ဆင္တုပ္ေကြး ဂ႐ုစိုက္ေစခ်င္

 

ဒီရာသီမွာ အျဖစ္​မ်ားေနၾကတဲ့ ဆင္​တုတ္​​ေကြး​ေၾကာင္​့ ျပည္သူမ်ား ဂရုစိုက္ေစခ်င္

ဆင္တုပ္ေကြး ဂ႐ုစိုက္ေစခ်င္

ဒီရာသီမွာအျဖစ္​မ်ားၾကတဲ့ဆင္​တုတ္​​ေကြး​ေၾကာင္​့ ဖ်ားတဲ့လူနာ​ေတြဟာ အဖ်ားက ၁၀၃ ၊၁၀၄ အ႐ိုးအဆစ္ေတြမခံမရပ္ႏိုင္ေအာင္ကိုက္ၾကပါတယ္။

တခ်ိဳ႕က ေထာ့နဲ႔နဲ႔ နဲ႔ေတာင္ေလွ်ာက္​​ေနရ​ေလာက္​​ ​ေအာင္​ အားအင္​မ႐ွိႏံုးခ်ိခ်ိနဲ႔အဆစ္​အျမစ္​​ေတြကိုက္​ ​ေနတတ္​ပါတယ္။သူတို႔တကယ္​ခံစား​ေနရတာပါ အဲ​ေလာက္​ျဖစ္​​ေနမွန္​း​ေဘးလူ​ေတြမသိၾကပါဘူး။ အဖ်ားက ၂ရက္၃ရက္ ေလာက္မွက် ၿပီး အ႐ိုးအဆစ္ နာတာေတြကလည္း ၄-၅ရက္ေလာက္မွ သက္သာပါတယ္။ အဖ်ားက်ျပီး​ေတာ့ လည္း​တစ္ကိုယ္လံုး အနီ အပိန္ ့​ေတြထြက္ပါတယ္ အေတာ္အသင့္ယားတယ္ တစ္ပတ္ ​ေလာက္ၾကာတတ္ပါတယ္ တစ္ကိုယ္လံုးျဖစ္ေတာ့ စိတ္ပူၾက​ေမးျမန္​းၾက​တာ​ေပါ့…

အသိေပးခ်င္တာက

(၁)​ေရာဂါလကၡဏာကျပင္းထန္ပါတယ္၊အသက္ေသတဲ့အဆင့္ထိျဖစ္တာေတာ့႐ွားပါတယ္။

(၂)ပတ္ေလာက္ၾကာပါတယ္။

(၃)သူ႔ဟာသူေျဖးေျဖးခ်င္းျပန္ေကာင္းပါတယ္။

(၄)ျဖစ္တဲ့လကၡဏာေတြသက္သာေအာင္ ဆရာဝန္နဲ႔ ျပသင့္ပါတယ္။

(၅)အနားမ်ားမ်ားယူၿပီး ေရဓာတ္ ဆားဓာတ္ျပန္ျဖည့္ရပါမယ္။

ကာကြယ္ေဆးမ႐ွိပါ ခုထိုးေနျကတဲ့ ရာသီတုပ္ေကြးကာကြယ္ေဆးကလဲ ဆင္တုပ္ေကြးကို မကာကြယ္ႏိုင္ပါ

{ ျခင္မကိုက္ေအာင္ေနျခင္းကသာ ကာကြယ္ေပးႏိုင္ ပါလိမ့္​မယ္ } ထို႔ေၾကာင့္မိဘျပည္သူမ်ားအေနျဖင့္ မိမိကိုယ္တိုင္ႏွင့္ မိမိတို႔ ကေလးငယ္မ်ားကို ျခင္မကိုက္ေအာင္ ေနျခင္း ျဖင့္ ေသြးလြန္တုပ္ေကြးႏွင့္ ဆင္တုပ္ေကြး မျဖစ္ ​ေအာင္ကာကြယ္ၾကပါလို႔တိုက္တြန္းပါတယ္။ ျဖစ္လာၿပီဆိုရင္လဲ စပ္ေဆးေတြမေသာက္ပဲ ေဆးရံု ၊ေဆးခန္းမွာ ကုသၾကပါလို႔တိုက္တြန္းပါတယ္။

ဆင္တုပ္ေကြး (chikungunya)

chikungunya နာမည္ကုိ ေရာဂါစတင္ေတြ႔ရွိရာ တန္ဇန္းနီးယား ႏုိင္ငံ လူမ်ိဳးစုဘာသာစကားမွစတင္ ျမစ္ဖ်ားခံခဲ႔ျပီး တြန္႔လိမ္ေကာက္ေကြးျခင္းလုိ႔အဓိပၸါယ္ ရပါတယ္ ။ ေရာဂါ ခံစားရသူမ်ား နာက်ဥ္ကုိက္ခဲ၍ ​ေနျခင္းကုိဆုိလုိပါတယ္။ ဘာေၾကာင္႔ျဖစ္တာလဲ? ေရာဂါပုိးသယ္ေဆာင္ထားေသာျခင္ကုိက္ခံရ၍ျဖစ္ပါ သည္။ျခင္ကုိက္ခံရျပီး ၃ရက္မွ၅ရက္တြင္ လကၡဏာ စတင္ခံစားရပါသည္။ျခင္ အမ်ိဳးအစား(Aedes aegypti & Aedes albopictus) က ေသြး လြန္တုပ္ေကြး ျဖစ္ေစေသာ ျခင္ အမ်ိဳးအစားႏွင္႔အတူတူျဖစ္ပါတယ္။

ဘာေတြျဖစ္မွာလဲ ? အဓိိက လကၡဏာ ကဖ်ားပီး အဆစ္အျမစ္လြန္စြာ ကုိက္ခဲျခင္းျဖစ္သည္။လူနာအမ်ားစု(၈၇%-၉၀%) မွာကုိက္ခဲ ၾကပါ တယ္ ။၄င္းအျပင္ ေခါင္းကုိက္ ျခင္း ၾကြက္သားမ်ားနာက်င္ျခင္း အဆစ္အျမစ္ေရာင္ျခင္း အေရျပား အကြက္ေပၚျခင္းမ်ားျဖစ္တတ္ပါသည္။ မ်ားေသာအားျဖင္႔ ေသေစႏုိင္ေသာ ေရာဂါမဟုတ္ပါ ။ လူအမ်ားစုတြင္ ရက္သတၱပါတ္အနည္းငယ္အတြင္း ေရာဂါ ေပ်ာက္ကင္းသြားေလ႔ရွိျပီး အခ်ိဳ႔ေသာသူ မ်ားတြင္ အဆစ္နာက်ဥ္ျခင္းအား လေပါင္းမ်ားစြာ ခံစားရႏုိင္ပါသည္။

ေရာဂါ ျဖစ္ျပီးသူမ်ားအေနျဖင္႔ ခုခံစြမ္းအား ရရွိျပီး ေနာက္ထပ္ ထပ္မံမျဖစ္ႏုိင္ေတာ႔ ပါ။ေသြးလြန္တုပ္ေကြးႏွင္႔မတူပဲ ၄င္းတြင္ မ်ိဳးကြဲ မရွိ၍ျဖစ္ပါသည္။

ဘယ္လုိကူးစက္ႏုိင္လဲ? ေရာဂါကူးစက္ခံရသူ၏ ကုိယ္တြင္း မွာ ဗုိင္းရပ္စ္ ပုိး သည္(၅ ရက္မွ ​၇ရက္အတြင္​း) ရွိေနႏုိင္သျဖင္႔ ထုိအခ်ိန္အတြင္း ကုိက္ေသာျခင္မွတဆင္႔ အျခားသူအား ကုိက္ခံရပါက ကူးစက္ႏုိင္ပါသည္။ လူတစ္ဦး မွတစ္ဦးသုိ႔ တုိက္ရုိက္မကူးစက္ႏုိင္ပါ ျခင္ကုိက္ခံရျခင္းမွ သာကူးစက္ျခင္းျဖစ္ပါသည္။

ဘယ္လုိကုသရမလဲ? အနားယူ ပါ အရည္မ်ားမ်ားေသာက္ပါ အဖ်ားအနာ သက္သာေအာင္ ပါရာစီတေမာေဆးကုိ ညႊန္ၾကား ခ်က္အတုိင္းေသာက္ပါ (အက္စပရင္ႏွင္႔ အျခားအ ကုိက္အခဲေပ်ာက္ေဆးမ်ားကုိ ဆရာဝန္ညႊန္ၾကား ခ်က္မပါဘဲ မသုံးသင့္ပါ) ပထမ တစ္ပါတ္အတြင္း ျခင္ကုိက္မခံရေအာင္ ဂရုစုိက္ပါ(အျခားသူမ်ားမကူး စက္ႏုိင္ရန္)

ဘယ္လုိကာကြယ္ႏုိင္မလဲ? အဓိက ျခင္ကုိက္မခံရေအာင္ေနျခင္းျဖစ္ပါတယ္။

သတိျပဳရမည္႔အခ်က္ ? ေသြးလြန္တုပ္ေကြး ေရာဂါ ႏွင္႔ေရာဂါ လကၡဏာ ဆင္တူသည္။ထို႔ေၾကာင့္ ဂ႐ုစိုက္ကုသင့္ပါသည္။ ဆင္တုပ္ေကြးျဖစ္ရင္ အရည္ျပားမွာ ​ေအာက္ပါအတိုင္း အ​​နီစက္မ်ားထြက္တတ္ပါတယ္။

ႀကိဳတင္​သတိျပဳ​ၾက​ေစရန္ ​စိတ္​ရည္​သန္​လွ်က္​.. အညတရ

Unicode

ဒီရာသီမှာ အဖြစ်​များနေကြတဲ့ ဆင်​တုတ်​​ကွေး​ကြောင်​့ ပြည်သူများ ဂရုစိုက်စေချင်

ဆင်တုပ်ကွေး ဂရုစိုက်စေချင်

ဒီရာသီမှာအဖြစ်​များကြတဲ့ဆင်​တုတ်​​ကွေး​ကြောင်​့ ဖျားတဲ့လူနာ​တွေဟာ အဖျားက ၁၀၃ ၊၁၀၄ အရိုးအဆစ်တွေမခံမရပ်နိုင်အောင်ကိုက်ကြပါတယ်။

တချို့က ထော့နဲ့နဲ့ နဲ့တောင်လျှောက်​​နေရ​လောက်​​ ​အောင်​ အားအင်​မရှိနုံးချိချိနဲ့အဆစ်​အမြစ်​​တွေကိုက်​ ​နေတတ်​ပါတယ်။သူတို့တကယ်​ခံစား​နေရတာပါ အဲ​လောက်​ဖြစ်​​နေမှန်​း​ဘေးလူ​တွေမသိကြပါဘူး။ အဖျားက ၂ရက်၃ရက် လောက်မှကျ ပြီး အရိုးအဆစ် နာတာတွေကလည်း ၄-၅ရက်လောက်မှ သက်သာပါတယ်။ အဖျားကျပြီး​တော့ လည်း​တစ်ကိုယ်လုံး အနီ အပိန် ့​တွေထွက်ပါတယ် အတော်အသင့်ယားတယ် တစ်ပတ် ​လောက်ကြာတတ်ပါတယ် တစ်ကိုယ်လုံးဖြစ်တော့ စိတ်ပူကြ​မေးမြန်​းကြ​တာ​ပေါ့…

အသိပေးချင်တာက

(၁)​ရောဂါလက္ခဏာကပြင်းထန်ပါတယ်၊အသက်သေတဲ့အဆင့်ထိဖြစ်တာတော့ရှားပါတယ်။

(၂)ပတ်လောက်ကြာပါတယ်။

(၃)သူ့ဟာသူဖြေးဖြေးချင်းပြန်ကောင်းပါတယ်။

(၄)ဖြစ်တဲ့လက္ခဏာတွေသက်သာအောင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(၅)အနားများများယူပြီး ရေဓာတ် ဆားဓာတ်ပြန်ဖြည့်ရပါမယ်။

ကာကွယ်ဆေးမရှိပါ ခုထိုးနေကြတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကလဲ ဆင်တုပ်ကွေးကို မကာကွယ်နိုင်ပါ

{ ခြင်မကိုက်အောင်နေခြင်းကသာ ကာကွယ်ပေးနိုင် ပါလိမ့်​မယ် } ထို့ကြောင့်မိဘပြည်သူများအနေဖြင့် မိမိကိုယ်တိုင်နှင့် မိမိတို့ ကလေးငယ်များကို ခြင်မကိုက်အောင် နေခြင်း ဖြင့် သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေး မဖြစ် ​အောင်ကာကွယ်ကြပါလို့တိုက်တွန်းပါတယ်။ ဖြစ်လာပြီဆိုရင်လဲ စပ်ဆေးတွေမသောက်ပဲ ဆေးရုံ ၊ဆေးခန်းမှာ ကုသကြပါလို့တိုက်တွန်းပါတယ်။

ဆင်တုပ်ကွေး (chikungunya)

chikungunya နာမည်ကို ရောဂါစတင်တွေ့ရှိရာ တန်ဇန်းနီးယား နိုင်ငံ လူမျိုးစုဘာသာစကားမှစတင် မြစ်ဖျားခံခဲ့ပြီး တွန့်လိမ်ကောက်ကွေးခြင်းလို့အဓိပ္ပါယ် ရပါတယ် ။ ရောဂါ ခံစားရသူများ နာကျဉ်ကိုက်ခဲ၍ ​နေခြင်းကိုဆိုလိုပါတယ်။ ဘာကြောင့်ဖြစ်တာလဲ? ရောဂါပိုးသယ်ဆောင်ထားသောခြင်ကိုက်ခံရ၍ဖြစ်ပါ သည်။ခြင်ကိုက်ခံရပြီး ၃ရက်မှ၅ရက်တွင် လက္ခဏာ စတင်ခံစားရပါသည်။ခြင် အမျိုးအစား(Aedes aegypti & Aedes albopictus) က သွေး လွန်တုပ်ကွေး ဖြစ်စေသော ခြင် အမျိုးအစားနှင့်အတူတူဖြစ်ပါတယ်။

ဘာတွေဖြစ်မှာလဲ ? အဓိိက လက္ခဏာ ကဖျားပီး အဆစ်အမြစ်လွန်စွာ ကိုက်ခဲခြင်းဖြစ်သည်။လူနာအများစု(၈၇%-၉၀%) မှာကိုက်ခဲ ကြပါ တယ် ။၄င်းအပြင် ခေါင်းကိုက် ခြင်း ကြွက်သားများနာကျင်ခြင်း အဆစ်အမြစ်ရောင်ခြင်း အရေပြား အကွက်ပေါ်ခြင်းများဖြစ်တတ်ပါသည်။ များသောအားဖြင့် သေစေနိုင်သော ရောဂါမဟုတ်ပါ ။ လူအများစုတွင် ရက်သတ္တပါတ်အနည်းငယ်အတွင်း ရောဂါ ပျောက်ကင်းသွားလေ့ရှိပြီး အချို့သောသူ များတွင် အဆစ်နာကျဉ်ခြင်းအား လပေါင်းများစွာ ခံစားရနိုင်ပါသည်။

ရောဂါ ဖြစ်ပြီးသူများအနေဖြင့် ခုခံစွမ်းအား ရရှိပြီး နောက်ထပ် ထပ်မံမဖြစ်နိုင်တော့ ပါ။သွေးလွန်တုပ်ကွေးနှင့်မတူပဲ ၄င်းတွင် မျိုးကွဲ မရှိ၍ဖြစ်ပါသည်။

ဘယ်လိုကူးစက်နိုင်လဲ? ရောဂါကူးစက်ခံရသူ၏ ကိုယ်တွင်း မှာ ဗိုင်းရပ်စ် ပိုး သည်(၅ ရက်မှ ​ရရက်အတွင်​း) ရှိနေနိုင်သဖြင့် ထိုအချိန်အတွင်း ကိုက်သောခြင်မှတဆင့် အခြားသူအား ကိုက်ခံရပါက ကူးစက်နိုင်ပါသည်။ လူတစ်ဦး မှတစ်ဦးသို့ တိုက်ရိုက်မကူးစက်နိုင်ပါ ခြင်ကိုက်ခံရခြင်းမှ သာကူးစက်ခြင်းဖြစ်ပါသည်။

ဘယ်လိုကုသရမလဲ? အနားယူ ပါ အရည်များများသောက်ပါ အဖျားအနာ သက်သာအောင် ပါရာစီတမောဆေးကို ညွှန်ကြား ချက်အတိုင်းသောက်ပါ (အက်စပရင်နှင့် အခြားအ ကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြား ချက်မပါဘဲ မသုံးသင့်ပါ) ပထမ တစ်ပါတ်အတွင်း ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ(အခြားသူများမကူး စက်နိုင်ရန်)

ဘယ်လိုကာကွယ်နိုင်မလဲ? အဓိက ခြင်ကိုက်မခံရအောင်နေခြင်းဖြစ်ပါတယ်။

သတိပြုရမည့်အချက် ? သွေးလွန်တုပ်ကွေး ရောဂါ နှင့်ရောဂါ လက္ခဏာ ဆင်တူသည်။ထို့ကြောင့် ဂရုစိုက်ကုသင့်ပါသည်။ ဆင်တုပ်ကွေးဖြစ်ရင် အရည်ပြားမှာ ​အောက်ပါအတိုင်း အ​​နီစက်များထွက်တတ်ပါတယ်။

ကြိုတင်​သတိပြု​ကြ​စေရန် ​စိတ်​ရည်​သန်​လျှက်​.. အညတရ

Be the first to comment

Leave a Reply

Your email address will not be published.


*