ဒီလိုအချိန်ဟာ အရမ်းထိလွယ်ခိုက်လွယ်ဖြစ်နေတာကြောင့် ဗက်တီရီးယားတွေကိုယ့်ဆီကို အလွယ်တကူဝင်လာလို့ မရအောင် အတတ်နိုင်ဆုံး ကာကွယ်ပါ။
Ref ; themirror
Unicode
ဓမ္မတာလာချိန်မှာ မဖြစ်မနေ ရှောင်ရမယ့် အရာ (၅) ခု
အမျိုးသမီးလစဉ်သုံးပစ္စည်းကြော်ငြာတော်တော်များမှာတော့ အဲ့ဒီလိုအချိန်တွေ မှာ ပေါ့ပါး သွက်လက် ပြေးလွှားနေကြတဲ့ အမျိုးသမီးတွေရဲ့ ပုံကို ပြထားကြပါ တယ်။ ဒါပေမယ့် အမျိုးသမီးတော်တော်များများဟာ သူတို့ အဲ့ဒီလိုအချိန် မှာ ကြော်ငြာတွေထဲကလို ပေါ့ပါးသွက်လက် ပြေးလွှားမနေနိုင်ကြပါဘူး။
မအီမသာဖြစ်တာ၊ပျို့အန်တာ၊နောက်ကျော နာတာ၊ခေါင်းကိုက်တာ၊ဗိုက်အောင့်တာ စတဲ့ ဝေဒနာတွေကို ခံစားရလေ့ရှိပါတယ်။ရာသီလာချိန်မှာ ရှောင်၊ဆောင်ရမ ယ့် အရာတွေအများကြီးရှိပါတယ်။
အဲ့ဒီထဲကမှ ဒီလို အချိန်မှာ ရှောင်သင့်တဲ့ အချက်တွေကတော့
(၁)ရှောင်ရမယ့်အစားအစာများ
ရာသီလာနေတဲ့ အချိန်မှာတော့ ဒီလို အစားအစာတွေကို ရှောင်ပေး သင့်ပါတယ်။ချိစ်(သို့)ကယ်လိုရီများတဲ့ အစားအစာတွေကို ရှောင်ပါ။ဒါ့အပြင် အသင့်စား အ စားအစာတွေ၊အလွယ်ရနိုင်တဲ့ ကယ်လိုရီများတဲ့ မုန့်တွေ ကို ရှောင်ပါ။ဒီလို အစားအစာတွေက ဗိုက်အောင့်တာကို ပိုဆိုးစေတာကြောင့် ရှောင်ပေးသင့်ပါ တယ်။
နို့ထွက်ပစ္စည်းတွေကိုလည်း ရှောင်ပေးသင့်ပါတယ်။အဲ့ဒီအထဲမှာ ဟော်မုန်းဓါတ်ပါတာကြောင့် နို့ထွက်ပစ္စည်းတွေကို စားလိုက်၊သောက်လိုက်ရင် အနာပေါ် ဆားပျက်သလို ခံစားနေရတဲ့ ဝေဒနာတွေ ပိုဆိုးလာနိုင်ပါတယ်။
(2)-အကာအကွယ်မပါပဲ လိင်ဆက်ဆံတာရှောင်ပါ
ကိုယ်ဝန်လိုချင်တာမဟုတ်ရင်တော့ ဒီအချိန်မှာ အကာအကွယ်မပါပဲ လိင်ဆက် ဆံတာမျိုး မလုပ်နဲ့။အမျိုးသမီးတွေဟာ ရာသီလာနေချိန်မှာ လိင်ဆက်ဆံရင် ကလေးမရဘူးဆိုတဲ့ ရှေးရိုးအစွဲကို မေ့လိုက်ပါ။အမျိုးသမီးရဲ့ သားအိမ်လမ်းကြောင်းဟာ အဲ့ဒီလိုအချိိန်မှာ အနည်းငယ်ပွင့်နေပါတယ်။
ဒါ့အပြင် အဲ့ဒီအချိန်မှာ ဗိုင်းရပ်စ်၊ေ ရာဂါပိုး၊အင်းစက်ပိုးကောင်ငယ်တွေဟာ သားအိမ်လမ်းကြောင်းထဲကို အလွယ် တကူ ဝင်နိုင်ပါတယ်။
(3)-စီးကရက်၊ကော်ဖီလုံးဝမထိပါနဲ့
ဒီလိုအချိန်မှာ စီးကရက်သောက်တာ၊ကော်ဖီသောက်တာတွေကို လုံးဝရှောင် ပါ။ကော်ဖီဟာ သွေးကြောတွေကို ကန့်သတ်ပစ်လိုက်တာကြောင့် ဗိုက်အောင့် တာ ကို ပိုဆိုးစေပါတယ်။ဆေးလိပ်သောက်ခြင်းကလည်း ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်မှုတွေကို ပိုဆိုးစေပါတယ်။
(4)-အမွှေးနုတ်တာ၊ရင်သားစစ်ဆေးတာမလုပ်ပါနဲ့
အမွှေးနုတ်တာ၊ရင်သားကိုစစ်ဆေးတာမျိုးတွေ မလုပ်ပါနဲ့။ဒီအချိန်မှာ အရေပြား ဟာ ထိလွယ်ခိုက်လွယ်ဖြ စ်နေ တာကြောင့် နာကျင်မှုကို တခြားအချိန်တွေ ကထက် ပိုခံစားရလို့ ရှောင်ပါ။
(5)-ဆပ်ပြာ၊အမျိုးသမီးသန့်စင်ဆေးရည်တွေနဲ့ ဆေးတာမျိုး မလုပ်ပါနဲ့
ဒီလိုအချိန်ဟာ အရမ်းထိလွယ်ခိုက်လွယ်ဖြစ်နေတာကြောင့် ဗက်တီရီးယားတွေကိုယ့်ဆီကို အလွယ်တကူဝင်လာလို့ မရအောင်် အတတ်နိုင်ဆုံး ကာကွယ်ပါ။
အဲ့ဒီအတွက် သားအိမ်လမ်းကြောင်းအပြင်နဲ့အတွင်းပိုင်းကို ဆပ်ပြာ၊ အမျိုး သမီး သန့် စင်ဆေးရည်တွေနဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။
Ref ; themirror
Be the first to comment
Leave a Reply
Your email address will not be published.
*