၁၀ တန္း က်ာင္းသူတစ္ဦး ၆ဘာသာဂုဏ္ထူး မရသျဖင့္အဆိပ္ေသာက္ေသဆုံးမႈ႔ ျဖစ္ပြား

 

၁၀ တန္း က်ာင္းသူတစ္ဦး ၆ဘာသာဂုဏ္ထူး မရသျဖင့္အဆိပ္ေသာက္ေသဆုံးမႈ႔ ျဖစ္ပြား

၆ဘာသာဂုဏ္ထူး မရသျဖင့္ ဆယ္တန္း ေက်ာင္းသူတစ္ဦး အဆိပ္ေသာက္ေသဆုံးမႈ႔ ျဖစ္ပြားမႈ႔ သတင္း အျပည့္အစုံ

ေသဆုံးသည့္ တကၠသိုလ္ဝင္တန္းေက်ာင္းသူမပြင့္ျဖဴစိုးသည္ ဘာသာစုံဂုဏ္ထူးကို ေမၽွာ္မွန္းထားသူျဖစ္ၿပီး သူမ၏ရည္မွန္းခ်က္ မျပည့္မွီခဲ့လို႔ အဆိပ္ေသာက္ေသဆုံးခဲ့ျခင္းျဖစ္နိုင္ေၾကာင္း မိခင္ျဖစ္သူက သုံးသပ္ေၾကာင္း မိခင္ျဖစ္သူက ျပန္လည္ေျပာျပခဲ့ ပါသည္။

မိုးညႇင္းခရိုင္၊ မိုးေကာင္းၿမိဳ႕၊ မန္ရြက္ေက်းရြာေန တကၠသိုလ္ဝင္တန္းေက်ာင္းသူတစ္ဦး ဇြန္လ (၈) ရက္က အဆိပ္ေသာက္ေသဆုံးမႈ ျဖစ္ပြားေၾကာင္း မိုးေကာင္းၿမိဳ႕မရဲစခန္းမွ သိရသည္။ ေသဆုံးသည့္ တကၠသိုလ္ဝင္တန္းေက်ာင္းသူမပြင့္ျဖဴစိုးသည္ ဘာသာစုံဂုဏ္ထူးကို ေမၽွာ္မွန္းထားသူျဖစ္ၿပီး

ရည္မွန္းခ်က္ မျပည့္မွီခဲ့လို႔ အဆိပ္ေသာက္ေသဆုံးခဲ့ျခင္းျဖစ္နိုင္ေၾကာင္း မိခင္ျဖစ္သူကသုံးသပ္ေျပာဆို ထားပါသည္။

မပြင့္ျဖဴစိုး မေသဆုံးခ်ိန္က တကၠသိုလ္ဝင္တန္း ေအာင္စာရင္းထြက္လၽွင္ ၆ ဘာသာ ဂုဏ္ထူးကို ရရွိမည္ျဖစ္ေၾကာင္း မိဘမ်ားႏွင့္ သူငယ္ခ်င္းမ်ားအား အႀကိမ္ႀကိမ္ ေျပာျပခဲ့ေသးသည္ ၊

ေသဆုံးသည့္ေန႔၌လည္း ၆ ဘာသာ ဂုဏ္ထူးမပါရွိပဲ ၂ ဘာသာ သာ ပါရွိေသာေၾကာင့္ မိဘမ်ားကို ေတာင္းပန္ကာ အခန္းထဲတြင္ တစ္ေယာက္တည္း ေနပါရေစ ဟု ေျပာဆိုကာ အခန္းေသာ့ခက္ၿပီး ငိုေနပါေသးသည္။

 

မိဘမ်ားကလဲ ၆ဘာသာ ဂုဏ္ထူး မရရွိသည္ကို ဘာမွ မျဖစ္ေၾကာင္း ၊ ရသသည့္ ဂုဏ္ထူးျဖင့္သာ အမွတ္မွီရာ တကၠသိုလ္ကို တက္လွမ္းရန္ ေျဖာင့္ျဖေပးၿပီး တစ္စုံတစ္ရာဆူပူႀကိမ္းေမာင္းျခင္းမ်ားမရွိဘဲ ေခ်ာ့ေမာ့ေျပာဆို ပါေသာ္လည္း သူမက အခန္းတံခါးကို မဖြင့္ေပးပါ။

ဘာသာစုံ ဂုဏ္ထူးမရ၍ ယခုလို အဆိပ္ေသာက္ေသဆုံးျခင္းျဖစ္နိုင္ေၾကာင္း ၎၏မိခင္ ေဒၚတင္ျမင့္ေျပာျပခ်က္အရ သိရသည္။

ေသဆုံးသူမပြင့္ျဖဴစိုးသည္ ဇြန္လ(၈)ရက္၊ ေန႔လည္(၁)နာရီခြဲအခ်ိန္တြင္ ကြန္ပ်ဴတာ သင္တန္းသို႔ မသြားဘဲ ေခါင္းမူး/ဗိုက္နာေၾကာင္း အခန္းထဲတြ ေအာ္ေနပါသျဖင့္ ၎၏မိဘမ်ားက အခန္းတံခါးကို ဖ်က္ကာ ေန႔လည္(၂)နာရီအခ်ိန္၌ မိုးေကာင္းျပည္သူ႔ေဆး႐ုံသို႔ ေဆးကုသရန္ ပို႔ေဆာင္ေပးခဲ့ရာ

အလွည့္က်ဆရာဝန္ေဒါက္တာ ေခ်ာစုစုေစာ၏ ေမးျမန္းရာတြင္ မပြင့္ျဖဴစိုးက မိဘမ်ားမသိေအာင္ ယင္ေကာင္သတ္ေဆးႏွင့္ ပ႐ုပ္လုံးတြဲ၍ေသာက္ထားတယ္ဟု ေျပာျပခ်က္အရသိရၿပီး ေဆးကုသေနစဥ္ညေန(၅)နာရီအခ်ိန္၌ ေသဆုံးသြားေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

မိုးေကာင္းၿမိဳ႕နယ္၊ မန္ရြက္ေက်းရြာ၊ အထက(ခြဲ)တကၠသိုလ္ဝင္တန္းေက်ာင္းသူ မပြင့္ျဖဴစိုး အသက္(၁၅)ႏွစ္၊ (ဘ)ဦးဝင္းေဖသည္ ဓမၼတာအတိုင္းေသဆုံးျခင္းဟုတ္၊ မဟုတ္စစ္ေဆးနိုင္ရန္ ေသမႈေသခင္း အမွတ္စဥ္ ၂၃/၂၀၁၈ ျဖင့္မိုးေကာင္းၿမိဳ႕မရဲစခန္းက အမႈေရးဖြင့္ထားေၾကာင္း သိရသည္။

Unicode

၁၀ တန်း ကျာင်းသူတစ်ဦး ၆ဘာသာဂုဏ်ထူး မရသဖြင့်အဆိပ်သောက်သေဆုံးမှု့ ဖြစ်ပွား

၆ဘာသာဂုဏ်ထူး မရသဖြင့် ဆယ်တန်း ကျောင်းသူတစ်ဦး အဆိပ်သောက်သေဆုံးမှု့ ဖြစ်ပွားမှု့ သတင်း အပြည့်အစုံ

သေဆုံးသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူမပွင့်ဖြူစိုးသည် ဘာသာစုံဂုဏ်ထူးကို မျှော်မှန်းထားသူဖြစ်ပြီး သူမ၏ရည်မှန်းချက် မပြည့်မှီခဲ့လို့ အဆိပ်သောက်သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း မိခင်ဖြစ်သူက သုံးသပ်ကြောင်း မိခင်ဖြစ်သူက ပြန်လည်ပြောပြခဲ့ ပါသည်။

မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၊ မန်ရွက်ကျေးရွာနေ တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး ဇွန်လ (၈) ရက်က အဆိပ်သောက်သေဆုံးမှု ဖြစ်ပွားကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။ သေဆုံးသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူမပွင့်ဖြူစိုးသည် ဘာသာစုံဂုဏ်ထူးကို မျှော်မှန်းထားသူဖြစ်ပြီး

ရည်မှန်းချက် မပြည့်မှီခဲ့လို့ အဆိပ်သောက်သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း မိခင်ဖြစ်သူကသုံးသပ်ပြောဆို ထားပါသည်။

မပွင့်ဖြူစိုး မသေဆုံးချိန်က တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်လျှင် ၆ ဘာသာ ဂုဏ်ထူးကို ရရှိမည်ဖြစ်ကြောင်း မိဘများနှင့် သူငယ်ချင်းများအား အကြိမ်ကြိမ် ပြောပြခဲ့သေးသည် ၊

သေဆုံးသည့်နေ့၌လည်း ၆ ဘာသာ ဂုဏ်ထူးမပါရှိပဲ ၂ ဘာသာ သာ ပါရှိသောကြောင့် မိဘများကို တောင်းပန်ကာ အခန်းထဲတွင် တစ်ယောက်တည်း နေပါရစေ ဟု ပြောဆိုကာ အခန်းသော့ခက်ပြီး ငိုနေပါသေးသည်။

မိဘများကလဲ ၆ဘာသာ ဂုဏ်ထူး မရရှိသည်ကို ဘာမှ မဖြစ်ကြောင်း ၊ ရသသည့် ဂုဏ်ထူးဖြင့်သာ အမှတ်မှီရာ တက္ကသိုလ်ကို တက်လှမ်းရန် ဖြောင့်ဖြပေးပြီး တစ်စုံတစ်ရာဆူပူကြိမ်းမောင်းခြင်းများမရှိဘဲ ချော့မော့ပြောဆို ပါသော်လည်း သူမက အခန်းတံခါးကို မဖွင့်ပေးပါ။

ဘာသာစုံ ဂုဏ်ထူးမရ၍ ယခုလို အဆိပ်သောက်သေဆုံးခြင်းဖြစ်နိုင်ကြောင်း ၎င်း၏မိခင် ဒေါ်တင်မြင့်ပြောပြချက်အရ သိရသည်။

သေဆုံးသူမပွင့်ဖြူစိုးသည် ဇွန်လ(၈)ရက်၊ နေ့လည်(၁)နာရီခွဲအချိန်တွင် ကွန်ပျူတာ သင်တန်းသို့ မသွားဘဲ ခေါင်းမူး/ဗိုက်နာကြောင်း အခန်းထဲတွ အော်နေပါသဖြင့် ၎င်း၏မိဘများက အခန်းတံခါးကို ဖျက်ကာ နေ့လည်(၂)နာရီအချိန်၌ မိုးကောင်းပြည်သူ့ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ရာ

အလှည့်ကျဆရာဝန်ဒေါက်တာ ချောစုစုစော၏ မေးမြန်းရာတွင် မပွင့်ဖြူစိုးက မိဘများမသိအောင် ယင်ကောင်သတ်ဆေးနှင့် ပရုပ်လုံးတွဲ၍သောက်ထားတယ်ဟု ပြောပြချက်အရသိရပြီး ဆေးကုသနေစဉ်ညနေ(၅)နာရီအချိန်၌ သေဆုံးသွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မိုးကောင်းမြို့နယ်၊ မန်ရွက်ကျေးရွာ၊ အထက(ခွဲ)တက္ကသိုလ်ဝင်တန်းကျောင်းသူ မပွင့်ဖြူစိုး အသက်(၁၅)နှစ်၊ (ဘ)ဦးဝင်းဖေသည် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ်စစ်ဆေးနိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၂၃/၂၀၁၈ ဖြင့်မိုးကောင်းမြို့မရဲစခန်းက အမှုရေးဖွင့်ထားကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*