အကိုဝမ်းကွဲတော်ဆပ်သူမှ ညီမဖြစ်သူကို မုန့်ဖိုးတောင်းပေးမည်ဟု လိမ်ညာပြီး—- ပြုကျင့်










Credit to AlinnMyay

Unicode

အကိုဝမ်းကွဲတော်ဆပ်သူမှ ညီမဖြစ်သူကို မုန့်ဖိုးတောင်းပေးမည်ဟု လိမ်ညာပြီး အဓမ္မပြုကျင့်

မေ (၂၂) AlinnMyay(အလင်းမြေ)

မုန့်ဖိုးတောင်းပေးမည်ဟု ဆိုင်ကယ်ဖြင့် တင်ခေါ်သွားပြီး ညီမ ဝမ်းခွဲဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြူးမြို့နယ် အမြန်လမ်းမကြီး ၁၁၆ မိုင် ၇ ဖာလုံ တွင် ယမန်နေ့က ဖြစ်သွားခဲ့ကြောင်းသိရသည် ။

ဖြစ်စဉ်မှာ မေ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန် ထန်းသုံးပင် ၊ မြို့မ ၁ရပ်ကွက် ၊ ဇေယျဝတီ မြို့နေသူ မ ———၁၄ နှစ်သည် နေအိမ်တွင်ရှိနေစဉ် အစ်ကိုဝမ်းခွဲဖြစ်သူ မောင် ———-၂၈ နှစ်သည် နေအိမ်သို့ရောက်လာပြီး ညီဖြစ်သူထံမှ မုန့်ဖိုးတောင်းပေးမည်ဟု ပြောဆိုကာ ဆိုင်ကယ်ဖြင့် တင်ခေါ်သွားကြောင်းတိုင်ကြားစာအရ သိရသည် ။

ယင်းနောက် ညနေ ၆ နာရီ အချိန်တွင် နေအိမ်သို့ပြန်လည်ရောက်ရှိလာကြပြီး သမီးဖြစ်သူမှာ မျက်ရည်များဖြင့် ငိုထားသည်ကိုတွေ့ရ၍ မိခင်ဖြစ်သူမှ မေးကြည့်ရာ မိမိအား ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားပြီး အမြန်လမ်း ၁၁၆ မိုင် ၇ ဖာလုံ လမ်း၏ အရှေ့ဘက် တောစပ်တွင် အလိုမတူ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်ကြားစာအရ သိရသည် ။

ယင်းဖြစ်စဉ်အား မ——၏မိခင်ဖြစ်သူမှ ဆိုင်ကယ်ဖြင့် တင်ခေါ်သွားသော တူဖြစ်သူ မောင် —–အားမေးမြန်ခဲ့ရာ မေမြန်မှုအား ပြန်လည်မဖြေကြားပဲ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း တိုင်ကြားစာအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သမီးဖြစ်သူအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သော တူဖြစ်သူ မောင် ———– ထန်းသုံးပင် ၊ မြို့မ ၁ရပ်ကွက် ဇေယျဝတီမြို့ နေသူ အား ဇေယျဝတီနယ်မြေ ရဲစခန်းတွင် ဒီကနေ့ မိခင်ဖြစ်သူမှ တရားလိုလုပ်တိုင်တန်းခဲ့ရာ အဆိုပါ ရဲစခန်းမှ (ပ)၆၂ /၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Credit to AlinnMyay

Be the first to comment

Leave a Reply

Your email address will not be published.


*