မိန္းမ(၄)ေယာက္ယူထားတဲ့သူရဲ႕ မယားႀကီးကေျပာျပတဲ့ မွ်ေဝစားေနရတဲ့ အခ်စ္ေရးအေၾကာင္း

 

မိန္းမ(၄)ေယာက္ယူထားတဲ့သူရဲ႕ မယားႀကီးကေျပာျပတဲ့ မွ်ေဝစားေနရတဲ့ အခ်စ္ေရးအေၾကာင္း

လူ ဆိုတာ မုန႔္ ကိုေတာ့ ေဝစားမယ္၊ အခ်စ္ကိုေတာ့ ေဝမစားႏိုင္ဘူးလို႔ ေတာ္ေတာ္မ်ားမ်ား ခံယူထားၾကသူေတြပါ။ ရွားရွားပါးပါး၊ မယားအေျမာက္အမာ်း၊ လင္အေျမာက္အမ်ား ယူၿပီး အခ်င္းခ်င္း ၾကည္ျဖဴေနသူေတြလည္း ေလာကႀကီးမွာ ရွိေနပါေသးတယ္။

အခုလည္း တရားဝင္ မယားႀကီးတစ္ေယာက္ဟာ ခင္ပြနး္သည္ရဲ႕အခ်စ္ကို တစ္ျခားလင္ညီအစ္မ(၃)ေယာက္နဲ႔ မွ်ေဝေနရျခင္းအေပၚမွာ သူမရဲ႕ သေဘာထား ဘယ္လိုရွိတယ္ဆိုတာကို ထုတ္ေဖာ္ခဲ့ပါတယ္။ သူမရဲ႕ Waraphon Pruksawan နာမည္ကေတာ့ ျဖစ္ၿပီး၊ တရားဝင္ မယားႀကီးပါ

မယား(၃)ေယာက္နဲ႔ ဘဝတုန္းက အဲဒီအမ်ိဳးသားအေနနဲ႔ က်ဥ္းထဲၾကပ္ထဲ ေရာက္ေနေတာ့မွာပဲလို႔ လူေတြက ေတြးခဲ့ေပမယ့္၊ ယခုႏွစ္ အေစာပိုင္းမွာ ေနာက္ထပ္မယားတစ္ေယာက္ ရယူခဲ့ၿပီး၊ ေလးေယာက္ေျမာက္ မယားကို ေတာ္ေကာက္ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

 

Waraphon ကေတာ့ အျခားမယား(၃)ေယာက္နဲ႔ ခင္ပြန္းသည္ရဲ႕ အခ်စ္ကို မွ်ေဝေနရျခင္းအတြက္ သူမအေနနဲ႔ ဘယ္လိုမွ စိတ္ထဲ မခံစားရေၾကာင္း လူမႈကြန္ရက္ေပၚမွာ ေရးသားခဲ့ပါတယ္။ ဒီလို ခင္ပြန္းသည္ မိန္းမ တစ္ေယာက္ၿပီး တစ္ေယာက္ ယူႏိုင္ဖို႔အတြက္လည္း သူမရဲ႕ ခြင့္ျပဳခ်က္ကို ခင္ပြန္းက ယူခဲ့ရပါတယ္တဲ့

Waraphon က ခင္ပြန္းျဖစ္သူကို ဒီလို တရားဝင္ ေဖာက္ျပန္ေစခိုင္းလိုက္ျခင္းဟာ၊ ေနာက္ကြယ္မွာ သူမ မသိေအာင္ ေဖာက္ျပန္ေနတာထက္ စာရင္ေတာ့ ပိုေကာင္းတယ္လို႔ ဆိုပါတယ္။ မိန္းမမ်ားတဲ့ ေယာက္်ားဟာ မေကာင္းဘူးဆိုတာ သူမက လက္မခံပါဘူး။

အေၾကာင္းကေတာ့ သူမရဲ႕ခင္ပြန္းသည္က သူမတို႔အေပၚ လင့္ဝတ္ေက်ပြန္တယ္လို႔ ဆိုပါတယ္။ အခုအခ်ိန္ထိလည္း သူမတို႔ မိသားစုေလးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ေဖးမကူညီၾကၿပီး၊ ဘဝကို ႐ိုး႐ိုးေလး ျဖတ္သန္းေနၾကတယ္လို႔ Waraphon က ေျပာပါတယ္။

 

မူရင္း-celepublic

Unicode

မိန်းမ(၄)ယောက်ယူထားတဲ့သူရဲ့ မယားကြီးကပြောပြတဲ့ မျှဝေစားနေရတဲ့ အချစ်ရေးအကြောင်း

လူ ဆိုတာ မုန့် ကိုတော့ ဝေစားမယ်၊ အချစ်ကိုတော့ ဝေမစားနိုင်ဘူးလို့ တော်တော်များများ ခံယူထားကြသူတွေပါ။ ရှားရှားပါးပါး၊ မယားအမြောက်အမာျး၊ လင်အမြောက်အများ ယူပြီး အချင်းချင်း ကြည်ဖြူနေသူတွေလည်း လောကကြီးမှာ ရှိနေပါသေးတယ်။

အခုလည်း တရားဝင် မယားကြီးတစ်ယောက်ဟာ ခင်ပွနး်သည်ရဲ့အချစ်ကို တစ်ခြားလင်ညီအစ်မ(၃)ယောက်နဲ့ မျှဝေနေရခြင်းအပေါ်မှာ သူမရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာကို ထုတ်ဖော်ခဲ့ပါတယ်။ သူမရဲ့ Waraphon Pruksawan နာမည်ကတော့ ဖြစ်ပြီး၊ တရားဝင် မယားကြီးပါ

မယား(၃)ယောက်နဲ့ ဘဝတုန်းက အဲဒီအမျိုးသားအနေနဲ့ ကျဉ်းထဲကြပ်ထဲ ရောက်နေတော့မှာပဲလို့ လူတွေက တွေးခဲ့ပေမယ့်၊ ယခုနှစ် အစောပိုင်းမှာ နောက်ထပ်မယားတစ်ယောက် ရယူခဲ့ပြီး၊ လေးယောက်မြောက် မယားကို တော်ကောက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Waraphon ကတော့ အခြားမယား(၃)ယောက်နဲ့ ခင်ပွန်းသည်ရဲ့ အချစ်ကို မျှဝေနေရခြင်းအတွက် သူမအနေနဲ့ ဘယ်လိုမှ စိတ်ထဲ မခံစားရကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒီလို ခင်ပွန်းသည် မိန်းမ တစ်ယောက်ပြီး တစ်ယောက် ယူနိုင်ဖို့အတွက်လည်း သူမရဲ့ ခွင့်ပြုချက်ကို ခင်ပွန်းက ယူခဲ့ရပါတယ်တဲ့

Waraphon က ခင်ပွန်းဖြစ်သူကို ဒီလို တရားဝင် ဖောက်ပြန်စေခိုင်းလိုက်ခြင်းဟာ၊ နောက်ကွယ်မှာ သူမ မသိအောင် ဖောက်ပြန်နေတာထက် စာရင်တော့ ပိုကောင်းတယ်လို့ ဆိုပါတယ်။ မိန်းမများတဲ့ ယောက်ျားဟာ မကောင်းဘူးဆိုတာ သူမက လက်မခံပါဘူး။

အကြောင်းကတော့ သူမရဲ့ခင်ပွန်းသည်က သူမတို့အပေါ် လင့်ဝတ်ကျေပွန်တယ်လို့ ဆိုပါတယ်။ အခုအချိန်ထိလည်း သူမတို့ မိသားစုလေးမှာ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီကြပြီး၊ ဘဝကို ရိုးရိုးလေး ဖြတ်သန်းနေကြတယ်လို့ Waraphon က ပြောပါတယ်။

မူရင်း-celepublic