အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကလေး နှစ်ယောက် ရဲ့ လုပ်ရပ် ဗွီဒီယိုဖိုင်

အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကလေး နှစ်ယောက် ရဲ့ လုပ်ရပ် ဗွီဒီယိုဖိုင်

အိမ်ကြီးအိမ်ကောင်းထဲမှာ ခွေးလေးတွေ အစားကောင်းကောင်းစားရမှာပဲ သနားစရာကလေးနှစ်ဦး

လတ်တလော ဖေ့စ်ဘွတ်ခ် ပေါ်မှာ အကောင့်ပိုင်ရှင် Swe Swe Oo ဆိုသူရဲ့ ပို့စ်တစ်ခုကို တွေ့ခဲ့ရပြီး ဒါဟာ ကလေးငယ်လေးနှစ်ဦးရဲ့ ကြင်နာတတ်တဲ့ စိတ်နှလုံးထားကောင်းကို အင်တာနာသုံးစွဲသူတွေ မြင်တွေ့ခဲ့ရကာ မျက်ရည်လည်စရာ ဖြစ်ခဲ့ရပါတယ်။

အကောင့်ပိုင်ရှင်ရဲ့ ရေးသားမျှဝေမှုအရ သူဟာ အိမ်ရှေ့ကို ရောက်နေတဲ့ ကလေးနှစ်ယောက် ဘာလုပ်မလဲ ဆိုတာကို သိရအောာင် စီစီတီဗွီ ကနေ တဆင့် အကဲခတ်စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

စီစီတီဗွီ ရုပ်သံမှတ်တမ်းအရ ကလေးနှစ်ဦးဟာ အစကတော့ ခွေးလေးတစ်ကောင်ကို ပိုက်ပြီး အဲ့ဒီ အိမ်ရှေ့မှာ လာထားသွားတာဖြစ်ပါတယ်။ နောက်တော့ ခွေးလေးကို စိတ်မချဟန်နဲ့ ခြံတံခါး သံတိုင်ကြားကနေတဆင့် အိမ်ထဲကိုပါ တခါထည့်သွားဖို့ ကြိုးစားပါတော့တယ်။

နောက်ဆုံးမှာ ခွေးလေး အိမ်ထဲ မရမက ထည့်ပေးလိုက်နိုင်ကြပြီး အိမ်ရှင်ဖြစ်တဲ့ Swe Swe Oo ဆိုသူကလည်း ခွေးချစ်တတ်သူဖြစ်တာကြောင့် ဒီဖြစ်ရပ်ကို အသာစောင့်ကြည့်နေခဲ့တာပါ။ ခွေးလေး ခြံတံခါး အပေါ်ဘက်ကနေ တဆင့် ခြံဝင်းကြမ်းပြင် ပေါ် ပြူတ်ကျသွားတဲ့အခါ ကလေးခမျာ သူ့ရဲ့ခွေးလေး အပေါ် စိတ်ပူပြီး အကြိမ်ကြိမ်ပြန်လှည့်ကြည့်နေပြီးမှ စိတ်ချလက်ချရှိစွာနဲ့ ထွက်သွားခဲ့တာဖြစ်ပါတယ်။

သနားစရာကလေးနှစ်ဦးရဲ့ အသိစိတ်နဲ့ ရင်ထဲမှာတော့ ငါတို့ဘဝက စားဖို့အနိုင်နိုင်ဆိုပေမဲ့ ခွေးလေးအတွက်က အိမ်ကြီးအိမ်ကောင်းထဲမှာ အစားကောင်းကောင်းစားရမှာပဲ ဆိုတဲ့ အတွေးနဲ့ ခွေးလေးကို အိမ်ထဲလာထည့်သွားကြပုံရပါတယ်။ ကလေးလေးတွေရဲ့လုပ်ရပ်က AlinnMyay(အလင်းမြေ) ချစ်ပရိသတ်ကြီးကိုလည်း ဆို့ဆို့နင့်နင့်ဖြစ်စေခဲ့မှာ သေချာပါတယ်။ အဲ့ဒီ ဗွီဒီယို ဖိုင်လေးကိုလည်း တပါတည်း တွဲဖက်တင်ဆက်ပေးလိုက်ရပါတယ်နော်။

အဲ့ဒီပို့စ်ကို တင်ခဲ့တဲ့ အိမ်ရှင်ဖြစ်သူ Swe Swe Oo အကောင့်ပိုင်ရှင်ကတော့ ခွေးလေးကိုထမင်းကျွေးပေးပြီး ခေါ်ယူမွေးထားလိုက်ကြောင်း သိရပြီး သူ့ရဲ့ပို့စ်အရ “အိမ်ကcctv monitor ကနေ ကြည့်နေတာ ဒီကလေး ၂ယောက်

အိမ်ရှေ့မှာ ဘာလုပ်မလဲဆိုတာကို သူတို့ခေါ်လာတဲ့ ခွေးလေး ကို ပိုက်ပြီး အိမ်ရှေ့က လုံခြုံရေးဂိတိမှာသွားထားတယ်။ ပြီးတော့စိတိမချလို့ အိမ်ထဲကို ထည့်ဖို့ကြိုးစားပြီး အောက်ကထည့်မရတော့အပေါ်ကနေ မရမကထည့်ရှာတယ်ခွေးလေးလည်း ပြုတိကြသွားတော့သူ့ခင်ဗျာ စိတိပူ ပြီး ခဏခဏ ပြန်ပြနိကြည့်ရှာတယ်။ကိုယ်ကလည်း ခွေးချစ်တတိသူမို့ နေပလေ့စေဆိုပြီးကြည့်နေလိုက်တယ်။

ခွေးအသံလေးကြားတော့ထမင်းကျွေးပြီးခေါ်ထားလိုက်တယ်။ ကတုံးမလေးအတွေးမှာ ဒီအိမ်ကြီးထဲမှာခွေးလေး နေနေရရင် အစားကောင်းကောင်းစားရမှာပဲတွေးပြီး လာထားသွားတာနေမယ်။

ဆင်းရဲ သည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လူတိုင်းလူတိုင်း မှာ ကြင်နာတတိတဲ့နှလုံးသာတွေ ကောင်းစားပါစေဆိုတဲ့ စိတ်စေတနာတွေ ရှိတတိကြပါတယ်။ မတတိသာတဲ့ အခြေအနေမို့ပါ။ကလေးလေး ၂ယောက်ရဲ့ အိမ်အပြန်ခြေလှမ်းတွေဟာ ပေါ့ပါးလန်းဆန်းနေလေရဲ့ 😊” လို့ ရေးသားထားတာကို တွေ့ခဲ့ရတာ​ပါ။

သြော် ဘဝတွေက ခါးသီးလွန်းတော့ သူတို့ဘဝလေးတွေ စားဖို့အနိုင်နိုင်ဖြစ်နေပေမဲ့ သူတို့ ချစ်တဲ့ ခွေးလေးကျတော့ကောင်းကောင်းစားစေချင်လို့ ဒီအိမ်ကြီးမှာ ခွေးလေးကောင်းကောင်းနေ ကောင်းကောင်းစားရမှာဘဲ ဆိုပြီး လာထားခဲ့ရှာတယ်။ အပြန်သူတို့ ခွေးလေး အတွက် သူတို့ရင်ထဲမှာ ပျော်ခြင်း ဝမ်းနည်းခြင်း နှစ်ခုမျှနေမှာပဲနော်။ ဘဝကြီးသာယာလှပပါစေကလေးတို့ရယ်။

မွေးပေးလို့ ကျေးဇူးပါခင်ဗျာ။ မိသားစုတွေ ဒီထက်ပိုပြီး ကျန်းမာ သက်ရှည် စီးပွား တိုးတက်ပါစေ လို့​လည်း ကရုဏာ မုဒိတာ နဲ့ ဆုတောင်းပေးနေဖြစ်ပါတယ် ..

#Credit to EFIL-AlinnMyay(အလင်းမြေ) Video Source. Swe Swe Oo Fb