ထိုင်းနိုင်ငံတွင် ပိုင်ရှင်မဲ့မြန်မာရုပ်အလောင်း ၆၀၀ ခန့်ရှိ

ထိုင်းနိုင်ငံတွင် ပိုင်ရှင်မဲ့မြန်မာရုပ်အလောင်း ၆၀၀ ခန့်ရှိ…

ထိုင်းနိုင်ငံတွင် အ ကြောင်းအမျိုးမျိုးကြောင့် သေဆုံး ပြီး ပိုင်ရှင်မဲ့ မြန်မာနိုင်ငံသား ရုပ် အလောင်း ၆၀၀ ခန့် ရှိနေကြောင်း ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေး ရေးဌာန DSI အကြီးတန်းအရာရှိ မစ္စနာတာပွန်ဘွန်ယာခွန်က ပြော သည်။

ထိုရုပ်အလောင်းများကို မိ သားစုဝင်များအနေဖြင့် ပြန်လည် သယ်ဆောင်လိုပါက ဆက်သွယ် နိုင်ကြောင်း မစ္စနာတာပွန်ဘွန် ယာခွန်က ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ပြည်သူများအနေ ဖြင့် မိမိတို့၏ မိသားစုဝင်တစ်ဦး ထိုင်းနိုင်ငံတွင် ပျောက်ဆုံးသွား သည်ဟု ယူဆပါက ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်း နိုင်ငံ မဟာချိုင်ဒေသတွင် 7Day Daily သတင်းထောက်အပါအဝင် မြန်မာသတင်းသမားများနှင့်တွေ့ ဆုံစဉ် နာတာပွန်ဘွန်ယာခွန်က ထိုသို့ပြောကြားသည်။

၂၀၀၄ တွင် ဖြစ်ပွားသည့် ဆူနာမီမုန်တိုင်းကြောင့် သေဆုံး သူများအပါအဝင် ထိုင်းနိုင်ငံ၌ ပိုင်ရှင်မဲ့ မြန်မာနိုင်ငံသား ရုပ်အ လောင်း ၆၀၀ ခန့်ရှိသည်ဟု၎င်းက ဆိုသည်။ ထိုင်းနိုင်ငံတွင် ပိုင်ရှင်မဲ့ ရုပ်အလောင်း ၁,၀၀၀ ခန့်ရှိပြီး ၆၀၀ ခန့်သည် မြန်မာနိုင်ငံသား များဖြစ်ကြောင်း ၎င်းကပြော သည်။

ဆူနာမီကြောင့် အပါအဝင် ယာဉ်တိုက်မှု၊ မတော်တဆမှု၊ လူသတ်မှုနှင့် အခြားအကြောင်း အရာများကြောင့် သေဆုံးသူများ ပါဝင်သည်။
ထိုရုပ်အလောင်းများကို မျိုး ရိုးဗီဇ(DNA) စစ်ဆေးထားပြီး၎င်း တို့၏ အရိုးများနှင့် DNA များကို လက်ရှိအချိန်ထိ သိမ်းဆည်း ထားကြောင်း ၎င်းကဆက်လက် ပြောသည်။

‘‘အဲဒီလူတွေရဲ့ ဆွေမျိုးတွေ ကို သတင်းစကားပါးချင်တာက တော့ LPN ရုံးမှာတိုင်ကြားပါ။ ကျွန်မတို့အနေနဲ့ DNA စစ်ဆေး ပြီး ကိုက်ညီမှုရှိတယ်ဆိုရင် အ လောင်းတွေကို ပြန်ယူသွားစေ ချင်တယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာအရဆိုရင် ကိုယ့်မိခင် နိုင်ငံကို ကိုယ်ပြန်ပြီးခေါ်သွားတာ ကောင်းတယ်။ အခုဆိုရင် အ လောင်းတွေကို ဒီအတိုင်းပဲ ထိန်း သိမ်းထားရတယ်’’ ဟု နာတာပွန် ဘွန်ယာခွန်က ပြောသည်။

သေဆုံးသူများ၏ မိသားစု ဝင်များ လာရောက်အကူအညီ တောင်းခံပါက အခမဲ့ DNA စစ် ဆေးပေးမည်ဖြစ်ပြီး ရုပ်အ လောင်းများကိုနေရပ်သို့ပြန်လည် ယူနိုင်အောင် ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

‘‘မြန်မာနိုင်ငံကနေလာပြီး တော့ ထိုင်းနိုင်ငံမှာ ပျောက်ဆုံး သွားတဲ့သူတွေရှိရင် မိဘတွေ၊ ဆွေမျိုးတွေအနေနဲ့ ဆက်သွယ် လို့ရတယ်။ DNA အခမဲ့ စစ်ဆေး ပေးမယ်။ DNA ကိုက်ညီတဲ့ အ လောင်းတွေကို ပြန်ယူသွားလို့ရ အောင် စီစဉ်ပေးမယ်။ အလောင်း တွေကို မီးသဂြုင်္ိဟ်တာမရှိသေး ဘူး။ သိမ်းထားတယ်။ သွားရည် တွေထုတ်ပြီး တံတွေးတွေကို သီး သန့်ထားပြီး သိမ်းထားတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာမိသားစုဝင်များအနေ ဖြင့် စုံစမ်းမေးမြန်းလိုပါက ထိုင်း နိုင်ငံအခြေစိုက် အလုပ်သမား ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (LPN) ရှိ ၀၃၄- ၄၃၄ ၇၂၆၊ ၀၈၆ ၁၆ ၃၁ ၃၉၀၊ ၀၈၃- ၇၄၃ ၈၉၆၅ ဖုန်းများကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း LPN က ပြောသည်။

သတင်း – ငြိမ်းချမ်း (7DayDaily)

လေးစားစွာဖြင့် ခရက်ဒစ်