ခ်စ္သူကို လက္ထပ္ႏိုင္ဖို႔ တၿပိဳင္တည္း အလုပ္ (၄) ခု လုပ္ၿပီး ႀကိဳးစားေနတဲ့ အမ်ိဳးသား..

 

ခ်စ္သူကို လက္ထပ္ႏိုင္ဖို႔ တၿပိဳင္တည္း အလုပ္ (၄) ခု လုပ္ၿပီး ႀကိဳးစားေနတဲ့ အမ်ိဳးသား

အခ်စ္အတြက္ဆို ဘာမဆို လုပ္မယ့္ လူတစ္ခ်ိဳ႕ ရွိတယ္ဆိုတာကို ဒီ အမ်ိဳးသားကို ေတြ႕မွ ယုံၾကည္သြားပါတယ္။ သိပ္ခ်စ္တတ္တဲ့ သူ႔လိုလူကို ပိုင္ဆိုင္ရတဲ့ အမ်ိဳးသမီးကေတာ့ သိပ္ကံေကာင္းပါတယ္။

ဘဝမွာ ခ်စ္ရတဲ့သူကို လက္ထပ္ ယူႏိုင္ဖို႔နဲ႔ တင့္ေတာင္းတင့္တယ္ ထားႏိုင္ဖို႔ အလုပ္ (၄) ခု ေတာင္ လုပ္ေနတာပါ။ ဒီအေၾကာင္းကို သူကိုယ္တိုင္ တြစ္တာေပၚ တင္ခဲ့ပါတယ္။ ဒါကို ျပန္ရွဲတာ အႀကိမ္ (၂၁,၀၀၀) ေက်ာ္ရွိၿပီး ေတာ္ေတာ္ေလး ပ်ံ႕ႏွံ႔သြားခဲ့တာပါ။

သူရဲ႕ ပိုစ့္အရ မနက္ကေန ညေနအထိ အစားအေသာက္ေတြ လိုက္ပို႔တယ္။ ညေနကေန ညအထိ ဖုန္းေတြကို ျပင္တယ္။ ဒါ့အျပင္ ဒီပညာကို စိတ္ဝင္စားတဲ့ သူေတြကိုလည္း ျပန္ၿပီး သင္ေပးတယ္။

ၿပီးသြားရင္ pasar malm ကို သြားၿပီး “Air KoKo” ဆိုတဲ့ ေကာ္ဖီဗူးေတြ ယူတယ္။ အဲ့ဒီ့ေနာက္ Jalan Ikan Mas Cheras မွာ ၾကာသပေတးေန႔ဆို သြားေရာင္းတယ္။

ေနာက္ဆုံးတစ္ခုကေတာ့ စေနေန႔တိုင္း Jalan Tunku Abdul Rahman မွာရွိတဲ့ မိသားစု ဖြင့္ထားတဲ့ အက်ႌဆိုင္မွာ ေရာင္းကူတယ္။

ေနာက္တစ္ခု အင္စတာဂရမ္ေပၚမွာ အိုင္ဖုန္းေတြ ျပဳျပင္တာ ၊ ေအာ္ရီဂ်နယ္ ပစၥည္းေတြနဲ႔ ဆားဗစ္ေတြ ေပးေနတဲ့ Pakcik Gadget ဆိုတဲ့ အေကာင့္ကလည္း သူပါပဲ။အံဖြယ္ အမ်ိဳးသားပါတကား။

အခုလို သူအလုပ္ေတြ အေၾကာင္း ေဖာ္ျပရတာေတာင္ ေမာတာ သူဆို ဘယ္ေလာက္ ပင္ပန္းမလဲ ေတြးၾကည့္စရာေတာင္ မလိုပါဘူး။ဒီၾကားထဲ ခ်စ္သူနဲ႔ ေတြ႕ဖို႔လည္း အခ်ိန္ကလည္း ရွိၿပီးသား။ ပညာေတြ သင္ခ်င္ေနပါၿပီ။

ဒီလို တကယ္ ထူးျခားတဲ့ ေယာက်ာၤးမ်ိဳး ၊ အခ်စ္အတြက္ ရည္႐ြယ္ခ်က္ အျပည့္ရွိတဲ့ သူမ်ိဳးေတြ အမ်ားႀကီး ရွိေစခ်င္ပါတယ္။shwemom

Unicode

ချစ်သူကို လက်ထပ်နိုင်ဖို့ တပြိုင်တည်း အလုပ် (၄) ခု လုပ်ပြီး ကြိုးစားနေတဲ့ အမျိုးသား

အချစ်အတွက်ဆို ဘာမဆို လုပ်မယ့် လူတစ်ချို့ ရှိတယ်ဆိုတာကို ဒီ အမျိုးသားကို တွေ့မှ ယုံကြည်သွားပါတယ်။ သိပ်ချစ်တတ်တဲ့ သူ့လိုလူကို ပိုင်ဆိုင်ရတဲ့ အမျိုးသမီးကတော့ သိပ်ကံကောင်းပါတယ်။

ဘဝမှာ ချစ်ရတဲ့သူကို လက်ထပ် ယူနိုင်ဖို့နဲ့ တင့်တောင်းတင့်တယ် ထားနိုင်ဖို့ အလုပ် (၄) ခု တောင် လုပ်နေတာပါ။ ဒီအကြောင်းကို သူကိုယ်တိုင် တွစ်တာပေါ် တင်ခဲ့ပါတယ်။ ဒါကို ပြန်ရှဲတာ အကြိမ် (၂၁,၀၀၀) ကျော်ရှိပြီး တော်တော်လေး ပျံ့နှံ့သွားခဲ့တာပါ။

သူရဲ့ ပိုစ့်အရ မနက်ကနေ ညနေအထိ အစားအသောက်တွေ လိုက်ပို့တယ်။ ညနေကနေ ညအထိ ဖုန်းတွေကို ပြင်တယ်။ ဒါ့အပြင် ဒီပညာကို စိတ်ဝင်စားတဲ့ သူတွေကိုလည်း ပြန်ပြီး သင်ပေးတယ်။

ပြီးသွားရင် pasar malm ကို သွားပြီး “Air KoKo” ဆိုတဲ့ ကော်ဖီဗူးတွေ ယူတယ်။ အဲ့ဒီ့နောက် Jalan Ikan Mas Cheras မှာ ကြာသပတေးနေ့ဆို သွားရောင်းတယ်။

နောက်ဆုံးတစ်ခုကတော့ စနေနေ့တိုင်း Jalan Tunku Abdul Rahman မှာရှိတဲ့ မိသားစု ဖွင့်ထားတဲ့ အကျႌဆိုင်မှာ ရောင်းကူတယ်။

နောက်တစ်ခု အင်စတာဂရမ်ပေါ်မှာ အိုင်ဖုန်းတွေ ပြုပြင်တာ ၊ အော်ရီဂျနယ် ပစ္စည်းတွေနဲ့ ဆားဗစ်တွေ ပေးနေတဲ့ Pakcik Gadget ဆိုတဲ့ အကောင့်ကလည်း သူပါပဲ။အံဖွယ် အမျိုးသားပါတကား။

အခုလို သူအလုပ်တွေ အကြောင်း ဖော်ပြရတာတောင် မောတာ သူဆို ဘယ်လောက် ပင်ပန်းမလဲ တွေးကြည့်စရာတောင် မလိုပါဘူး။ဒီကြားထဲ ချစ်သူနဲ့ တွေ့ဖို့လည်း အချိန်ကလည်း ရှိပြီးသား။ ပညာတွေ သင်ချင်နေပါပြီ။

ဒီလို တကယ် ထူးခြားတဲ့ ယောကျာင်္းမျိုး ၊ အချစ်အတွက် ရည်ရွယ်ချက် အပြည့်ရှိတဲ့ သူမျိုးတွေ အများကြီး ရှိစေချင်ပါတယ်

shwemom