ခ်စ္တာေတာ့ ခ်စ္ပါ ပတ္၀န္းက်င္ကို အားနာပါ

 

ခ်စ္တာေတာ့ ခ်စ္ပါ ပတ္၀န္းက်င္ကို အားနာပါ

ႏုိင္ငံတုိင္းႏုိင္ငံတုိင္းမွာ ႏုိင္ငံရဲ႕ ယဥ္ေက်းမႈနဲ႔အညီ လူအမ်ားလက္ခံက်င့္သုံးေနၾကတဲ့ လူမႈေရးယဥ္ေက်းမႈေတြ ရွိၾကပါတယ္။ ဒီယဥ္ေက်းမႈေတြကို ဥပေဒအရ ထုတ္ျပန္ထားတာမ်ိဳးလည္း ရွိသလုိ၊ ဥပေဒအေနနဲ႔ ထုတ္ျပန္ထားျခင္း မရွိေပမယ့္ အလုိက္တသိနဲ႔ လုိက္လံက်င့္သုံးရတဲ့ စည္းမ်ဥ္းစည္းကမ္းေတြလဲ ရွိပါတယ္

တစ္ေလာက သတင္းတစ္ပုဒ္မွာ ၿဗိတိန္ေတာ္၀င္မင္းသား ဟာရီနဲ႔ ၾကင္ယာေတာ္ ကိတ္တုိ႔ဟာ လူျမင္ကြင္ကို ထြက္တဲ့အခါတုိင္း တစ္ေယာက္ကုိတစ္ေယာက္ လက္ဆြဲေနျခင္း၊ ဖက္ရမ္း နမ္း႐ႈပ္ေနျခင္း၊ အစားအစာ စသည္တုိ႔ ခြံ႔ေကၽြးေနျခင္းမ်ိဳး ေတြ႕ရခဲတယ္ဆုိတဲ့ သတင္းေလးကို ဖတ္မိခဲ့ပါတယ္

ေကာက္ခ်က္ခ်သူတစ္ေယာက္ဟာ ေတာ္၀င္မ်ိဳးႏြယ္မ်ားမုိ႔ ေတာ္၀င္စည္းကမ္းေတြအရ လူျမင္ကြင္မွာ လက္ဆြဲေနျခင္း၊ ဖက္ရမ္း နမ္း႐ႈပ္ေနျခင္း၊ အစားအစာ စသည္တုိ႔ ခြံ႔ေကၽြးေနျခင္းမ်ိဳး မျပဳလုပ္ရဘူးလုိ႔ သတ္မွတ္ထားတာမ်ိဳး မရွိေၾကာင္း၊ ဒါေပမယ့္ မင္းသားနဲ႔ ၾကင္ယာေတာ္ဟာ လူႀကီး လူေကာင္းမ်ားပီပီ PDA ကို ေလးစားလုိက္နာျခင္း ျဖစ္ႏုိ္င္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ပါတယ္။

PDA ဆုိတာ ဘာလဲ ?

PDA ဆုိတာက Public displays of affection ကုိ ဆုိလုိတာပါ။ အဓိပၸါယ္ကေတာ့ အမ်ားျပည္သူနဲ႔ သက္ဆုိင္တဲ့ ပန္းၿခံ၊ ေက်ာင္း၊ ပြဲေတာ္ စတဲ့ေနရာေတြမွာ အမ်ားျပည္သူအျမင္နဲ႔ မသင့္ေတာ္တဲ့ ကိုယ္အမူအယာ၊ ႏႈတ္အမူအယာေတြ မျပဳမူမိေအာင္ ေရွာင္ရွားျခင္းပါဘဲ။ ဒီလုိ ေရွာင္တဲ့သူရယ္လုိ႔ အျခားႏုိင္ငံေတြမွာလည္း အေတာ္နည္းပါးပါတယ္။

တစ္ခ်ိဳ႕က ကုိယ့္ရဲ႕ အျပဳအမူဟာ ပတ္၀န္းက်င္ကုိ စိတ္အေႏွာက္အယွက္ ျဖစ္ေစမွန္း၊ ဘယ္တုန္းကမွ မစဥ္းစားၾကပါဘူး။ ႏုိင္ငံျခားမွာလည္း ဒီလုိလူေတြ ရွိပါတယ္။ မ်ားေသာအားျဖင့္ေတာ့ PDA ကုိ ခ်ိဳးေဖာက္တာက ခ်စ္သူစုံတြဲေတြလုိ႔ စစ္တမ္းတစ္ရပ္က ဆုိပါတယ္။

လူျမင္ကြင္းမွာ အနမ္းၾကမ္းၾကမ္းေတြ ေပးတာ၊ ဘက္စ္ကားေပၚကဲ့သုိ႔ေသာ ေနရာေတြမွာ ပက္ခၽြဲႏွပ္ခၽြဲနဲ႔ မခြဲနုိင္မခြာရက္ဖက္ေနတာ၊ စာသင္ခန္းေတြ၊ ေက်ာင္းေတြဆုိတာကိုေတာင္ မျမင္ေတာ့ဘဲ၊ မလုပ္သင့္မလုပ္အပ္တဲ့ အရာေတြ လုပ္ေနတာမ်ိဳးေတြဟာ အလြန္ဆုိး၀ါးတဲ့ အျပဳအမူေတြပါဘဲ။

ဒီလုိအျပဳအမူေတြဟာ အခ်စ္စိတ္နဲ႔ မႊန္ထူေနလုိ႔ ျပဳလုပ္သူေတြက ပတ္၀န္းက်င္ကို သတိမထားမိေပမယ့္ ျမင္ရသူေတြ အဖုိ႔မွာေတာ့ အေတာ္ေလးကို ႏွာေခါင္း႐ႈံ႕စရာ ျဖစ္ရပ္တစ္ခုပါ။ တစ္ခ်ိဳ႕က ဘာသာေရးနဲ႔ သက္ဆုိင္တဲ့ ေနရာေတြမွာေတာင္ မေရွာင္နုိင္ေအာင္အထိ မုိးမႊန္ေနတာေတြဟာ အလြန္စိတ္ပ်က္ စရာပါဘဲ။

ဒါေတြ လုပ္ေတာ့ ဘာျဖစ္သလဲ ?

ဘာမွ မျဖစ္ပါ။ ဒါေပမယ့္ ေက်ာင္းကဲ့သုိ႔လုိ အစုိးရပုိင္ေနရာမ်ိဴး/ သာသနာ့၀တၱကေျမလုိ ေနရာမ်ိဳးမွာ ေသာက္စားမူးယစ္ျခင္း၊ ခ်စ္တင္းေႏွာျခင္းဟာ ဥပေဒအရ အေရးယူလုိ႕ရတဲ့ သို႔မဟုတ္ ေက်ာင္းစည္းကမ္းအရ အေရးယူလုိရတဲ့ အျပစ္ေတြဆုိတာကိုေတာ့ သိေစခ်င္ပါတယ္။

အခုေဆာင္းပါးမွာ ရည္ရြယ္တာက PDA ကုိ ေစာင့္ထိန္းသင့္တဲ့အရာ၊ ေစာင့္ထိန္းရမယ့္အရာျဖစ္ေၾကာင္းကို မသိတဲ့သူေတြ သိသြားေစဖုိ႔သာ ရည္ရြယ္ပါတယ္/

ခရက္ဒစ္မူရင္း

Unicode

ချစ်တာတော့ ချစ်ပါ ပတ်ဝန်းကျင်ကို အားနာပါ

နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့အညီ လူအများလက်ခံကျင့်သုံးနေကြတဲ့ လူမှုရေးယဉ်ကျေးမှုတွေ ရှိကြပါတယ်။ ဒီယဉ်ကျေးမှုတွေကို ဥပဒေအရ ထုတ်ပြန်ထားတာမျိုးလည်း ရှိသလို၊ ဥပဒေအနေနဲ့ ထုတ်ပြန်ထားခြင်း မရှိပေမယ့် အလိုက်တသိနဲ့ လိုက်လံကျင့်သုံးရတဲ့ စည်းမျဉ်းစည်းကမ်းတွေလဲ ရှိပါတယ်

တစ်လောက သတင်းတစ်ပုဒ်မှာ ဗြိတိန်တော်ဝင်မင်းသား ဟာရီနဲ့ ကြင်ယာတော် ကိတ်တို့ဟာ လူမြင်ကွင်ကို ထွက်တဲ့အခါတိုင်း တစ်ယောက်ကိုတစ်ယောက် လက်ဆွဲနေခြင်း၊ ဖက်ရမ်း နမ်းရှုပ်နေခြင်း၊ အစားအစာ စသည်တို့ ခွံ့ကျွေးနေခြင်းမျိုး တွေ့ရခဲတယ်ဆိုတဲ့ သတင်းလေးကို ဖတ်မိခဲ့ပါတယ်

ကောက်ချက်ချသူတစ်ယောက်ဟာ တော်ဝင်မျိုးနွယ်များမို့ တော်ဝင်စည်းကမ်းတွေအရ လူမြင်ကွင်မှာ လက်ဆွဲနေခြင်း၊ ဖက်ရမ်း နမ်းရှုပ်နေခြင်း၊ အစားအစာ စသည်တို့ ခွံ့ကျွေးနေခြင်းမျိုး မပြုလုပ်ရဘူးလို့ သတ်မှတ်ထားတာမျိုး မရှိကြောင်း၊ ဒါပေမယ့် မင်းသားနဲ့ ကြင်ယာတော်ဟာ လူကြီး လူကောင်းများပီပီ PDA ကို လေးစားလိုက်နာခြင်း ဖြစ်နို်င်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

PDA ဆိုတာ ဘာလဲ ?

PDA ဆိုတာက Public displays of affection ကို ဆိုလိုတာပါ။ အဓိပ္ပါယ်ကတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ပန်းခြံ၊ ကျောင်း၊ ပွဲတော် စတဲ့နေရာတွေမှာ အများပြည်သူအမြင်နဲ့ မသင့်တော်တဲ့ ကိုယ်အမူအယာ၊ နှုတ်အမူအယာတွေ မပြုမူမိအောင် ရှောင်ရှားခြင်းပါဘဲ။ ဒီလို ရှောင်တဲ့သူရယ်လို့ အခြားနိုင်ငံတွေမှာလည်း အတော်နည်းပါးပါတယ်။

တစ်ချို့က ကိုယ့်ရဲ့ အပြုအမူဟာ ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက် ဖြစ်စေမှန်း၊ ဘယ်တုန်းကမှ မစဉ်းစားကြပါဘူး။ နိုင်ငံခြားမှာလည်း ဒီလိုလူတွေ ရှိပါတယ်။ များသောအားဖြင့်တော့ PDA ကို ချိုးဖောက်တာက ချစ်သူစုံတွဲတွေလို့ စစ်တမ်းတစ်ရပ်က ဆိုပါတယ်။

လူမြင်ကွင်းမှာ အနမ်းကြမ်းကြမ်းတွေ ပေးတာ၊ ဘက်စ်ကားပေါ်ကဲ့သို့သော နေရာတွေမှာ ပက်ချွဲနှပ်ချွဲနဲ့ မခွဲနိုင်မခွာရက်ဖက်နေတာ၊ စာသင်ခန်းတွေ၊ ကျောင်းတွေဆိုတာကိုတောင် မမြင်တော့ဘဲ၊ မလုပ်သင့်မလုပ်အပ်တဲ့ အရာတွေ လုပ်နေတာမျိုးတွေဟာ အလွန်ဆိုးဝါးတဲ့ အပြုအမူတွေပါဘဲ။

ဒီလိုအပြုအမူတွေဟာ အချစ်စိတ်နဲ့ မွှန်ထူနေလို့ ပြုလုပ်သူတွေက ပတ်ဝန်းကျင်ကို သတိမထားမိပေမယ့် မြင်ရသူတွေ အဖို့မှာတော့ အတော်လေးကို နှာခေါင်းရှုံ့စရာ ဖြစ်ရပ်တစ်ခုပါ။ တစ်ချို့က ဘာသာရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာတောင် မရှောင်နိုင်အောင်အထိ မိုးမွှန်နေတာတွေဟာ အလွန်စိတ်ပျက် စရာပါဘဲ။

ဒါတွေ လုပ်တော့ ဘာဖြစ်သလဲ ?

ဘာမှ မဖြစ်ပါ။ ဒါပေမယ့် ကျောင်းကဲ့သို့လို အစိုးရပိုင်နေရာမျိူး/ သာသနာ့ဝတ္တကမြေလို နေရာမျိုးမှာ သောက်စားမူးယစ်ခြင်း၊ ချစ်တင်းနှောခြင်းဟာ ဥပဒေအရ အရေးယူလို့ရတဲ့ သို့မဟုတ် ကျောင်းစည်းကမ်းအရ အရေးယူလိုရတဲ့ အပြစ်တွေဆိုတာကိုတော့ သိစေချင်ပါတယ်။

အခုဆောင်းပါးမှာ ရည်ရွယ်တာက PDA ကို စောင့်ထိန်းသင့်တဲ့အရာ၊ စောင့်ထိန်းရမယ့်အရာဖြစ်ကြောင်းကို မသိတဲ့သူတွေ သိသွားစေဖို့သာ ရည်ရွယ်ပါတယ်/

ခရက်ဒစ်မူရင်း

Be the first to comment

Leave a Reply

Your email address will not be published.


*