႏိုင္ငံ မိုင္းဆတ္ၿမိဳ႕နယ္ မိုင္းတြင္း ဖားဟ႐ြာမွာေနထိုင္တယ္သိရပါတယ္။

 

အေမကို အိမ္ျပန္ပို႔ေပးပါဆိုေျပာေတာ့ ကြၽန္ေတာ့စိတ္ထဲမွာ ဘယ္လိုခံစားရမွန္း မသိဘူးဗ်ာ ကြၽန္ေတာ္က မိုင္းတြင္း ကားဆရာကို အကူညီေတာင္းၿပီး ကားခကိုႏွစ္ဆေပးလိုက္ပါတယ္။

ည၈နာရီ အခ်ိန္တြင္ကားဆရာ ကြၽန္ေတာ့္ဆီဖုန္းဆက္ေတာ့ အကိုေရ႕ အဘြားအိမ္ျပန္ေရာက္ၿပီလို႔ေျပာတယ္ ႐ြာ ဥကၠဌပါတယ္ဆိုေတာ့ ကြၽန္ေတာ္ အတိုင္းမသိ အရမ္းဝမ္းသာတယ္။မိဘမ်ားသည္ သားသမိးမ်ား၏ စြန္႔ပစ္ခံဘဝမွ ကင္းေဝးၾကပါေစ

 

ဆုေတာင္းလ်က္ကိုေဇာ္ ကလ်ာဏမိတၱ ရွင္မႈကူညီေရးအသင္း(တာခ်ီလိတ္ၿမိဳ႕)လူမႈက႐ုဏာအသင္း ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မိဘမ်ား အားလုံး သားသမီးမ်ားမိဘကို စြန္႔ပစ္ျခင္းမွ ကင္းေဝးၾကပါေစ

Credit to ETS

Unicode

ကိုယ့် မိဘ အရင်းကို လုပ်ရပ် တယ် ဗျာ

မျက်မမြင်တဲ့ မိဘကို ထိုင်းမှာ ဆေးကုပေးမယ်ဆိုပြီး လိမ်ခေါ် စွန့်ပစ်ခဲ့တဲ့ ရက်စက်တဲ့ သားသမီးများ

မြန်မာ သမိုင်းဇာတ်တော်တွေထဲက ရှင်မောဂ္ဂလန် လူ့ဘဝတုန်းက မိဘဖြစ်သူတွေကို ဆွေမျိုးတွေဆီ အလည်သွားရအောင်ဆိုပြီး တောလမ်းတစ်နေရာ အရောက်မှာ သူခိုး၊ဓားပြတွေ လာပြီဆိုပြီး မိဘအရင်းတွေကို ရိုက်နှက်စွန့်ပစ်ခဲ့တဲ့ အကြောင်းကို အားလုံး ကြားဖူးကြမှာပါ။

အဲ့ဒီအကြောင် းကိုတောင် အဆိုတော်ခွန်ပေါရမ်းက သီချင်းလုပ်ဆို ထားပါသေးတယ်။လူတွေဟာ ငယ်ငယ်တုန်းက ကျွေးမွေးခဲ့တဲ့ မေတ္တာကိုမှ မထောက်ပဲ မိဘတွေကို စွန့်ပစ်ကျဖို့ ဝန်မလေးကြတာ တော်တော် စိတ်မကောင်းစရာပါ။

အခုလည်း တာချီလိတ်မှာ မျက်မမြင်တဲ့ မိဘကို ထိုင်းမှာ ဆေးကုပေးမယ်ဆိုပြီး လိမ်ခေါ်လို့ လမ်းမှာ စွန်ပစ်ခဲ့တဲ့ အကြောင်းလေးတစ်ခုကို အားလုံး သိအောင် မျှဝေပေးချင်ပါတယ်။ဒီအကြောင်းကိုတော့ လူမှုကွန်ရက် အသုံးပြုသူ ကိုဇော် ဆိုသူက တင်ပြလာတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ လူမှုကရုဏာအသင်းဥက္ကဌ ကိုစိုင်းမှ ကျွန်တော်တို့ကလျာဏမိတ္တ ရှင်မှုကူညီရေးအသင်းအား အကူညီတောင်းလာပါတယ်။ကဲ ကြားလို့မှကောင်းကြသေးရဲ့လား အရပ်တို့ရေ့။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို ဆေးသွားကုပေးမယ်ဆိုပြီး သားသမီးများက မျက်စိနှစ်ဖက်ကန်းနေသော အနန္တဂိုင်းဝင် ကျေးဇူးရှင် မွေးမိခင်ကြီးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ခရစ်ယာန်ဘုရားကျောင်းနားမှာ အမေ ဆေးရုံရောက်ပြီနော် ခဏနေ ဆရာ ဆရာမတွေလာလိတ်မယ်ဆိုပြီး ရက်စက်စွာစွန့်ပစ်သွားတာလို့ပြောပါတယ်။

ဒေါ် နန်းလူ ရုမ်းတိုင်းရင်းသူ ဗုဒ္ဓဘာသာကိုးကွယ်သူသည် မြန်မာနိုင်ငံ မိုင်းဆတ်မြို့နယ် မိုင်းတွင်း ဖားဟရွာမှာနေထိုင်တယ်သိရပါတယ်။

အမေကို အိမ်ပြန်ပို့ပေးပါဆိုပြောတော့ ကျွန်တော့စိတ်ထဲမှာ ဘယ်လိုခံစားရမှန်း မသိဘူးဗျာ ကျွန်တော်က မိုင်းတွင်း ကားဆရာကို အကူညီတောင်းပြီး ကားခကိုနှစ်ဆပေးလိုက်ပါတယ်။

ည၈နာရီ အချိန်တွင်ကားဆရာ ကျွန်တော့်ဆီဖုန်းဆက်တော့ အကိုရေ့ အဘွားအိမ်ပြန်ရောက်ပြီလို့ပြောတယ် ရွာ ဥက္ကဌပါတယ်ဆိုတော့ ကျွန်တော် အတိုင်းမသိ အရမ်းဝမ်းသာတယ်။မိဘများသည် သားသမိးများ၏ စွန့်ပစ်ခံဘဝမှ ကင်းဝေးကြပါစေ

ဆုတောင်းလျက်ကိုဇော် ကလျာဏမိတ္တ ရှင်မှုကူညီရေးအသင်း(တာချီလိတ်မြို့)လူမှုကရုဏာအသင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မိဘများ အားလုံး သားသမီးများမိဘကို စွန့်ပစ်ခြင်းမှ ကင်းဝေးကြပါစေ

Credit to ETS