မဂၤလာပြဲမွာ ဇနီးအသစ္စက္စက္ ေဖာက္ျပန္တဲ့ဗြီဒီယုိဖုိင္ကို အမ်ားသိေအာင္ျပတဲ့ သတုိ႔သား

 

မဂၤလာပြဲမွာ ဇနီးအသစ္စက္စက္ ေဖာက္ျပန္တဲ့ဗြီဒီယုိဖုိင္ကို အမ်ားသိေအာင္ျပတဲ့ သတုိ႔သား

အမ်ိဳးသမီးတစ္ကိုယ္ေတာ္ အလြတ္စုံေထာက္ Zhou ကုိ ေငြေၾကးအလြန္ခ်မ္းသာတဲ့ သူေဌးတစ္ဦးက ပုဂၢိလက စုံစမ္းေထာက္လွမ္းေရးလုပ္ငန္းအတြက္ ငွားရမ္းခဲ့ပါတယ္။ အလုပ္အပ္တဲ့သူေဌးက သူနဲ႔ ယူမယ့္ဇနီးေလာင္းကုိ သိပ္မသကၤာလုိ႔ ေနာက္ကြယ္က အေၾကာင္းေတြ စုံစမ္းဖုိ႔ Zhou ကုိ အလုပ္အပ္ခဲ့တာပါ။

Zhou ဟာ အပ္ႏွံထားတဲ့အလုပ္အတြက္ အဲဒီသူေဌးရဲ႕ဇနီးေလာင္းကို တစ္လခြဲၾကာ ေနာက္ေယာင္ခံ လုိက္ခဲ့ပါတယ္။ အဲဒီေနာက္ သက္ေသဗြီဒီယိုဖုိင္ေတြ၊ ဓာတ္ပုံေတြကို စုေဆာင္းၿပီး ေတြ႕ရွိရသမွ်ကို သူေဌးျဖစ္သူထံ ပုိ႔ေပးခဲ့ပါတယ္။ ဇနီးေလာင္း ေဖာက္ျပန္ေနတဲ့ ဗြီဒီယုိဖုိင္ကုိပါ စုစည္းႏုိင္ခဲ့ပါတယ္။

အဲဒီဗြီဒီယုိဖုိင္ကုိ သူေဌးဆီ ပို႔ေပးခဲ့ရာ၊ သူေဌးက မဂၤလာညစာစားပြဲ ဧည့္သည္စုံလင္ခ်ိန္မွာ ဒီဗြီဒီယုိကို အမ်ားသိေအာင္ ပ႐ုိဂ်က္တာနဲ႔ ျပသခဲ့တာပါ။ မဂၤလာပြဲဘယ္လုိျဖစ္သြားတယ္ဆုိတာကေတာ့ အားလုံး ေတြးမိၾကမယ္ထင္ပါတယ္။

Zhou က သူမကို အလုပ္အပ္တဲ့ (၇၀)%ဟာ ေဖာက္ျပန္မႈေတြျဖစ္တယ္လုိ႔ ဆုိပါတယ္။

အမ်ားအားျဖင့္ေတာ့ အမ်ိဳးသမီးေတြရဲ႕ ငွားရမ္းမႈကို လက္ခံရေလ့ရွိေၾကာင္း၊ အမ်ိဳးသားေတြကလည္း ရံဖန္ရံခါ ငွားတတ္ေၾကာင္း သိရပါတယ္။

သူမဟာ ဒီလုပ္ငန္းနဲ႔ ဝင္ေငြေျဖာင့္ျဖဴးေနၿပီး၊ တစ္ဖက္တစ္လမ္းကလည္း အိမ္ေထာင္ေရး ေဖာက္ျပန္သူေတြကို ေဖာ္ထုတ္ရတာျဖစ္လုိ႔ ေပ်ာ္ပါတယ္လုိ႔ ဆုိပါတယ္။

Credit – လင္းေဇာ္ကုိ (D Nae Thit)/Source;World Of Buzz

Unicode

မင်္ဂလာပွဲမှာ ဇနီးအသစ်စက်စက် ဖောက်ပြန်တဲ့ဗွီဒီယိုဖိုင်ကို အများသိအောင်ပြတဲ့ သတို့သား

အမျိုးသမီးတစ်ကိုယ်တော် အလွတ်စုံထောက် Zhou ကို ငွေကြေးအလွန်ချမ်းသာတဲ့ သူဌေးတစ်ဦးက ပုဂ္ဂိလက စုံစမ်းထောက်လှမ်းရေးလုပ်ငန်းအတွက် ငှားရမ်းခဲ့ပါတယ်။ အလုပ်အပ်တဲ့သူဌေးက သူနဲ့ ယူမယ့်ဇနီးလောင်းကို သိပ်မသင်္ကာလို့ နောက်ကွယ်က အကြောင်းတွေ စုံစမ်းဖို့ Zhou ကို အလုပ်အပ်ခဲ့တာပါ။

Zhou ဟာ အပ်နှံထားတဲ့အလုပ်အတွက် အဲဒီသူဌေးရဲ့ဇနီးလောင်းကို တစ်လခွဲကြာ နောက်ယောင်ခံ လိုက်ခဲ့ပါတယ်။ အဲဒီနောက် သက်သေဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေကို စုဆောင်းပြီး တွေ့ရှိရသမျှကို သူဌေးဖြစ်သူထံ ပို့ပေးခဲ့ပါတယ်။ ဇနီးလောင်း ဖောက်ပြန်နေတဲ့ ဗွီဒီယိုဖိုင်ကိုပါ စုစည်းနိုင်ခဲ့ပါတယ်။

အဲဒီဗွီဒီယိုဖိုင်ကို သူဌေးဆီ ပို့ပေးခဲ့ရာ၊ သူဌေးက မင်္ဂလာညစာစားပွဲ ဧည့်သည်စုံလင်ချိန်မှာ ဒီဗွီဒီယိုကို အများသိအောင် ပရိုဂျက်တာနဲ့ ပြသခဲ့တာပါ။ မင်္ဂလာပွဲဘယ်လိုဖြစ်သွားတယ်ဆိုတာကတော့ အားလုံး တွေးမိကြမယ်ထင်ပါတယ်။

Zhou က သူမကို အလုပ်အပ်တဲ့ (၇၀)%ဟာ ဖောက်ပြန်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

အများအားဖြင့်တော့ အမျိုးသမီးတွေရဲ့ ငှားရမ်းမှုကို လက်ခံရလေ့ရှိကြောင်း၊ အမျိုးသားတွေကလည်း ရံဖန်ရံခါ ငှားတတ်ကြောင်း သိရပါတယ်။

သူမဟာ ဒီလုပ်ငန်းနဲ့ ဝင်ငွေဖြောင့်ဖြူးနေပြီး၊ တစ်ဖက်တစ်လမ်းကလည်း အိမ်ထောင်ရေး ဖောက်ပြန်သူတွေကို ဖော်ထုတ်ရတာဖြစ်လို့ ပျော်ပါတယ်လို့ ဆိုပါတယ်။

Credit – လင်းဇော်ကို (D Nae Thit)/Source;World Of Buzz