ပစ်​တုန်းက​တော့ မြက်​​တောထဲ ရက်​ရက်​စက်​စက်​ ပစ်​ခဲ့တာပါဘဲဒါ​ပေမဲ့ ခု​တော့ သူ့သား​လေးကို ပြန်​လာ​တွေ့ရှာတယ်

 

ပစ်​တုန်းက​တော့ မြက်​​တောထဲ ရက်​ရက်​စက်​စက်​ ပစ်​ခဲ့တာပါဘဲဒါ​ပေမဲ့ ခု​တော့ သူ့သား​လေးကို ပြန်​လာ​တွေ့ရှာတယ်

လက်​ထဲမှာလဲ ၅၀၀၀ တန်​​လေး ၂ ရွက်​ ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​လို့ သူ့သား​လေးကို မုန့်​ဖိုး​လေး​ပေးပါရ​စေတဲ့သား​လေးကို ​တွေ့တာနဲ့ ငိုပါ​လေ​ရောသူ့မှာ HIV ​ရောဂါပိုးကရှိ​တော့ သား​လေးကို နို့တိုက်​လို့ကမရနို့ဗူးဖိုးက မတတ်​နိုင်​အလုပ်​ကမရှိမို့ သား​လေး အသက်​ရှင်​​အောင်​ သူဘယ်​လိုမှ ဆက်​မ​မွေးနိုင်​လို့ ​ပစ်​ခဲ့ရတာပါတဲ့ယောက်​ကျားကလဲ ဒီ​ရောဂါနဲ့ပဲ ဆုံးပါးသွားပါတယ်​တဲ့

သူက ဟင်္သာတက​နေ ၅ နာရီ​လောက်​သွားရတဲ့ ရွာ​လေးတစ်​ရွာကပါဟင်္သာတမှာ သား​လေးကို လာ​မွေးပြီး အပြန်​မှာ သူပစ်​ခဲ့တာပါ..သူမပစ်​ခင်​ ​ဆေးရုံမှာ ​ပေးလို့ရတဲ့​နေရာ​တွေစုံစမ်းပါ​သေးတယ်​တဲ့ဒါ​ပေမဲ့ မသိတဲ့အဆုံးမှ သူပစ်​ခဲ့တာသူပစ်​ခဲ့​တော့ ည ၉ နာရီ​လောက်​တဲ့သား​လေးက အိပ်​​မောကျ​နေတာမငိုဘူးတဲ့

အဲ့​နေ့ကမိုး​တွေချိန်း လျှပ်​စီး​တွေလက်​​နေ​တော့ သူပစ်​ပြီးတာနဲ့ မသွား​သေးဘဲ ​မေတ္တာ​တွေပို့ရင်း ၁၁ နာရီ​လောက်​ထိ ​စောင့်​ကြည့်​​နေခဲ့တာတဲ့အကယ်​၍ မိုးရွာရင်​ သူတစ်​​ခေါက်​ပြန်​သွားကြည့်​မယ်​သား​လေးရှိ​သေးတယ်​ဆိုရင်​ မိုးရွာထဲ​တော့မထားခဲ့ဘဲ ဘာဖြစ်​ဖြစ်​ပြန်​​ခေါ်သွားမလို့တဲ့​လေ

ပြန်​​တော့လဲ တလမ်းလုံးငိုပြီး ကားဂိတ်​ရှိတဲ့​နေရာက​နေ သူ့ရွာကို လမ်း​လျှောက်​သွားတာ မနက်​ ၄ နာရီ​လောက်​မှ ​ရောက်​တာတဲ့​လေသွေးနုနုသားနုနုနဲ့ တအားခံစားခဲ့ရပုံပါပုံ့တို့ သား​လေးကို​တွေ့​တော့ သူ့ကို စုံစမ်းလို့ရလို့ ချက်​ချင်း သူ့ဆီလိုက်​သွားခဲ့တယ်

အဲ့တုံးက ၀​သေး​တယ်​ခု သူ HIV ​ဆေးထုတ်​ရင်း သား​လေးကို လာ​တွေ့​တော့ ​တော်​​တော်​​လေး ပိန်​​နေရှာပြီအခုလို သားကို ပစ်​ထားခဲ့ရတယ်​ဆိုနဲ့စိတ်​နဲ့ သူဘယ်​လိုမှ​နေလို့မရ စိတ်​ဆင်းရဲလွန်းလို့ ပိန်​သွားရတာပါတဲ့ဒီတိုင်းဆို သက်​ဆိုးရှည်​မယ့်​ပုံမ​ပေါ်ပါဘူး

ပုံ့​လေ သူဒီလိုလာ​တွေ့လိမ့်​မယ်​လို့ လုံးဝထင်​မထားခဲ့ဘူးတကယ်​ဆို သူမလာလဲရတာပါပုံ့ သား​လေးကို စာချုပ်​နဲ့ တခါထဲလက်​မှတ်​ထိုး ​ခေါ်လာခဲ့တာဒါ​ပေမဲ့ သူလာခဲ့တယ်​၊မိခင်​​မေတ္တာအပြည့်​နဲ့ သား​လေးဆီ မ​ရောက်​​ရောက်​​အောင်​လာခဲ့တယ်​၊ဘ၀​တွေ ဘယ်​လိုဘဲ ဖြတ်​သန်းခဲ့ရခဲ့ရ

ဘယ်လိုဘဲ ဆုံးဖြတ်​ချက်​မှားပြီး သား​လေးကို ပစ်​ခဲ့ပစ်​ခဲ့​နောက်​ဆုံး​တော့ သူ့ရဲ့ မိခင်​​မေတ္တာကို သူမလွန်​ဆန်​နိုင်​ခဲ့ဘူးပုံ့ သူ့ကို အရမ်းလဲ​လေးစားပါတယ်​သား​လေးကို လာ​တွေ့တဲ့အတွက်​လဲ ​ကျေးဇူးတင်​တယ်​ပုံ့ သား​လေးကို ဘယ်​​လောက်​ချစ်​ပါတယ်​​ပြော​ပြော မိခင်​​မေတ္တာကို​တော့ မှီနိုင်​မယ်​မထင်​ဘူး

ပုံ့မနဲ သိပ်​ရတဲ့က​လေးက သူ့အ​မေ​ပေါင်​​ပေါ် အိပ်​​နေလိုက်​တာငြိမ်​လို့သားအမိနှစ်​ဦးကြားရှိတဲ့​မေတ္တာတရားကို ဘယ်​လိုပုဂ္ဂိုလ်​ကမှ မှီနိုင်​မယ်​မထင်​ပါဘူးဒါ​ကြောင့်​ ပုံ့သူ့ကို သားဆီ ခဏခဏလာခဲ့ဖို့ တိုက်​တွန်းခဲ့တယ်​သူယူလာတဲ့ပိုက်​ဆံ ၁၀၀၀၀ ကို ပြန်​​ပေးပြီး။နောက်​တခါလာမှ သားအတွက်​ သူ​ပေးချင်​တာ​လေး​တွေ ကိုယ်​တိုင်​၀ယ်​လာဖို့​ပြောခဲ့တယ်​။

သားအတွက်​ အသက်​ဆက်​ရှင်​​ပေးဖို့ ​အား​ပေးခဲ့တယ်​ပုံ့အမှန်​အတိုင်း​ပြောတာပါဒီက​လေး​လေး​တွေကို တခြားသူလာ​တောင်းရင်​ ပုံ့လုံးဝ​ပေးမှာမဟုတ်​ပါဘူးဘာလို့ဆို ပုံ့ကိုယ်​တိုင်​ မိဘ​မေတ္တာ​ပေးနိုင်​မယ့်​လူဦး​ရေ…ပုံ့ သူများထက်​​ ​အောက်​မကျ​အောင်​ သားသမီးနဲ့မခြား ​စောင့်​​ရှောက်​နိုင်​မယ့်​ အတိုင်းအတာထိဘဲ လက်​ခံပြီး။

ကိုယ်​တိုင်​ အများနည်းတူ ​စောင့်​​ရှောက်​နိုင်​တာမို့ မ​ပေးတာပါဒါ​ပေမဲ့ သူတို့ကို ​စောင့်​​ရှောက်​ရခြင်းအတွက်​ ပုံ့မှာ အတ္တမပါပါဘူးသူတို့ကိုယ့်​​ခြေ​ထောက်​​ပေါ် ကိုယ်​ရပ်​တည်​နိုင်​တဲ့အထိ​စောင့်​​ရှောက်​မယ်​သူတို့​လေး​တွေကို မိဘ​​ကျေးဇူးဆိုတာ သင်​​ပေးမယ်​။

သူတို့ ရပ်​တည်​နိုင်​လာတဲ့အခါ သူတို့လမ်းသူတို့​လျှောက်​ပြီး မိဘ​တွေ ရူးလို့ဘဲ ပစ်​ခဲ့ပစ်​ခဲ့၊ ​ကောင်းရဲ့နဲ့ဘဲ ထားခဲ့ထားခဲ့ မိဘရင်း​တွေရဲ့ ​မွေး​ကျေးဇူး​တွေကို ပြန်​ဆပ်​ဖို့ ပုံ့ တိုက်​တွန်းမယ်​ပုံ့အတွက်​​တော့ ဘာမှမလိုဘူးသူတို့ဘ၀​တွေ လူပီသသွားတာကြည့်​ရင်းနဲ့ဘဲ ပုံ့ ​ပီတိ​တွေ စား​နေပါ့မယ်​။

ဤမှန်​ကန်​​သော သစ္စာစကား​ကြောင့်​ ဒုက္ခဟူသမျှ ကြားရသမျှ ကယ်​တင်​နိုင်​တဲ့သူဖြစ်​ရပါ​စေ…..

Thin shwe sin hlaing

Be the first to comment

Leave a Reply

Your email address will not be published.


*