လူကြီးမိဘတွေနဲ့ ကြည့်ရှုဖို့ရာ မသင့်တော်တဲ့ ကိုရီးယားဇာတ်ကားများ ( Trailer )

 

လူကြီးမိဘတွေနဲ့ ကြည့်ရှုဖို့ရာ မသင့်တော်တဲ့ ကိုရီးယားဇာတ်ကားများ

ရုပ်ရှင်ဇာတ်လမ်းတွေဆိုတာ အများနဲ့ အတူတူကြည့်ရှုလို့ရတဲ့ဇာတ်ကားတွေရှိသလို တခြားမည်သူ၊ တစ်ဦးတစ်ယောက်မှမပါပဲ ကြည့်ရှူသင့်တဲ့ ဇာတ်ကားတွေလည်းရှိပါတယ်။ ပရိသတ်တွေအတော်များများက ဒီလိုဇာတ်လမ်းမျိုးတွေဆိုတာ ဟောလိဝုဒ်ရုပ်ရှင်လောကမှာသာရှိတယ်လို့ ထင်တတ်ကြပြီး ကိုရီးယားကားတွေမှာတော့ အဆိုပါဇာတ်ကားလိုမျိုးတွေ ရှိတယ်လို့ ထင်မိကြမှာမဟုတ်ပါဘူး။ တကယ်တော့ ကိုရီးယားဇာတ်ကားတွေထဲမှာလည်း ဒီလိုမျိုး ကန့်သတ်ထားတဲ့ဇာတ်ကားတွေဆိုတာ ရှိပါတယ်။ ဒီလိုဇာတ်ကားမျိုးတွေဟာ ညစ်ညမ်းဇာတ်ကားတွေရယ်လို့ အမည်တပ်လို့မရပေမယ့် သေချာတာကတော့ မိဘ၊ ညီအစ်ကိုမောင်နှမ မိသားစုတွေနဲ့ ကြည့်ရှုဖို့ မသင့်တော်တာကတော့ အမှန်ပါ။ ဘယ်လိုဇာတ်ကားမျိုးတွေ ဖြစ်မလဲဆိုတာကို ဆက်လက်ဖတ်ကြည့်လိုက်ကြပါဦး။

Secret Love (2010)

 

လက်ထပ်ထားတာမကြာသေးတဲ့ ဇနီးမောင်နှံမှာ ခင်ပွန်းဖြစ်သူက ကားအက်စီးဒင့်ကြောင့် ကိုမာဝင်သွားခဲ့ပါတယ်။ အဲဒီအခါမှာ ဇနီးဖြစ်သူက တစ်ခါမျှတွေ့ဆုံခဲ့ဖူးခြင်းမရှိတဲ့ ခင်ပွန်းဖြစ်သူရဲ့ အမြွှာညီအစ်ကိုနဲ့ တွေ့ဆုံပြီး ချစ်ကြိုက်သွားတဲ့အချိန်မှာ ကိုမာဝင်နေတဲ့ ခင်ပွန်းဖြစ်သူက ပြန်လည်သတိဝင်လာခဲံ့ပါတယ်။ အိမ်ထောင်ရေးနဲ့ ရမ္မက်အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ တချို့သော ဇာတ်ဝင်ခန်းတွေဟာ အသက်ကန့်သတ်ထားတာကြောင့် မိသားစုတွေနဲ့တော့ ကြည့်ရှုဖို့အတွက် မသင့်တော်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Marriage is A Crazy Thing (2002)

 

Joon-young လို့ အမည်ရတဲ့ ပရော်ဖက်ဆာတစ်ယောက်ဟာ လူပျိုလူလွတ်တစ်ဦးဖြစ်ပြီး Blind Date ကနေ တဆင့် ဘ၀ကြင်ဖော်ကို ရှာဖွေနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Yeon-Hee ဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာတော့ သူဟာ ထိုမိန်းကလေးကို အစွဲကြီးစွဲလမ်းခဲ့ပြီး ဘ၀က တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။

Marriage is A Crazy Thing (2002) Trailer

Untold Scandal (2003)

 

မင်းသားကြီး ဘေယောင်ဂျွန်းကို ပရိသတ်ကြီးတို့ တစ်ခါမှမမြင်ဖူးတဲ့ မိန်းမကျမ်းကြေနေတဲ့ မြှာပွေသူအဖြစ်နဲ့ ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာပါ။ ဇာတ်လမ်းပုံစံကလည်း စိတ်ဝင်စားစရာကောင်းတာမို့လို့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။

တစ်ယောက်တည်းပဲ ကြည့်ရှုသင့်တဲ့ Trailer

Thrist (2009)

 

စိတ်ခြောက်ခြားစရာဇာတ်လမ်းကြိုက်နှစ်သက်သူတွေအဖို့ကတော့ လုံးဝကို လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။

သရဲကားရော၊ အချစ်ကားရော တစ်ပြိုင်တည်းကြည့်ချင်သူတွေအတွက်

 

The Servant (2010)

 

ဒီဇာတ်ကားမှာတော့ တချို့ဇာတ်ဝင်ခန်းတွေဟာ ကွက်ကွက်ကွင်းကွင်းပြသထားတာမို့လို့ ကြည့်ရှုဖို့မသင့်တော်ပါဘူး။

The Servant (2010) Trailer

The Handmaiden (2016)

 

ဂျပန်တွေ ကိုရီးယားကို သိမ်းပိုက်ထားစဉ်တုန်းက အချိန်ကာလကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ယောကျာ်းနဲ့ မိန်းမတို့ရဲ့ အကြားကချစ်ခြင်းကိုသာမက အမျိုးသမီး ၂ ယောက်အချင်းချင်းရဲ့ အကြားက စိတ်ဝင်စားမှုအကြောင်းကိုပါ ရိုက်ကူးပြသထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

The Handmaiden – Official Trailer

The Frozen Flower (2008)

 

ဒီဇာတ်ကားရဲ့အကြောင်းကတော့ အထွေအထူးရှင်းပြနေစရာမလိုလောက်ဘူးလို့ ထင်ပါတယ်။ ကိုယ်ရံတော်တပ်မှုးအပေါ်မှာ ချစ်မြတ်နိုးစိတ်ဝင်မိတဲ့ လိင်တူကြိုက်နှစ်သူ ရှင်ဘုရင်ဟာ ထီးနန်းအရိုက်အရာအတွက် အကြပ်တွေ့နေသူဖြစ်တာကြောင့် မိဖုရားကို ကိုယ်ရံတော်ရဲ့ ကိုယ်ဝန်ကို လွယ်စေခဲ့ပါတယ်။ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေဟာ အခုချိန်မှာ နာမည်ကျော်ဒိတ်ဒိတ်ကြဲတွေဖြစ်နေတာမို့လို့ ထိုရုပ်ရှင်ကားဟာ ဒီနေ့အချိန်ထိ စိတ်ဝင်စားနေကြဆဲပါ။

 

ရိုက်ကူးထားတာ နှစ်ပေါင်း ၁၀ နှစ်ကျော်နေပြီဆိုပေမယ့်လည်း ဒီနေ့အချိန်ထိ နာမည်ကြီးနေဆဲဖြစ်တဲ့ ဇာတ်ကား

Ref : Unknown 10s

Mia (Momolay)