အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသူလေးကို ပထွေးဖြစ်သူက ပြုကျင့်ရန်ကြံစည်မှု

 

အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသူလေးကို ပထွေးဖြစ်သူက ပြုကျင့်ရန်ကြံစည်မှု





ဖြစ်စဉ်မှာ

ထောက်ကြန့်ကွင်းကျေးရွာနေ မ——– ၂၉ နှစ်သည် ပထမ အိမ်ထောင်နှင့်ရ သည့် မ——— ၇နှစ် ဒုတိယတန်းကျောင်းသူ သည် လက်ရှိ သိုင်း ချစ်(ခ)ကံကောင်းနှင့် ရသည့် ၂ နှစ်အရွယ်သမီး ငယ်နှင့်အတူ ဇူလိုင် ၈ ရက်နေ့၊ည ၁၀ နာရီအချိန်ခန့်၌ အိပ်ပျော်နေကြစဉ် –



 



Unicode

အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသူလေးကို ပထွေးဖြစ်သူက ပြုကျင့်ရန်ကြံစည်

လာပြန်ပြီ နောက်တမျိုး အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသူလေးကို ပထွေးဖြစ်သူက သားမယားပြုကျင့်ရန်ကြံစည်

ရေတာရှည် ဇူလိုင် ၁၀ – ပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့နယ်၊ငါးကြီးကွေ့ကျေးရွာအုပ်စု၊ ထောက်ကြန့်ကွင်းကျေး ရွာတွင် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသူလေးကို ပထွေးဖြစ်သူမှ သားမယားပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပထွေးဖြစ်သူမှ သားမယားပြုကျင့်ရန် ကြံစည်မှုနှင့်ပတ်သက်၍ ယနေ့ ဇူလိုင် ၁၀ ရက်၊ ညနေပိုင်းအချိန်က မိခင်ဖြစ်သူမှ ဆွာနယ်မြေ ရဲစခန်းသို့လာရောက်အမှုဖွင့်တိုင်တန်းခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် ဒုတိယတန်းကျောင်းသူလေးအား သားမယာပြုကျင့်ရန် ကြံစည်မှုနှင့်ပတ်သက်၍ ဆွာမြို့မရဲစခန်းမှ ပြစ်မှုကျူ းလွန်သူ သိုင်းချစ်(ခ)ကံကောင်း (၂၉ နှစ် )၊ ထောက်ကြန့်ကွင်းရွာနေသူအား အမှုဖြင့်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ

ထောက်ကြန့်ကွင်းကျေးရွာနေ မ——– ၂၉ နှစ်သည် ပထမ အိမ်ထောင်နှင့်ရ သည့် မ——— ရနှစ် ဒုတိယတန်းကျောင်းသူ သည် လက်ရှိ သိုင်း ချစ်(ခ)ကံကောင်းနှင့် ရသည့် ၂ နှစ်အရွယ်သမီး ငယ်နှင့်အတူ ဇူလိုင် ၈ ရက်နေ့၊ည ၁၀ နာရီအချိန်ခန့်၌ အိပ်ပျော်နေကြစဉ် –

သိုင်းချစ်(ခ)ကံကောင်းမှ အရက်များမူး၍ပြန်ရောက်လာခဲ့ပြီးနောက် မ———- ၇ နှစ်၏ ဘောင်းဘီအားဆွဲချွတ်၍ သားမယား အဖြစ်ပြုကျင့်မည်အလုပ်တွင် အနီး၌ အတူတူ အိပ်နေသည့် ၂ နှစ်အရွယ်ကလေးငယ်မှ သိုင်းချစ်(ခ)ကံကောင်း၏ လက်ကို ပါးစပ်ဖြင့်ကိုက်သဖြင့် သိုင်းချစ်မှအော်လိုက်စဉ် –

ဇနီးဖြစ်သူ လန့်နိုးလာပြီး အကျိုးအကြောင်းမေးမြန်ခဲ့ရာတွင် သားမယားပြုကျင့် ရန်ကြံစည်ခြင်းဖြစ်ကြောင်းသိရသည့်အတွက် မိခင်ဖြစ်သူမှတရားလိုပြုလုအ်ကာ ဆွာနယ်မြေရဲ စခန်းတွင်အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ရဲစခန်းမှ သားမယားပြုကျင့်ရန်ကြံရွယ်သူ သိုင်းချစ်(ခ)ကံကောင်းကို (ပ)၁၂၄ /၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ / ၅၁၁ ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Credit – YaNaung-ကိုလွင်(ဆွာ)

Be the first to comment

Leave a Reply

Your email address will not be published.


*