ငွေဆောင်ကမ်းခြေမှာ အကောင်ရေ ထောင်နဲ့ချီတဲ့ ငါးအုပ်ကြီးတွေ ကမ်းဆွဲပိုက်တွေမှာ ဖမ်းမိနေ

ငွေဆောင်ကမ်းခြေမှာ အကောင်ရေ ထောင်နဲ့ချီတဲ့ ငါးအုပ်ကြီးတွေ ကမ်းဆွဲပိုက်တွေမှာ ဖမ်းမိနေ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်က ငွေဆောင်ကမ်းခြေမှာ အကောင်ရေ ထောင်နဲ့ချီတဲ့ ငါးအုပ်ကြီးတွေ ကျနေပြီး ကမ်းနီးငါးဆွဲပိုက်တွေနဲ့ ဖမ်းဆီးရမိနေပါတယ်။

ကမ်းခြေအနီးမှာ အောက်တိုဘာလ(၇)ရက်က စပြီး ထောင်နဲ့ချီတဲ့ ငါးအုပ်ကြီးတွေ ရောက်ရှိနေတာပါ။ ငါးအုပ်တစ်အုပ်မှာ အကောင်ရေ (၂၅ဝဝ) ကနေ (၅ဝဝဝ) လောက် ရှိတယ်လို့ ငွေဆောင်ကမ်းခြေ ကမ်းဆွဲပိုက်လုပ်ငန်းရှင်တွေက ပြောပါတယ်။

အရင်ကတော့ ဒီလိုမျိုးတွေရဖူးပေမယ့် ငါးရှားလာတာကြောင့် ငါးအုပ်မကျတာကြာပြီလို့ ဆိုပါတယ်။ အခုငါးအုပ်ကျတာဟာ သုံးလေးနှစ်အတွင်း ပထမဆုံးဖြစ်တယ်လို့ ငွေဆောင်ကမ်းခြေက ကမ်းဆွဲပိုက်လုပ်ငန်းရှင် ဦးဇော်ဝင်းက ပြောပါတယ်။

ဖမ်းမိတဲ့ ငါးတွေကတော့ ငါးအုန်း၊ ငါးမဲလုံး၊ ငါးမြှီးစင်းနဲ့ ငါးကျီးကန်း စတဲ့ငါးအမျိုးအစားတွေ ဖြစ်ပြီး ဖမ်းမိတဲ့ ငါးတွေကိုတော့ ဒေသငါးဒိုင်တွေကတဆင့် ပုသိမ်မြို့နဲ့ ရန်ကုန်မြို့က ငါးဒိုင်တွေဆီကို တိုက်ရိုက်တင်ပို့ရောင်းချနေတယ်လို့ ပြောပါတယ်။

အခုလိုငါးအုပ်ကျတာဟာ ကမ်းစပ်နားက ကျောက်ဆောင်တွေကြားထဲမှာနေတဲ့ အရမ်းညှီတဲ့ ငါးလေးတွေကိုလာစားတာဖြစ်ပြီး ရာသီဥတုဆိုးဝါးမယ့်အခြေအနေနဲ့ မဆိုင်ဘူးလို့ ဒေသခံတွေက သူတို့ရဲ့ အတွေ့အကြုံအရ ပြောပါတယ်။

ငွေဆောင်ကမ်းခြေ မဖွင့်လှစ်ခင် (၂၀၀၀) ပြည့်နှစ်မတိုင်ခင်က ငါးသလောက်၊ ကပ်သပေါင်းငါးစတဲ့ ငါးအုပ်ကြီးတွေကျခဲ့ဖူးပြီး ကားလမ်းမပေါက်သေးတာကြောင့် ပုပ်သိုးပြီး မြေမြှုပ်ပစ်ရတဲ့အထိ ဖြစ်ခဲ့ဖူးတယ်လို့ ငွေဆောင်ကမ်းခြေက ရေဝတီတည်းခိုခန်းပိုင်ရှင် ဦးဆန်းရွှေက ပြောပါတယ်။

ကမ်းနီးကမ်းဆွဲပိုက်ဆွဲလုပ်ငန်းဆိုတာဟာ ကမ်းခြေကနေ မီတာ(၅၀၀)လောက်အထိ ပိုက်ချထားကာ လူအင်အားသုံး၊ ဝိုင်းပြီးကမ်းကိုဆွဲတင်ရတဲ့လုပ်ငန်းဖြစ်ပါတယ်။ မိုးရာသီမှာ လှိုင်းကြီးတာကြောင့် လုပ်ကိုင်မရဘဲ နှစ်စဉ်အောက်တိုဘာလကနေ ဧပြီလအထိ လုပ်ကိုင်ရတဲ့ ငါးဖမ်းလုပ်ငန်းတစ်ခုဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

Crd:သတင်း – ကိုလတ်(ပုသိမ်)

Zawgyi

ေငြေဆာင္ကမ္းေျခမွာ အေကာင္ေရ ေထာင္နဲ႔ခ်ီတဲ့ ငါးအုပ္ႀကီးေတြ ကမ္းဆြဲပိုက္ေတြမွာ ဖမ္းမိေန

ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕နယ္က ေငြေဆာင္ကမ္းေျခမွာ အေကာင္ေရ ေထာင္နဲ႔ခ်ီတဲ့ ငါးအုပ္ႀကီးေတြ က်ေနၿပီး ကမ္းနီးငါးဆြဲပိုက္ေတြနဲ႔ ဖမ္းဆီးရမိေနပါတယ္။

ကမ္းေျခအနီးမွာ ေအာက္တိုဘာလ(၇)ရက္က စၿပီး ေထာင္နဲ႔ခ်ီတဲ့ ငါးအုပ္ႀကီးေတြ ေရာက္ရွိေနတာပါ။ ငါးအုပ္တစ္အုပ္မွာ အေကာင္ေရ (၂၅ဝဝ) ကေန (၅ဝဝဝ) ေလာက္ ရွိတယ္လို႔ ေငြေဆာင္ကမ္းေၿခ ကမ္းဆြဲပိုက္လုပ္ငန္းရွင္ေတြက ေျပာပါတယ္။

အရင္ကေတာ့ ဒီလိုမ်ိဳးေတြရဖူးေပမယ့္ ငါးရွားလာတာေၾကာင့္ ငါးအုပ္မက်တာၾကာၿပီလို႔ ဆိုပါတယ္။ အခုငါးအုပ္က်တာဟာ သုံးေလးႏွစ္အတြင္း ပထမဆုံးျဖစ္တယ္လို႔ ေငြေဆာင္ကမ္းေျခက ကမ္းဆြဲပိုက္လုပ္ငန္းရွင္ ဦးေဇာ္ဝင္းက ေျပာပါတယ္။

ဖမ္းမိတဲ့ ငါးေတြကေတာ့ ငါးအုန္း၊ ငါးမဲလုံး၊ ငါးျမႇီးစင္းနဲ႔ ငါးက်ီးကန္း စတဲ့ငါးအမ်ိဳးအစားေတြ ျဖစ္ၿပီး ဖမ္းမိတဲ့ ငါးေတြကိုေတာ့ ေဒသငါးဒိုင္ေတြကတဆင့္ ပုသိမ္ၿမိဳ႕နဲ႔ ရန္ကုန္ၿမိဳ႕က ငါးဒိုင္ေတြဆီကို တိုက္ရိုက္တင္ပို႔ေရာင္းခ်ေနတယ္လို႔ ေျပာပါတယ္။

အခုလိုငါးအုပ္က်တာဟာ ကမ္းစပ္နားက ေက်ာက္ေဆာင္ေတြၾကားထဲမွာေနတဲ့ အရမ္းညႇီတဲ့ ငါးေလးေတြကိုလာစားတာျဖစ္ၿပီး ရာသီဥတုဆိုးဝါးမယ့္အေျခအေနနဲ႔ မဆိုင္ဘူးလို႔ ေဒသခံေတြက သူတို႔ရဲ့ အေတြ႕အၾကဳံအရ ေျပာပါတယ္။

ေငြေဆာင္ကမ္းေၿခ မဖြင့္လွစ္ခင္ (၂၀၀၀) ျပည့္ႏွစ္မတိုင္ခင္က ငါးသေလာက္၊ ကပ္သေပါင္းငါးစတဲ့ ငါးအုပ္ႀကီးေတြက်ခဲ့ဖူးၿပီး ကားလမ္းမေပါက္ေသးတာေၾကာင့္ ပုပ္သိုးၿပီး ေျမျမႇုပ္ပစ္ရတဲ့အထိ ျဖစ္ခဲ့ဖူးတယ္လို႔ ေငြေဆာင္ကမ္းေျခက ေရဝတီတည္းခိုခန္းပိုင္ရွင္ ဦးဆန္းေရႊက ေျပာပါတယ္။

ကမ္းနီးကမ္းဆြဲပိုက္ဆြဲလုပ္ငန္းဆိုတာဟာ ကမ္းေျခကေန မီတာ(၅၀၀)ေလာက္အထိ ပိုက္ခ်ထားကာ လူအင္အားသုံး၊ ဝိုင္းၿပီးကမ္းကိုဆြဲတင္ရတဲ့လုပ္ငန္းျဖစ္ပါတယ္။ မိုးရာသီမွာ လွိုင္းႀကီးတာေၾကာင့္ လုပ္ကိုင္မရဘဲ ႏွစ္စဥ္ေအာက္တိုဘာလကေန ဧၿပီလအထိ လုပ္ကိုင္ရတဲ့ ငါးဖမ္းလုပ္ငန္းတစ္ခုျဖစ္တယ္လို႔ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။

Crd:သတင္း – ကိုလတ္(ပုသိမ္)