Victoria’s Finance Team ဘဏ္အေကာင့္ ကို AYA Bank မွ ဆိုင္းငံထားျခင္းကိစၥ

 

Victoria’s Finance Team ဘဏ္အေကာင့္ ကို AYA Bank မွ ဆိုင္းငံထားျခင္းကိစၥ

AYA Bank က တာဝန္ရွိသူနဲ႔ ဖုန္းေျပာျဖစ္ပါတယ္။

ပထမ Call မွာ ေျပာျဖစ္တာက ဗဟိုဘဏ္ကေန ၫႊန္ၾကားခ်က္နဲ႔ ဘဏ္အေကာင့္ကို suspend (ဆိုင္းငံံ႔) လုပ္ခိုင္းထားလို႔ လုပ္ထားရပါတယ္တဲ့။ ဘဏ္ဖက္က ေၾကညာခ်က္ထုတ္ေပးပါ့မယ္တဲ့။

သူတို႔သေဘာနဲ႔ သူတို႔ပိတ္ရတာမဟုတ္ပါဘူးတဲ့။ အဲ့လိုလည္း လုပ္ခြင့္မရွိပါဘူးတဲ့။ အေကာင့္ထဲက ေငြေတြလည္း ဘာမွမျဖစ္ပါဘူးတဲ့။

ကိုသကၠမိုးညိုက ဘဏ္ကိုေမးလို႔ သိရတာကေတာ့ “ေငြေၾကးဆိုင္ရာ စံုစမ္းေထာက္လွမ္းေရးအဖြဲ႕” က လွမ္းပိတ္ခိုင္းလို႔ ပိတ္ထားရတယ္လို႔ သိရပါတယ္။

 

ဘဏ္က ဒုတိယဖုန္း call မွာေတာ့ AYA Bank – MD ဦးျမင့္ေဇာ္နဲ႔ ေျပာခဲ့တာပါ။ ဗဟိုဘဏ္က တရားဝင္စာေတာ့ လက္ထဲမေရာက္ေသးပါတဲ့။ လက္ထဲေရာက္တဲ့အထိ အေကာင့္ျပန္ဖြင့္ထားေပးပါမယ္တဲ့။

အခု အေကာင့္ျပန္ပြင့္ေနပါၿပီ။ ဒီထဲက ေငြေတြကို အခ်ိန္မွီ ထုတ္ဖို႔ ေျပာေနၾကတာေတြ႕ပါတယ္။ ကၽြန္မတို႔ အေနနဲ႔ အဲ့ဒီလိုလုပ္မွ “မ႐ိုးသားဘူး” လို႔ အစြပ္စြဲခံရႏိုင္တာမို႔ ေငြေတြထုတ္လိုက္ဖို႔ ဆႏၵမရွိပါဘူး။ အေကာင့္ဝင္လို႔ရတဲ့ ေနာက္ဆံုးအခ်ိန္အထိ Update ေတြ စစ္ၿပီးယူထားပါ့မယ္။

 

အခုလက္ရွိ ပမာဏကေတာ့ ၁၉၆ သိန္းေက်ာ္ေနပါၿပီ။ အလႉရွင္မ်ားကလည္း အလႉေငြေတြ မလႊဲေသးပဲ ဆိုင္းငံ့ထားေစလိုပါတယ္။ ျပႆနာေတြရွင္းမွ ဆက္လုပ္ၾကတာေပါ့။

Credit – Jessica Mozart / Victoria’s Finance Team

Unicode

Victoria’s Finance Team ဘဏ်အကောင့် ကို AYA Bank မှ ဆိုင်းငံထားခြင်းကိစ္စ

AYA Bank က တာဝန်ရှိသူနဲ့ ဖုန်းပြောဖြစ်ပါတယ်။

 

ပထမ Call မှာ ပြောဖြစ်တာက ဗဟိုဘဏ်ကနေ ညွှန်ကြားချက်နဲ့ ဘဏ်အကောင့်ကို suspend (ဆိုင်းငံံ့) လုပ်ခိုင်းထားလို့ လုပ်ထားရပါတယ်တဲ့။ ဘဏ်ဖက်က ကြေညာချက်ထုတ်ပေးပါ့မယ်တဲ့။

သူတို့သဘောနဲ့ သူတို့ပိတ်ရတာမဟုတ်ပါဘူးတဲ့။ အဲ့လိုလည်း လုပ်ခွင့်မရှိပါဘူးတဲ့။ အကောင့်ထဲက ငွေတွေလည်း ဘာမှမဖြစ်ပါဘူးတဲ့။

ကိုသက္ကမိုးညိုက ဘဏ်ကိုမေးလို့ သိရတာကတော့ “ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့” က လှမ်းပိတ်ခိုင်းလို့ ပိတ်ထားရတယ်လို့ သိရပါတယ်။

 

ဘဏ်က ဒုတိယဖုန်း call မှာတော့ AYA Bank – MD ဦးမြင့်ဇော်နဲ့ ပြောခဲ့တာပါ။ ဗဟိုဘဏ်က တရားဝင်စာတော့ လက်ထဲမရောက်သေးပါတဲ့။ လက်ထဲရောက်တဲ့အထိ အကောင့်ပြန်ဖွင့်ထားပေးပါမယ်တဲ့။

အခု အကောင့်ပြန်ပွင့်နေပါပြီ။ ဒီထဲက ငွေတွေကို အချိန်မှီ ထုတ်ဖို့ ပြောနေကြတာတွေ့ပါတယ်။ ကျွန်မတို့ အနေနဲ့ အဲ့ဒီလိုလုပ်မှ “မရိုးသားဘူး” လို့ အစွပ်စွဲခံရနိုင်တာမို့ ငွေတွေထုတ်လိုက်ဖို့ ဆန္ဒမရှိပါဘူး။ အကောင့်ဝင်လို့ရတဲ့ နောက်ဆုံးအချိန်အထိ Update တွေ စစ်ပြီးယူထားပါ့မယ်။

အခုလက်ရှိ ပမာဏကတော့ ၁၉၆ သိန်းကျော်နေပါပြီ။ အလှူရှင်များကလည်း အလှူငွေတွေ မလွှဲသေးပဲ ဆိုင်းငံ့ထားစေလိုပါတယ်။ ပြဿနာတွေရှင်းမှ ဆက်လုပ်ကြတာပေါ့။

Credit – Jessica Mozart / Victoria’s Finance Team