အသက္မျပည့္ေသးဘဲ ျပည့္တန္ဆာေလာကထဲ ေရာက္သြားရတဲ့ ေကာင္မေလးတစ္ေယာက္

အသက္မျပည့္ေသးဘဲ ျပည့္တန္ဆာေလာကထဲ ေရာက္သြားရတဲ့ ေကာင္မေလးတစ္ေယာက္

ရန္ကုန္ – ကၽြန္ေတာ္မ်က္မွန္းတန္းမိေနတဲ့ ျပည့္တန္ဆာမေလးတစ္ေယာက္ကို HIV ပိုး ရွိသူမ်ား အားထားရာ ရန္ကုန္ၿမိဳ႕က အခမဲ့ ေဆးေပးခန္းတစ္ခုမွာ မၾကာေသးခင္က ေတြ႕လိုက္ရပါတယ္။ သူနဲ႔အတူပါလာတဲ့ အသက္ ၄ဝ ဝန္းက်င္ အရြယ္ အမ်ိဳးသမီးဟာ သူ႔မိခင္ျဖစ္ၿပီး သူ႔လိုပဲ ျပည့္တန္ဆာအလုပ္ လုပ္ကိုင္သူပါ။ မိခင္အတြက္ လိုအပ္တဲ့ ေဆးဝါး ထုတ္ယူဖို႔ ေဆးခန္းေရာက္ေနၾကတာလို႔ ဆိုပါတယ္။

ခႏၶာကိုယ္နဲ႔ရင္း အသက္ေမြးဝမ္းေက်ာင္းျပဳတဲ့ အရပ္ ၄ ေပ ေက်ာ္ေက်ာ္၊ အသား ညိဳညိဳ၊ ပိန္ပိန္ပါးပါး မဝတ္ရည္(အမည္လႊဲ) က ဒီႏွစ္ဆန္းပိုင္းကစၿပီး ရန္ကုန္ၿမိဳ႕လယ္မွာ အရြယ္စုံ ျပည့္တန္ဆာတခ်ိဳ႕နဲ႔အတူ ေဖာက္သည္ေစာင့္ေနတတ္သူပါ။ ၿမိဳ႕ထဲလမ္းမေပၚ ရွိေနတတ္တဲ့ ဒီမိန္းကေလးကို ေတြ႕တာနဲ႔ အသက္ ၁၈ ႏွစ္ မျပည့္ေသးဘူး ဆိုတာကို အလြယ္တကူ သတိထားမိၾကပါလိမ့္မယ္။

ရန္ကုန္ရဲ့ ေစာ္ဘြားႀကီးကုန္း၊ ဘုရင့္ေနာင္၊ ျပည္လမ္းမတေလၽွာက္ ေဖာက္သည္တစ္ေယာက္ေယာက္နဲ႔ ခ်ိတ္မိရင္ ေရာက္သြားတတ္တဲ့ေနရာကေတာ့ တည္းခိုခန္းတစ္ခုခုပါပဲ။“တည္းခိုခန္းထဲ ဝင္လိုက္တာနဲ႔ သမီးအသက္ဘယ္ေလာက္လဲ ေမးၾကတယ္။ သမီးက ၁၈ ႏွစ္ ျပည့္ၿပီးသားလို႔ ေျပာရင္လည္း မယုံၾကတာေၾကာင့္ သမီးေဖာက္သည္ပ်က္ရတဲ့ အႀကိမ္လည္း မနည္းေတာ့ဘူး” လို႔ သူက ဆိုတယ္။လမ္းေပၚမေရာက္ခင္ သူလုပ္ကိုင္ခဲ့တဲ့ေနရာက အႏွိပ္ခန္းတစ္ခုမွာပါ။ တကယ္တမ္းက အဲဒီေနရာဟာ လိင္ေဖ်ာ္ေျဖေရးလုပ္ငန္း လုပ္ကိုင္တဲ့ ေနရာပါ။ အဲဒီကို ေရာက္ေရာက္ခ်င္း သူ ပထမဦးဆုံး ေဖ်ာ္ေျဖေပးရတာကေတာ့ အဲဒီအႏွိပ္ခန္းပိုင္ရွင္ကိုပါပဲ။

ကမၻာ့ေရွးအက်ဆုံး အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းျဖစ္တဲ့ ျပည့္တန္ဆာအလုပ္ကို နိုင္ငံအမ်ားအျပားမွာ ဥပေဒနဲ႔ တားျမစ္ထားတဲ့အတြက္ တျခားလုပ္ငန္းတစ္ခု ဗန္းျပၿပီး လုပ္ကိုင္ၾကပါတယ္။ ဥပေဒနဲ႔ မလြတ္ကင္းတဲ့အတြက္ ေပးကမ္းရမယ့္သူေတြကို ပုံမွန္ ေပးကမ္းၿပီး လုပ္ငန္းလည္ပတ္ေနၾကတယ္ ဆိုတာ သူတို႔ရဲ့ေဖာက္သည္ေတြေရာ၊ ေဖာက္သည္မဟုတ္သူေတြပါ နားလည္ထားၿပီးသားပါ။ ျမန္မာနိုင္ငံမွာလည္း ဒီလိုပါပဲ။ အႏွိပ္ခန္း၊ ကာရာအိုေက၊ KTV စတာေတြရဲ့ေနာက္မွာ တားျမစ္ထားတဲ့လုပ္ငန္း ရွိေနတတ္ပါတယ္။ တခ်ိဳ႕ဆိုရင္ အလွျပင္ဆိုင္ ဗန္းျပဖြင့္တာေတာင္ ရွိေနပါၿပီ။

ေဖာက္သည္ေတြ ပုံမွန္ရွိ၊ လုပ္ကိုင္သူေတြလည္းရွိ၊ တားျမစ္ပိတ္ပင္ဖို႔လည္း အခက္အခဲရွိတဲ့ ဒီလုပ္ငန္းကို တရားဝင္ ခြင့္ျပဳၿပီး စည္းကမ္းတက် လုပ္ကိုင္ခြင့္ မေပးသင့္ဘူးလားဆိုၿပီး ေဆြးေႏြးသူတခ်ိဳ႕ ရွိပါတယ္။ တားျမစ္ထားတဲ့ ဒီလုပ္ငန္းထဲက အမ်ိဳးသမီးေတြထဲမွာ တခ်ိဳ႕က အသက္ ၁၈ ႏွစ္ မျပည့္ေသးပါဘူး။ အမ်ိဳးသမီးေတြ ျပည္တန္ဆာေလာကထဲ ဝင္ေရာက္ လုပ္ကိုင္ၾကျခင္းဟာ ဆင္းရဲႏြမ္းပါးမႈနဲ႔ ပတ္သက္ေနတယ္ လို႔ Marie Stopes International Myanmar မွ ျမန္မာျပည္ဆိုင္ရာ ညြန္ၾကားေရးမႉး ေဒါက္တာစစ္နိုင္က ေျပာပါတယ္။

ျပည့္တန္ဆာ လုပ္ငန္းထဲ အသက္ ၁၈ ႏွစ္ေအာက္ အမ်ိဳးသမီးေတြ ရွိေနတယ္ဆိုတဲ့အေၾကာင္း ေဆာင္းပါးေရးဖို႔ ကၽြန္ေတာ္ မဝတ္ရည္ကို အင္တာဗ်ဴးျဖစ္တဲ့ အခ်ိန္မွာေတာ့ သူဟာ သူ႔မိခင္လို HIV ပိုး ကူးစက္ခံရမွာကို ေၾကာက္ရြံ့ၿပီး ဒီ ျပည့္တန္ဆာေလာကကို စြန႔္ခြာဖို႔ ျပင္ဆင္ေနခ်ိန္ျဖစ္ေနပါတယ္။ ခႏၶာကိုယ္ရင္းၿပီး ေန႔စဥ္ ပုံမွန္ဝင္ေငြ သုံးေသာင္းကေန ငါးေသာင္းေလာက္အထိ ဝင္ေနတဲ့ဘဝကေန တစ္လမွ က်ပ္ ၈ ေသာင္းသာရမယ့္ ဖုန္း ပစၥည္းေရာင္းတဲ့ဆိုင္မွာ ဝင္လုပ္ဖို႔ စီစဥ္ေနတာပါ။

ကၽြန္ေတာ္တို႔နိုင္ငံမွာ သူ႔လို အသက္ ၁၈ ႏွစ္ မျပည့္ခင္ အရြယ္ထဲက ကိုယ့္ရဲ့အပ်ိဳစင္ကို ေရာင္းခံရ၊ အသုံးခ် ခံရ၊ တခ်ိဳ႕ဆိုရင္ အၾကမ္းဖက္ ခံလိုက္ရၿပီး ျပည့္တန္ဆာေလာကထဲကို ေရာက္သြားတဲ့သူ ဘယ္ေလာက္မ်ား ရွိေနမလဲ၊ HIV ပိုး ကူးစက္ခံရသူ ဘယ္ေလာက္ ရွိမလဲ။ မဝတ္ရည္နဲ႔ စကားေျပာေနရင္း ရွိုက္သံေတြ ၾကားရပါတယ္။ ကိုယ့္ သမီးေလးမ်ား ျဖစ္ရင္ေတာ့ … ဆိုတဲ့ ခံစားခ်က္ ေပၚလာတဲ့အတြက္ စိတ္မေကာင္းျဖစ္၊ ဆို႔နင့္ခဲ့ရပါတယ္။ ကေလးအရြယ္မွာ ကတည္းက ၾကမ္းတမ္းခတ္ထန္တဲ့ဘဝကို ေရာက္သြားရတဲ့သူကို ျမင္ရေတာ့ ဘာကိုသြားအျပစ္တင္ရမွန္း မသိေတာ့ပါဘူး။

ျပည့္တန္ဆာ အလုပ္ကို မေကာင္းမႈလို႔ ျမင္ၾကၿပီး ျပည့္တန္ဆာ အမ်ိဳးသမီးကို မေကာင္းတဲ့မိန္းမ လို႔ ဆိုတတ္ၾကပါတယ္။ တခ်ိဳ႕ အမ်ိဳးသားေတြက ကိုယ့္ဘာသာ အေပ်ာ္အပါး တိတ္တဆိတ္ လိုက္စားခ်င္လိုက္စားမယ္၊ တိတ္တိတ္ပုန္း အငယ္အေႏွာင္း ထားခ်င္ထားမယ္၊ အမ်ားေရွ႕မွာေတာ့ အာေဘာင္အာရင္းသန္သန္နဲ႔ “ဟာ … ဒါ ယဥ္ေက်းမႈ နဲ႔ မကိုက္ညီဘူး” လို႔ ေျပာေကာင္း ေျပာပါလိမ့္မယ္။

လိင္ပညာေပး အစီအစဥ္ေတြ ရွိရမယ္၊ မျဖစ္သင့္တာကို မျဖစ္ေအာင္ အသိေပးထားမွ နည္းမွန္လမ္းမွန္ျဖစ္မယ္လို႔ ေျပာသူေတြလည္း ကဲ့ရဲ့ရႈတ္ခ်တာေတြနဲ႔ ၾကဳံရနိုင္ပါတယ္။ပညာေပးသင့္တာေပး၊ ေဆြးေႏြးသင့္တာ ေဆြးေႏြးၾကမယ္ ဆိုရင္ေတာ့ ေရာဂါကူးစက္မႈ၊ မတရားလုပ္မႈေတြ ပမာဏ အမ်ားအျပားကို ေလၽွာ့ခ်နိုင္ပါလိမ့္မယ္။ ျပည့္တန္ဆာနဲ႔ ပတ္သက္ၿပီး ဥပေဒေတြကိုလည္း ျပင္ဆင္ရပါမယ္။ ျပင္ဆင္တဲ့အခါ လည္း အသက္ ၁၈ ႏွစ္ေအာက္ေတြ ျပည့္တန္ဆာေလာကထဲ ေရာက္မသြားေအာင္ လုံေလာက္တဲ့ အဟန႔္အတားေတြ ထည့္သြင္းေရးဆြဲသင့္ပါတယ္။

ဥပေဒေတြ ေခတ္နဲ႔ ေလ်ာ္ညီမယ္၊ တရားဥပေဒစိုးမိုးေရးလုပ္ငန္း အရွိန္ရလာမယ္ ဆိုရင္ မဝတ္ရည္ၾကဳံေတြ႕ခဲ့ရသလို ျဖစ္ရပ္မ်ိဳးေတြ ျမန္မာျပည္မွာ ေလ်ာ့နည္းသြားမွာျဖစ္ပါတယ္။

Credit to Orginal Uploder

Unicode

အသက်မပြည့်သေးဘဲ ပြည့်တန်ဆာလောကထဲ ရောက်သွားရတဲ့ ကောင်မလေးတစ်ယောက်

ရန်ကုန် – ကျွန်တော်မျက်မှန်းတန်းမိနေတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်ကို HIV ပိုး ရှိသူများ အားထားရာ ရန်ကုန်မြို့က အခမဲ့ ဆေးပေးခန်းတစ်ခုမှာ မကြာသေးခင်က တွေ့လိုက်ရပါတယ်။ သူနဲ့အတူပါလာတဲ့ အသက် ၄ဝ ဝန်းကျင် အရွယ် အမျိုးသမီးဟာ သူ့မိခင်ဖြစ်ပြီး သူ့လိုပဲ ပြည့်တန်ဆာအလုပ် လုပ်ကိုင်သူပါ။ မိခင်အတွက် လိုအပ်တဲ့ ဆေးဝါး ထုတ်ယူဖို့ ဆေးခန်းရောက်နေကြတာလို့ ဆိုပါတယ်။

ခန္ဓာကိုယ်နဲ့ရင်း အသက်မွေးဝမ်းကျောင်းပြုတဲ့ အရပ် ၄ ပေ ကျော်ကျော်၊ အသား ညိုညို၊ ပိန်ပိန်ပါးပါး မဝတ်ရည်(အမည်လွှဲ) က ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်မြို့လယ်မှာ အရွယ်စုံ ပြည့်တန်ဆာတချို့နဲ့အတူ ဖောက်သည်စောင့်နေတတ်သူပါ။ မြို့ထဲလမ်းမပေါ် ရှိနေတတ်တဲ့ ဒီမိန်းကလေးကို တွေ့တာနဲ့ အသက် ၁၈ နှစ် မပြည့်သေးဘူး ဆိုတာကို အလွယ်တကူ သတိထားမိကြပါလိမ့်မယ်။

ရန်ကုန်ရဲ့ စော်ဘွားကြီးကုန်း၊ ဘုရင့်နောင်၊ ပြည်လမ်းမတလျှောက် ဖောက်သည်တစ်ယောက်ယောက်နဲ့ ချိတ်မိရင် ရောက်သွားတတ်တဲ့နေရာကတော့ တည်းခိုခန်းတစ်ခုခုပါပဲ။“တည်းခိုခန်းထဲ ဝင်လိုက်တာနဲ့ သမီးအသက်ဘယ်လောက်လဲ မေးကြတယ်။ သမီးက ၁၈ နှစ် ပြည့်ပြီးသားလို့ ပြောရင်လည်း မယုံကြတာကြောင့် သမီးဖောက်သည်ပျက်ရတဲ့ အကြိမ်လည်း မနည်းတော့ဘူး” လို့ သူက ဆိုတယ်။လမ်းပေါ်မရောက်ခင် သူလုပ်ကိုင်ခဲ့တဲ့နေရာက အနှိပ်ခန်းတစ်ခုမှာပါ။ တကယ်တမ်းက အဲဒီနေရာဟာ လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်တဲ့ နေရာပါ။ အဲဒီကို ရောက်ရောက်ချင်း သူ ပထမဦးဆုံး ဖျော်ဖြေပေးရတာကတော့ အဲဒီအနှိပ်ခန်းပိုင်ရှင်ကိုပါပဲ။

ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကို နိုင်ငံအများအပြားမှာ ဥပဒေနဲ့ တားမြစ်ထားတဲ့အတွက် တခြားလုပ်ငန်းတစ်ခု ဗန်းပြပြီး လုပ်ကိုင်ကြပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့အတွက် ပေးကမ်းရမယ့်သူတွေကို ပုံမှန် ပေးကမ်းပြီး လုပ်ငန်းလည်ပတ်နေကြတယ် ဆိုတာ သူတို့ရဲ့ဖောက်သည်တွေရော၊ ဖောက်သည်မဟုတ်သူတွေပါ နားလည်ထားပြီးသားပါ။ မြန်မာနိုင်ငံမှာလည်း ဒီလိုပါပဲ။ အနှိပ်ခန်း၊ ကာရာအိုကေ၊ KTV စတာတွေရဲ့နောက်မှာ တားမြစ်ထားတဲ့လုပ်ငန်း ရှိနေတတ်ပါတယ်။ တချို့ဆိုရင် အလှပြင်ဆိုင် ဗန်းပြဖွင့်တာတောင် ရှိနေပါပြီ။

ဖောက်သည်တွေ ပုံမှန်ရှိ၊ လုပ်ကိုင်သူတွေလည်းရှိ၊ တားမြစ်ပိတ်ပင်ဖို့လည်း အခက်အခဲရှိတဲ့ ဒီလုပ်ငန်းကို တရားဝင် ခွင့်ပြုပြီး စည်းကမ်းတကျ လုပ်ကိုင်ခွင့် မပေးသင့်ဘူးလားဆိုပြီး ဆွေးနွေးသူတချို့ ရှိပါတယ်။ တားမြစ်ထားတဲ့ ဒီလုပ်ငန်းထဲက အမျိုးသမီးတွေထဲမှာ တချို့က အသက် ၁၈ နှစ် မပြည့်သေးပါဘူး။ အမျိုးသမီးတွေ ပြည်တန်ဆာလောကထဲ ဝင်ရောက် လုပ်ကိုင်ကြခြင်းဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ပတ်သက်နေတယ် လို့ Marie Stopes International Myanmar မှ မြန်မာပြည်ဆိုင်ရာ ညွန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ပြောပါတယ်။

ပြည့်တန်ဆာ လုပ်ငန်းထဲ အသက် ၁၈ နှစ်အောက် အမျိုးသမီးတွေ ရှိနေတယ်ဆိုတဲ့အကြောင်း ဆောင်းပါးရေးဖို့ ကျွန်တော် မဝတ်ရည်ကို အင်တာဗျူးဖြစ်တဲ့ အချိန်မှာတော့ သူဟာ သူ့မိခင်လို HIV ပိုး ကူးစက်ခံရမှာကို ကြောက်ရွံ့ပြီး ဒီ ပြည့်တန်ဆာလောကကို စွန့်ခွာဖို့ ပြင်ဆင်နေချိန်ဖြစ်နေပါတယ်။ ခန္ဓာကိုယ်ရင်းပြီး နေ့စဉ် ပုံမှန်ဝင်ငွေ သုံးသောင်းကနေ ငါးသောင်းလောက်အထိ ဝင်နေတဲ့ဘဝကနေ တစ်လမှ ကျပ် ၈ သောင်းသာရမယ့် ဖုန်း ပစ္စည်းရောင်းတဲ့ဆိုင်မှာ ဝင်လုပ်ဖို့ စီစဉ်နေတာပါ။

ကျွန်တော်တို့နိုင်ငံမှာ သူ့လို အသက် ၁၈ နှစ် မပြည့်ခင် အရွယ်ထဲက ကိုယ့်ရဲ့အပျိုစင်ကို ရောင်းခံရ၊ အသုံးချ ခံရ၊ တချို့ဆိုရင် အကြမ်းဖက် ခံလိုက်ရပြီး ပြည့်တန်ဆာလောကထဲကို ရောက်သွားတဲ့သူ ဘယ်လောက်များ ရှိနေမလဲ၊ HIV ပိုး ကူးစက်ခံရသူ ဘယ်လောက် ရှိမလဲ။ မဝတ်ရည်နဲ့ စကားပြောနေရင်း ရှိုက်သံတွေ ကြားရပါတယ်။ ကိုယ့် သမီးလေးများ ဖြစ်ရင်တော့ … ဆိုတဲ့ ခံစားချက် ပေါ်လာတဲ့အတွက် စိတ်မကောင်းဖြစ်၊ ဆို့နင့်ခဲ့ရပါတယ်။ ကလေးအရွယ်မှာ ကတည်းက ကြမ်းတမ်းခတ်ထန်တဲ့ဘဝကို ရောက်သွားရတဲ့သူကို မြင်ရတော့ ဘာကိုသွားအပြစ်တင်ရမှန်း မသိတော့ပါဘူး။

ပြည့်တန်ဆာ အလုပ်ကို မကောင်းမှုလို့ မြင်ကြပြီး ပြည့်တန်ဆာ အမျိုးသမီးကို မကောင်းတဲ့မိန်းမ လို့ ဆိုတတ်ကြပါတယ်။ တချို့ အမျိုးသားတွေက ကိုယ့်ဘာသာ အပျော်အပါး တိတ်တဆိတ် လိုက်စားချင်လိုက်စားမယ်၊ တိတ်တိတ်ပုန်း အငယ်အနှောင်း ထားချင်ထားမယ်၊ အများရှေ့မှာတော့ အာဘောင်အာရင်းသန်သန်နဲ့ “ဟာ … ဒါ ယဉ်ကျေးမှု နဲ့ မကိုက်ညီဘူး” လို့ ပြောကောင်း ပြောပါလိမ့်မယ်။

လိင်ပညာပေး အစီအစဉ်တွေ ရှိရမယ်၊ မဖြစ်သင့်တာကို မဖြစ်အောင် အသိပေးထားမှ နည်းမှန်လမ်းမှန်ဖြစ်မယ်လို့ ပြောသူတွေလည်း ကဲ့ရဲ့ရှုတ်ချတာတွေနဲ့ ကြုံရနိုင်ပါတယ်။ပညာပေးသင့်တာပေး၊ ဆွေးနွေးသင့်တာ ဆွေးနွေးကြမယ် ဆိုရင်တော့ ရောဂါကူးစက်မှု၊ မတရားလုပ်မှုတွေ ပမာဏ အများအပြားကို လျှော့ချနိုင်ပါလိမ့်မယ်။ ပြည့်တန်ဆာနဲ့ ပတ်သက်ပြီး ဥပဒေတွေကိုလည်း ပြင်ဆင်ရပါမယ်။ ပြင်ဆင်တဲ့အခါ လည်း အသက် ၁၈ နှစ်အောက်တွေ ပြည့်တန်ဆာလောကထဲ ရောက်မသွားအောင် လုံလောက်တဲ့ အဟန့်အတားတွေ ထည့်သွင်းရေးဆွဲသင့်ပါတယ်။

ဥပဒေတွေ ခေတ်နဲ့ လျော်ညီမယ်၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်း အရှိန်ရလာမယ် ဆိုရင် မဝတ်ရည်ကြုံတွေ့ခဲ့ရသလို ဖြစ်ရပ်မျိုးတွေ မြန်မာပြည်မှာ လျော့နည်းသွားမှာဖြစ်ပါတယ်။

Credit to Orginal Uploder