အဆိုတော် ဖြိုးပြည့်စုံ အပြစ်မရှိလို့ ပြန်လွတ်လာ

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ ညနေက မြန်မာပလာဇာမှာ ဆေးမှုသံသယမှုနဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲ့ ဖမ်းဆီးထိန်းသိမ်း​ခြင်းခံခဲ့ရတဲ့ အဆိုတော် ဖြိုးပြည့်စုံ နဲ့ သူငယ်ချင်းနှစ်ဦး တေးရေး ငြိမ်းချမ်းကို နဲ့ တေးရေး ရော်နီစန်းလွင် တို့ကို အပြစ်မရှိလို့ ဒီနေ့ ညနေ ၃ နာရီ ခွဲ အချိန်မှာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းတွေအရ သိရပါတယ်။

အဆိုတော်ဖြိုးပြည့်စုံ နဲ့ သူငယ်ချင်းနှစ်ဦးကို အပြစ်မရှိလို့ ပြန်လွှတ်ပေးလိုက်​ပြီဖြစ်တယ်လို့ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး သိန်းဝင်းက အတည်ပြုသွားခဲ့တာဖြစ်ကြောင်း 7 days သတင်းမှာ ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

အပြစ်မရှိလို့ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ဥပဒေအရ လွှတ်ပေးရမယ့်ကိစ္စရှိလို့ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ မိမိချည်းပဲ လွှတ်ပေးလိုက်ခြင်းမဟုတ်ကြောင်း၊ ဥပဒေကြောင်းအရ လွှတ်ရမယ့်ကိစ္စဖြစ်ပြီး ဥပဒေ နဲ့ အညီ လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ပရမ်းပတာ လွှတ်ခြင်းမဟုတ်ကြောင်း ရဲမှူး သိန်းဝင်းရဲ့အဆိုအရ 7 days ရဲ့ သတင်းမှာ ဖော်ပြသွားခဲ့ပါတယ်။

ဖြိုးပြည့်စုံ ဆေးမှုနဲ့ ထိန်းသိမ်းခံထားရတာဟာ ဗီဒီယိုဖိုင် သက်သေနဲ့တကွ ဖေ့စ်ဘွတ်ခ် ပေါ်မှာ အောက်တိုဘာ ၇ ရက်နေ့က တက်လာခဲ့တာဖြစ်ပြီး မြန်မာပလာဇာက Gloria Jean’s ကော်ဖီဆိုင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။

ဖြိုးပြည့်စုံတို့က အပြစ်မရှိလို့ လွတ်သွားတာပါလို့ ဗဟန်းမြို့နယ်ရဲမှူးက ပြောသွားခဲ့တာဟာ နိုင်ငံကျော် အဆိုတော် ဖြိုးပြည့်စုံ ကို စိုးရိမ်ပူပန်နေကြတဲ့ သူ့ရဲ့ အမာခံချစ်ပရိသတ်တွေအတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။

EFIL-ApannPyay

ZawGyi

အဆိုေတာ္ ၿဖိဳးျပည့္စုံ အျပစ္မရွိလို႔ ျပန္လြတ္လာ

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၇ ရက္ေန႔ ညေနက ျမန္မာပလာဇာမွာ ေဆးမႈသံသယမႈနဲ႔ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ ရဲ့ ဖမ္းဆီးထိန္းသိမ္း​ျခင္းခံခဲ့ရတဲ့ အဆိုေတာ္ ၿဖိဳးျပည့္စုံ နဲ႔ သူငယ္ခ်င္းႏွစ္ဦး ေတးေရး ၿငိမ္းခ်မ္းကို နဲ႔ ေတးေရး ေရာ္နီစန္းလြင္ တို႔ကို အျပစ္မရွိလို႔ ဒီေန႔ ညေန ၃ နာရီ ခြဲ အခ်ိန္မွာ ျပန္လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း သတင္းေတြအရ သိရပါတယ္။

အဆိုေတာ္ၿဖိဳးျပည့္စုံ နဲ႔ သူငယ္ခ်င္းႏွစ္ဦးကို အျပစ္မရွိလို႔ ျပန္လႊတ္ေပးလိုက္​ၿပီျဖစ္တယ္လို႔ ဗဟန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ရဲမႉး သိန္းဝင္းက အတည္ျပဳသြားခဲ့တာျဖစ္ေၾကာင္း 7 days သတင္းမွာ ေဖာ္ျပထားခဲ့တာကို ေတြ႕ရပါတယ္။

အျပစ္မရွိလို႔ လႊတ္ေပးလိုက္ျခင္းျဖစ္ေၾကာင္း၊ ဥပေဒအရ လႊတ္ေပးရမယ့္ကိစၥရွိလို႔ လႊတ္ေပးလိုက္ျခင္းျဖစ္ေၾကာင္း၊ မိမိခ်ည္းပဲ လႊတ္ေပးလိုက္ျခင္းမဟုတ္ေၾကာင္း၊ ဥပေဒေၾကာင္းအရ လႊတ္ရမယ့္ကိစၥျဖစ္ၿပီး ဥပေဒ နဲ႔ အညီ လႊတ္ေပးလိုက္ျခင္း ျဖစ္ေၾကာင္း၊ ပရမ္းပတာ လႊတ္ျခင္းမဟုတ္ေၾကာင္း ရဲမႉး သိန္းဝင္းရဲ့အဆိုအရ 7 days ရဲ့ သတင္းမွာ ေဖာ္ျပသြားခဲ့ပါတယ္။

ၿဖိဳးျပည့္စုံ ေဆးမႈနဲ႔ ထိန္းသိမ္းခံထားရတာဟာ ဗီဒီယိုဖိုင္ သက္ေသနဲ႔တကြ ေဖ့စ္ဘြတ္ခ္ ေပၚမွာ ေအာက္တိုဘာ ၇ ရက္ေန႔က တက္လာခဲ့တာျဖစ္ၿပီး ျမန္မာပလာဇာက Gloria Jean’s ေကာ္ဖီဆိုင္မွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာျဖစ္ေၾကာင္း သိခဲ့ရတာ ျဖစ္ပါတယ္။

ၿဖိဳးျပည့္စုံတို႔က အျပစ္မရွိလို႔ လြတ္သြားတာပါလို႔ ဗဟန္းၿမိဳ႕နယ္ရဲမႉးက ေျပာသြားခဲ့တာဟာ နိုင္ငံေက်ာ္ အဆိုေတာ္ ၿဖိဳးျပည့္စုံ ကို စိုးရိမ္ပူပန္ေနၾကတဲ့ သူ႔ရဲ့ အမာခံခ်စ္ပရိသတ္ေတြအတြက္ ဝမ္းေျမာက္ဖြယ္ရာ သတင္းေကာင္းတစ္ခုျဖစ္ခဲ့ပါတယ္။

EFIL-ApannPyay

ApannPyay ခြင့္ျပဳခ်က္ျဖင့္ ျပန္လည္ကူးယူေဖၚျပသည္