သင့်ကောင်မလေးသင့်ကို တမ်းလမ်းစွဲဖြစ်နေအောင်လုပ်ရမယ့် အချက် (၈) ချက်

(1) ဘယ်သွားသွား ဘာလုပ်လုပ် နေ့လည်ဘက် တရေးနိုးအိပ်သည်ကအစ report တင်ပါ

သူအွနိလိုင်းမရှိချိန်ကိုယ်လိုင်းပေါ်တက်မိရင်တောင်smsပို့ပါ။လိုင်းပေါ်ရောက်နေကြောင်း ဘယ်မိန်းမပုံမှလိုက်မကြည့်နေကြောင်း၊ မကြူကြောင်း နားဝင်အောင်ပြောပြပေးပါ …။

(2) အသေးစိတ်က အစ ဂရုစိုက်ပါ

မနက်စာဘာစားထားလဲ။ အခုဘာလုပ်နေလဲ။အလုပ်ပင်ပန်းနေလား။တစ်ရုံးတည်း တစ်ကျောင်းတည်းအတူတူရှိပါက ထမင်းစားပြီးလျှင်တစ်ရှူးအဆင်သင့်ဝယ်ထားပြီးပေးခြင်း၊နေ့လည်အိပ်ချင်ပြေ ကော်ဖီ အချိူရည်ဝယ်ပေးခြင်းစသည်ဖြင့် ဂရုစိုက်ပေးပါ။ ဂရုစိုက်တာကိုမကြိုက်တဲ့မိန်းကလေးမရှိပါဘူး …။

(3) လက်ဆောင်ပေးပါ

အဖိုးတန်တာပေးဖို့မလိုပါဘူးနော်။ လစဉ်ပေးနေဖို့လဲမလိုပါဘူး။နှင်းဆီပန်းလေးတပွင့်ပေးပြီး ချစ် ဒီပန်းလေးပန်ရင်နန်းဆန်မှာ…bellaကနှုတ်ခမ်းနီအသစ်ထွက်တယ် ချစ်နဲ့လိုက်မှာ လကုန်ရင်မောင်ဝယ်ပေးမယ်နော်။ စသည်ဖြင့် ချစ်သူရဲ့နှလုံးသားကိုကိုင်လှုပ်ပါ။သင့်ချစ်သူကတန်ဖိုးကြီးတာမမက်တတ်သူဆိုရင် လက်ဆောင်သေးသေးလေးတွေနဲ့တင် လုံလောက်ပါတယ် …။

(5) ချစ်သူရဲ့အခက်အခဲတွေကို ကူညီမဖြေရှင်းပေးနိုင်ရင်တောင် နားထောင်ပေးပါ

တကယ်ပါ မိန်းကလေးတစ်ယောက်ကသူ့အခက်အခဲတွေသင့်ကိုပြောပြတယ် သူ့အိမ်တွင်းရေးတွေသင့်ကိုပြောပြတယ်ဆို လက်ထပ်ဖို့ထိရည်ရွယ်ထားလို့ပါ။နားထောင်ပေးဖို့အစား ဟာအမြဲ ညည်းညူနေတာပဲကွာ နားငြီးလိုက်တာ။ ကိုယ်မအားဘူး ဂိမ်းဆော့လိုက်ဦးမယ် စသည်ဖြင့်ရှောင်ထွက်တာများလာရင် စိတ်ဒဏ်ရာဖြစ်လာလိမ့်မယ်နော်။နောက်တယောက်နောက်ပါသွားမှ အသဲမကွဲပါနဲ့ …။

(6) ဝါသနာတူအောင် ဆွဲဆောင်ပါ

ဝါသနာတိုင်းမတူနိုင်တောင်မှ အချိူ့ဝါသနာလေးတွေကို တူအောင်လုပ်ခြင်းဖြင့် ၂ဦးကြားပိုချစ်ခင်မှူတိုးပါတယ်။ ဥပမာ ချစ်ဖတ်တဲ့ဝတ္တှု လေးတွေကိုလဲလိုက်ဖတ်ပေးမယ်။ ကို ဆော့တဲ့ဂိမ်းလဲလိုက်ဆော့ကြည့်ပါလား။တူတူဆော့လို့ရတာပေါ့။ ချစ်ဖုန်းဆက်လို့ ကို ဂိမ်းဆော့နေရင်ချစ်စိတ်မဆိုးရတော့ဘူးပေါ့ စသည်ဖြင့် ညှိနှိုင်းကြည့်ပါ …။

(7) social ကျတဲ့ချစ်သူကို ဘယ်လိုပညာသားပါပါ ချူပ်မလဲ

ဆိုရှယ်ကျတဲ့ကောင်မလေးတွေကို အရမ်းသွားမချူပ်ချယ်ပါနဲ့သဝန်မတိုပါနဲ့၊ကိုယ့်ကိုစိတ်ပျက်လာလိမ့်မယ်နော်။ သူ့ကိုnight outမထွက်ဖို့ ယောက်ကျားလေးသူငယ်ချင်းမများဖို့အသာတကြည်သိမ်းသွင်းကြည့်ပါ။မရဘူးဆို သူသွားသမျှနေရာတိုင်းလိုက်နိုင်အောင်ကြိူးစားပါ။ဘယ်လိုမှညှိနှိုင်း မရရင်တော့ အသွင်တူမှ အိမ်သူဖြစ်နိုင်တယ်ဆိုတာ သတိရပါ …။

(8) ချစ်သူအတွက် သူငယ်ချင်းကောင်း၊လက်တွဲဖော်ကောင်းဖြစ်အောင် ကြိုးစားပါ

သူ့အတွက်ကိုယ်ကလမ်းပြပေးနိုင်လောက်အောင်ကြိူးစားပါ။မိန်းကလေးတွေရဲ့အချစ် အထင်ကြီးမှုအပေါ်လဲမူတည်ပါတယ်။ကိုယ်ကသူ့အတွက် အကိုလို mentorတစ်ယောက်လိုလူဆိုတာသူသိလာပြီဆိုရင် သင့်ကိုလက်လွှတ် တော့မှာ မဟုတ်ပါဘူးနော် …။ ။

အားလုံးပဲရူးခါနေအောင်အချစ်ခံရပါစေနော် …..

Writer – ဒေါက်တာ Jue ( Daily Hot News )