
 



 



 


 


Credit – hlataw

Unicode

ဒုတိယအကြိမ် ဗစ်တိုးရီးယားလေးအမှုရဲ့ ရုံးချိန်းကို စိတ်ဝင်တစား လာရောက်နားထောင်ကြတဲ့ ပြည်သူတွေ တရားရုံးရှေ့စတင်ရောက်ရှိနေကြ

 

နေပြည်တော် ၊ ဇူလိုင်၂၄ ရက်။ဒီနေ ့ဗစ်တိုးရီးယားလေး အမှုရဲ့ ဒုတိယအကြိမ် ရုံးချိန်းကို စိတ်ဝင်တစား လာရောက်နားထောင်ကြတဲ့ ပြည်သူတွေက နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးရှေ့မှာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

 

ဒီနေ့ရဲ ့ဒုတိယအကြိမ်ရုံးချိန်းကို မှုခင်းဆိုင်ရာစီမံခန့်ခွဲမှုနဲ ့အမှုကို ပြီးစီးအောင်စစ်ဆေးမယ့်အချိန်ကာလသတ်မှတ်ဖို့နဲ့ တာဝန်ရှိသူတွေအားလုံးပါဝင်တဲ့ အစည်းအဝေးပြုလုပ်ဖို ့သတ်မှတ်ထားပြီး –

 

အချိန်ရရင်တော့ တရားလိုပြ သက်သေတွေကို စတင်စစ်ဆေးမယ်လို့လည်း တရားရုံးတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

 

တရားလိုပြသက်သေတွေထဲမှာတော့ ဗစ်တိုးရီးယားလေး အပါအဝင် ကလေးရဲ ့အဖေ အမေ အဘွား နဲ့ Wisdom Hill မူကြို ကျောင်းမှ ဆရာမတွေ ပါဝင်တယ်လို့ သိရပါတယ်။

 

အများပြည်သူတွေ စိတ်ဝင်စားနေတဲ့ ဒီအမှုကို တရားသူ ကြီးနှစ်ဦးပါဝင်တဲ့ ခုံရုံးအဖွဲ့ နဲ့ စစ်ဆေးဖို့ စီစဉ်ထားပါတယ်။

Credit – hlataw

Be the first to comment

Leave a Reply

Your email address will not be published.


*