(၁၈)ႏွစ္ေကာင္မေလးကို အသက္(၁၂)ဝန္းက်င္ ေကာင္ေလး(၅)ဦးက အဓမၼျပဳက်င့္မႈ

 

(၁၈)ႏွစ္ေကာင္မေလးကို အသက္(၁၂)ဝန္းက်င္ ေကာင္ေလး(၅)ဦးက အဓမၼျပဳက်င့္မႈ

ဂ်ာမနီႏုိင္ငံအေနာက္ပုိင္း၊ Rhine-Westphalia အေနာက္ပုိင္းျပည္နယ္၊ Muelheim ၿမိဳ႕မွာ အသက္(၁၂)ဝန္းက်င္ ကေလးအုပ္စုတစ္စုက စိတ္က်န္းမာေရးမေကာင္းသူ ေကာင္မေလးတစ္ဦးကို ကစားကြင္းမွာ ဝုိင္းၿပီးအဓမၼက်င့္ခဲ့မႈ ျဖစ္ပြားခဲ့ပါတယ္။

ေကာင္ေလးအုပ္စုဟာ အငယ္ဆုံး အသက္(၁၂)ႏွစ္နဲ႔၊ အႀကီးဆုံး အသက္(၁၄)ႏွစ္သာရွိၾကေသးၿပီး၊ ေကာင္မေလးကေတာ့ အသက္(၁၈)ႏွစ္သာ ရွိပါေသးတယ္။

အဆုိပါေကာင္မေလးဟာ စိတ္ပုိင္းဆုိင္ရာ က်န္းမာေရးခ်ိဳ႕တဲ့ေနသူျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ ေသာၾကာေန႔က အဓမၼက်င့္ခံခဲ့ရတာပါ။ေလာေလာဆယ္ေတာ့ ျပစ္မႈက်ဴးလြန္သူ (၅)ဦးကို ရဲတပ္ဖြဲ႕က အုပ္စုဖြဲ႕အဓမၼမႈနဲ႔ ထိန္းသိမ္းထားပါတယ္။

သူတုိ႔ရဲ႕ ထြက္ဆုိခ်က္အရ အဲဒီေကာင္မေလးကုိ ကစားကြင္းဆီ မွ်ားေခၚၿပီး၊ ဝုိင္းခ်ဳပ္ကာ အဓမၼျပဳက်င့္ခဲ့တာလုိ႔ သိရပါတယ္။ အဆုိပါ ေကာင္ေလးေတြဟာ ဗြီဒီယုိေတာင္ ႐ုိက္ခဲ့ပါေသးသတဲ့

အခင္းျဖစ္ခ်ိန္ဟာ ညေနပုိင္း ေမွာင္ရီပ်ိဳးစ လူျပတ္လပ္ေနခ်ိန္မွာ ျဖစ္ခဲ့တာပါ။ အသက္(၆၁)ႏွစ္အရြယ္ အမ်ိဳးသားႀကီးက အလုပ္ကေန ေနအိမ္ကို လမ္းျပန္ၿပီးေလွ်ာက္လာစဥ္မွာ အခင္းအျဖစ္အပ်က္ကို ျမင္ေတြ႕ခဲ့တာျဖစ္ၿပီး၊ ရဲကုိ အေၾကာင္းၾကားခဲ့ပါတယ္။

 

ထြက္ေပၚလာတဲ့သတင္းေတြအရ အသက္(၁၄)ႏွစ္ေအာက္ ကေလးေတြဟာ တရားဥပေဒအရ အေရးယူလုိ႔ရတဲ့ အသက္အရြယ္ မဟုတ္ပါဘူးတဲ့။ (၁၂)အရြယ္ ေကာင္ေလးႏွစ္ေယာက္ကို ညတြင္းခ်င္း မိဘဆီ ျပန္အပ္ခဲ့ၿပီး၊ (၁၄)ႏွစ္အရြယ္ ေကာင္ေလး(၃)ဦးကိုေတာ့ ေနာက္ရက္မွာ မိဘထံ ျပန္အပ္ခဲ့ပါတယ္။

အဆုိပါေကာင္ေလးေတြဟာ ဘူေဂးရီးယားမွ ဂ်ာမန္ကို ေျပာင္းေရႊ႕လာသူေတြျဖစ္ၿပီး၊ တစ္ေယာက္နဲ႔တစ္ေယာက္ ေဆြမ်ိဳးေတာ္စပ္ေနၾကသူေတြလုိ႔ သိရပါတယ္။

အသက္အရြယ္အရ အေရးယူလုိ႔မရေပမယ့္၊ ကေလးမေလးရဲ႕ နစ္နာမႈအတြက္ေတာ့ သူတုိ႔ ေပးဆပ္ရဖုိ႔ရွိပါတယ္။

 

Credit – ေနသူရိန္ (D Khit Media)Source;Mirror

Unicode

(၁၈)နှစ်ကောင်မလေးကို အသက်(၁၂)ဝန်းကျင် ကောင်လေး(၅)ဦးက အဓမ္မပြုကျင့်မှု

ဂျာမနီနိုင်ငံအနောက်ပိုင်း၊ Rhine-Westphalia အနောက်ပိုင်းပြည်နယ်၊ Muelheim မြို့မှာ အသက်(၁၂)ဝန်းကျင် ကလေးအုပ်စုတစ်စုက စိတ်ကျန်းမာရေးမကောင်းသူ ကောင်မလေးတစ်ဦးကို ကစားကွင်းမှာ ဝိုင်းပြီးအဓမ္မကျင့်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

ကောင်လေးအုပ်စုဟာ အငယ်ဆုံး အသက်(၁၂)နှစ်နဲ့၊ အကြီးဆုံး အသက်(၁၄)နှစ်သာရှိကြသေးပြီး၊ ကောင်မလေးကတော့ အသက်(၁၈)နှစ်သာ ရှိပါသေးတယ်။

အဆိုပါကောင်မလေးဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့နေသူဖြစ်ပြီး၊ ပြီးခဲ့တဲ့ သောကြာနေ့က အဓမ္မကျင့်ခံခဲ့ရတာပါ။လောလောဆယ်တော့ ပြစ်မှုကျူးလွန်သူ (၅)ဦးကို ရဲတပ်ဖွဲ့က အုပ်စုဖွဲ့အဓမ္မမှုနဲ့ ထိန်းသိမ်းထားပါတယ်။

 

သူတို့ရဲ့ ထွက်ဆိုချက်အရ အဲဒီကောင်မလေးကို ကစားကွင်းဆီ မျှားခေါ်ပြီး၊ ဝိုင်းချုပ်ကာ အဓမ္မပြုကျင့်ခဲ့တာလို့ သိရပါတယ်။ အဆိုပါ ကောင်လေးတွေဟာ ဗွီဒီယိုတောင် ရိုက်ခဲ့ပါသေးသတဲ့

အခင်းဖြစ်ချိန်ဟာ ညနေပိုင်း မှောင်ရီပျိုးစ လူပြတ်လပ်နေချိန်မှာ ဖြစ်ခဲ့တာပါ။ အသက်(၆၁)နှစ်အရွယ် အမျိုးသားကြီးက အလုပ်ကနေ နေအိမ်ကို လမ်းပြန်ပြီးလျှောက်လာစဉ်မှာ အခင်းအဖြစ်အပျက်ကို မြင်တွေ့ခဲ့တာဖြစ်ပြီး၊ ရဲကို အကြောင်းကြားခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့သတင်းတွေအရ အသက်(၁၄)နှစ်အောက် ကလေးတွေဟာ တရားဥပဒေအရ အရေးယူလို့ရတဲ့ အသက်အရွယ် မဟုတ်ပါဘူးတဲ့။ (၁၂)အရွယ် ကောင်လေးနှစ်ယောက်ကို ညတွင်းချင်း မိဘဆီ ပြန်အပ်ခဲ့ပြီး၊ (၁၄)နှစ်အရွယ် ကောင်လေး(၃)ဦးကိုတော့ နောက်ရက်မှာ မိဘထံ ပြန်အပ်ခဲ့ပါတယ်။

အဆိုပါကောင်လေးတွေဟာ ဘူဂေးရီးယားမှ ဂျာမန်ကို ပြောင်းရွှေ့လာသူတွေဖြစ်ပြီး၊ တစ်ယောက်နဲ့တစ်ယောက် ဆွေမျိုးတော်စပ်နေကြသူတွေလို့ သိရပါတယ်။

အသက်အရွယ်အရ အရေးယူလို့မရပေမယ့်၊ ကလေးမလေးရဲ့ နစ်နာမှုအတွက်တော့ သူတို့ ပေးဆပ်ရဖို့ရှိပါတယ်။

Credit – နေသူရိန် (D Khit Media)Source;Mirror

Be the first to comment

Leave a Reply

Your email address will not be published.


*