အရမ္း၀လာလို႔ စိတ္္ညစ္ေနလွ်င္…

အရမ္း၀လာလို႔ စိတ္္ညစ္ေနလွ်င္…

ေရွာက္ရြက္္ ၇ ရြြက္၊ ကြမ္းရြက္ ၃ ရြက္ ၊သၾကား ၂ဇြန္း၊ ဆား ၁ဇြန္းေလ်ာ့ေလ်ာ့ (ထမင္းစားဇြန္းနဲ႔) ေရအျပည့္ျဖည့္ၿပီး ၁၀ ရက္ထား ၊ ၿပီးရင္ အရြက္ေတြ ဖယ္ထားၿပီး အစာမစားခင္္အၾကမ္းပန္းကန္တစ္ခြက္ ေသာက္ေပးယုံဘဲ(အခန္းအပူခ်ိန္ထဲဘဲထားရန္)၊

(အရြက္ေတြမဖယ္ထားလဲဘာမွမျဖစ္ပါ ရာသီဥတုအရမ္းပူေနေတာ့ အရမ္းခ်ဥ္စူးသြားမွာစိုးလို႔၊ ကိုယ္ေသာက္နိုင္ရင္ ရပါတယ္) ေရခဲေသတၱာထဲထည့္ထားရင္ေတာ့ အခ်ဥ္ဓါတ္က ထပ္မထြက္ေတာ့ဘဲ ပိုေသာက္ေကာင္းပါတယ္

2005 /2006 ခုႏွစ္ေလာက္ ေမေမ အရမ္းဝေနတုန္းက (ဆိုိကၠားေပၚထိုင္တာေတာင္ မဆန္႔ဘူး) ေျခေထာက္ကလည္း ဘယ္ျပန္ ညာျပန္က်ိဳးထားေတာ့ ေဖေဖ့ညီမ တစ္ေယာက္ကေန ဒီနည္းေလးေပးခဲ့တာ၊

(အဲ့အခ်ိန္တုန္းက ကိုယ္ေတြက မလိုိအပ္ဘူး ဂ်ပိိန္ေလး ၊ ေလတိုိက္ေနလို႔ လိုက္ကာလြင့္တာနဲ႔ ကုလားထိုင္ေလးနဲ႔ လိုက္ကာကိုဖိထိုင္တာ ကိုယ္ပါ လိုက္ ေရြ႕တယ္)

ေမေမက ဇြဲရွိတယ္ ပုံမွန္ေလးေသာက္ေပးတာ တကယ္ဘဲ ကိုယ္ရည္စစ္သြားတယ္ (ၾကာတဲ့လေတာ့ မမွတ္မိ) ၊ အာ့နဲ႔ ကိုယ္က စဥ့္အိုးေတြနဲ႔ ေဖာ္ၿပီး ဘုန္းႀကီးေက်ာင္း တခ်ိဳ႕ ကို လွူတယ္

(ဘုန္းဘုန္းေတြက ေလ ရတယ္ ၊ အေညာင္းအညာ ေျပတယ္ ၊တရားမွတ္လို႔ ေကာင္းတယ္ ဆိုၿပီး အျမဲမွာတယ္) ကုသိုလ္ရတာေပါ့ေနာ္ ၊ အရသာေလးကလည္း သံပုရာရည္လိုေလး (ကိုယ္ေတာ့ႀကိဳက္) ႐ုံးဝန္ထမ္းလုပ္ေနခ်ိန္ ဆိုေတာ့

အပိုေငြေလးဝင္ေအာင္ ဆိုၿပီး 1Ltr ေရသန္႔တစ္ဗူးစာ ကို ၂၀၀ က်ပ္နဲ႔ ေရာင္းတယ္၊ အားေပးၾကပါတယ္၊ ႐ုံးကတခ်ိဳ႕ လူႀကီးကေတာ္ ေတြဆို ပိုက္ဆံမေပးဘဲ မွာ မွာေသာက္ တာ၊

ကိုယ္ကလည္း လူႀကီးကေတာ္ဆိုိေတာ့ ေတာင္းရမွာ အားနာတာေလ၊ ပစၥည္းသာကုန္တာ ေငြကမေပၚလာ ၊ ကြမ္းရြက္ တို႔ သၾကားတို႔က ေဈးႀကီး လာတာနဲ႔ စိတ္နာၿပီး ဆက္မလုပ္ေတာ့တာ ခုထိ😂(ေျပာေတာ့ေျပာရွာပါတယ္ သူ႔ေရွာက္ရည္ေလးက ေသာက္လို႔ေကာင္းလိုက္တာ၊

ေလက အထက္မတက္ဘဲ ေအာက္ကဘဲ ထြက္တာ ၊ဝမ္းလည္းမွန္လို႔ ေနလို႔ေကာင္းတယ္ ေပါ့ေနတာဘဲ ဆိုဆိုၿပီး) (မနက္႐ုံးသြားရင္္ စက္ဘီးျခင္းေလးထဲ ထည့္ယူသြားတာ လမ္းမွာဖိတ္ေသးတာ အခ်ဥ္ဓါတ္နဲ႔ဆိုေတာ့ လဲလိုက္ရတဲ့ ျခင္း မေရတြက္နိုင္ဘူး)

အျမတ္ေတြ အျမတ္ေတြ လူလည္းအခ်ဥ္နံ့ေတြစြဲလို႔ိ ဆပ္ျပာလုပ္ရတာ အေညာင္းမိိ ေနလို႔မေကာင္းတာနဲ႔ ခုမွ ျပန္လုပ္ေသာက္တာ ၂ ပုလင္းေတာ့ ကုန္ၿပီ၊

၁၀ရက္ထားရတာ ဆိုိေတာ့ ရက္ေလးျခား ျခား ၿပီး မျပတ္ေအာင္ လုပ္ထားတယ္၊ ဝမ္းမွန္ၿပီး ေလ ကေတာ့ အသားကုန္လည္တာ …

စိတ္နာလို႔မေရာင္းဘူးေနာ္္၊ ႀကိဳေျပာထားတာ ေရွာက္ရြက္ႏုရင္ ပုပ္သြားပါတယ္ အရြက္ရင့္တာဘဲ သုံးရတာပါ

Thandar Htwe

Unicode

အရမ်းဝလာလို့ စိတ်ညစ်နေလျှင်…

ရှောက်ရွက် ၇ ရွက်၊ ကွမ်းရွက် ၃ ရွက် ၊သကြား ၂ဇွန်း၊ ဆား ၁ဇွန်းလျော့လျော့ (ထမင်းစားဇွန်းနဲ့) ရေအပြည့်ဖြည့်ပြီး ၁၀ ရက်ထား ၊ ပြီးရင် အရွက်တွေ ဖယ်ထားပြီး အစာမစားခင်အကြမ်းပန်းကန်တစ်ခွက် သောက်ပေးယုံဘဲ(အခန်းအပူချိန်ထဲဘဲထားရန်)၊

(အရွက်တွေမဖယ်ထားလဲဘာမှမဖြစ်ပါ ရာသီဥတုအရမ်းပူနေတော့ အရမ်းချဉ်စူးသွားမှာစိုးလို့၊ ကိုယ်သောက်နိုင်ရင် ရပါတယ်) ရေခဲသေတ္တာထဲထည့်ထားရင်တော့ အချဉ်ဓါတ်က ထပ်မထွက်တော့ဘဲ ပိုသောက်ကောင်းပါတယ်

2005 /2006 ခုနှစ်လောက် မေမေ အရမ်းဝနေတုန်းက (ဆိုက္ကားပေါ်ထိုင်တာတောင် မဆန့်ဘူး) ခြေထောက်ကလည်း ဘယ်ပြန် ညာပြန်ကျိုးထားတော့ ဖေဖေ့ညီမ တစ်ယောက်ကနေ ဒီနည်းလေးပေးခဲ့တာ၊

(အဲ့အချိန်တုန်းက ကိုယ်တွေက မလိုအပ်ဘူး ဂျပိန်လေး ၊ လေတိုက်နေလို့ လိုက်ကာလွင့်တာနဲ့ ကုလားထိုင်လေးနဲ့ လိုက်ကာကိုဖိထိုင်တာ ကိုယ်ပါ လိုက် ရွေ့တယ်)

မေမေက ဇွဲရှိတယ် ပုံမှန်လေးသောက်ပေးတာ တကယ်ဘဲ ကိုယ်ရည်စစ်သွားတယ် (ကြာတဲ့လတော့ မမှတ်မိ) ၊ အာ့နဲ့ ကိုယ်က စဉ့်အိုးတွေနဲ့ ဖော်ပြီး ဘုန်းကြီးကျောင်း တချို့ ကို လှူတယ်

(ဘုန်းဘုန်းတွေက လေ ရတယ် ၊ အညောင်းအညာ ပြေတယ် ၊တရားမှတ်လို့ ကောင်းတယ် ဆိုပြီး အမြဲမှာတယ်) ကုသိုလ်ရတာပေါ့နော် ၊ အရသာလေးကလည်း သံပုရာရည်လိုလေး (ကိုယ်တော့ကြိုက်) ရုံးဝန်ထမ်းလုပ်နေချိန် ဆိုတော့

အပိုငွေလေးဝင်အောင် ဆိုပြီး 1Ltr ရေသန့်တစ်ဗူးစာ ကို ၂၀၀ ကျပ်နဲ့ ရောင်းတယ်၊ အားပေးကြပါတယ်၊ ရုံးကတချို့ လူကြီးကတော် တွေဆို ပိုက်ဆံမပေးဘဲ မှာ မှာသောက် တာ၊

ကိုယ်ကလည်း လူကြီးကတော်ဆိုတော့ တောင်းရမှာ အားနာတာလေ၊ ပစ္စည်းသာကုန်တာ ငွေကမပေါ်လာ ၊ ကွမ်းရွက် တို့ သကြားတို့က ဈေးကြီး လာတာနဲ့ စိတ်နာပြီး ဆက်မလုပ်တော့တာ ခုထိ😂(ပြောတော့ပြောရှာပါတယ် သူ့ရှောက်ရည်လေးက သောက်လို့ကောင်းလိုက်တာ၊

လေက အထက်မတက်ဘဲ အောက်ကဘဲ ထွက်တာ ၊ဝမ်းလည်းမှန်လို့ နေလို့ကောင်းတယ် ပေါ့နေတာဘဲ ဆိုဆိုပြီး) (မနက်ရုံးသွားရင် စက်ဘီးခြင်းလေးထဲ ထည့်ယူသွားတာ လမ်းမှာဖိတ်သေးတာ အချဉ်ဓါတ်နဲ့ဆိုတော့ လဲလိုက်ရတဲ့ ခြင်း မရေတွက်နိုင်ဘူး)

အမြတ်တွေ အမြတ်တွေ လူလည်းအချဉ်နံ့တွေစွဲလို့ိ ဆပ်ပြာလုပ်ရတာ အညောင်းမိ နေလို့မကောင်းတာနဲ့ ခုမှ ပြန်လုပ်သောက်တာ ၂ ပုလင်းတော့ ကုန်ပြီ၊

၁၀ရက်ထားရတာ ဆိုတော့ ရက်လေးခြား ခြား ပြီး မပြတ်အောင် လုပ်ထားတယ်၊ ဝမ်းမှန်ပြီး လေ ကတော့ အသားကုန်လည်တာ …

စိတ်နာလို့မရောင်းဘူးနော်၊ ကြိုပြောထားတာ ရှောက်ရွက်နုရင် ပုပ်သွားပါတယ် အရွက်ရင့်တာဘဲ သုံးရတာပါ

Thandar Htwe

Be the first to comment

Leave a Reply

Your email address will not be published.


*