တကၠသိုလ္ဝင္တန္းေျဖဆိုထားသည့္ေက်ာင္းသူတစ္ဦး ဓားခုတ္ခံရ

 

တကၠသိုလ္ဝင္တန္းေျဖဆိုထားသည့္ေက်ာင္းသူတစ္ဦး ဓားခုတ္ခံရ

ေမာ္လၿမိဳင္၊ (ဇြန္ ၇)။ ။

ၾကာအင္းဆိတ္ႀကီးၿမိဳ႕နယ္၊ မွ်င္းဝါးကုန္းေက်း႐ြာေန တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုထားသည့္ အသက္ ၁၈ ႏွစ္အ႐ြယ္ ေက်ာင္းသူတစ္ဦးသည္ ေအာင္စာရင္းမထြက္ေသးသည့္အတြက္ ၿခံတြင္ မိဘကို ဝိုင္းဝန္းကူညီေပး ေနစဥ္ ဇြန္လ ၆ ရက္ေန႕က အမည္မသိလူတစ္ဦးက ဓားျဖင့္ ခုတ္ခဲ့ေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ အဆိုပါေက်ာင္းသူသည္ တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုၿပီးေနာက္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ရာမညရ႒တကၠသိုလ္ေက်ာင္းတြင္ အဂၤလိပ္စာသင္ယူေလ့လာၿပီး မိဘကို ကူညီရန္အတြက္ ႐ြာသို႔ ျပန္လည္ေရာက္ရွိသည္မွာ (၅) ရက္သာ ရွိေသးေၾကာင္း နိုင္ဇာတိနိုင္က ေျပာသည္။

“အဲဒီလူက တဲကိုလာၿပီးေတာ့ ေရတစ္ခြက္ေတာင္းေသာက္တယ္ ၊ အဲဒီအခ်ိန္မွာပဲ သူ႕ကို လိုက္ဆြဲတာ ထင္တယ္။ သူက ေျပးေတာ့ ဓားနဲ႕ခုတ္လိုက္တယ္။ အဲဒီအခ်ိန္မွာ သူထြက္ေျပးေတာ့ သူ႕အေဖဆီမ ေရာက္ခင္မွာပဲ ေသြးထြက္မ်ားေတာ့ သတိေမ့သြားတယ္”ဟု နိုင္ဇာတိနိုင္က ေျပာသည္။

အေမျဖစ္သူကလယ္တဲမွ ႐ြာသို႔ ျပန္သြားစဥ္ အဆိုပါ ေက်ာင္းသူတစ္ဦးတည္း က်န္ရွိေနခ်ိန္တြင္ ယင္းသို႔ ျဖစ္ပြား ခဲ့ျခင္းျဖစ္သည္။

“အဲဒီလူက ဘယ္သူလဲဆိုတာ သူ႕ကိုေမးရင္ နာမည္ေတာ့ မသိဘူး။ လူကိုေတြ႕ရင္ေတာ့ မွတ္မိတယ္ အဲဒီလိုပဲ ေျပာျပနိုင္တယ္”ဟု မိသားစုဝင္တစ္ဦးက ေျပာသည္။

 

လက္ရွိအေျခအေနအရအဆိုပါ ေက်ာင္းသူသည္ ေမာ္လၿမိဳင္ၿမိဳ႕ေဆး႐ုံႀကီးတြင္ ေဆးကုသခံယူေနလ်က္ရွိၿပီး ဆရာဝန္၏ ေျပာျပခ်က္အရ ဦးေခါင္းခြံ ေပါက္ကြဲသြားေၾကာင္း မိသားစုဝင္က ေျပာျပသည္။

အဆိုပါ ျပစ္မႈက်ဴးလြန္ထားသူကို ဖမ္းဆီးနိုင္ျခင္း မရွိေသးေပ။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေက်း႐ြာအုပ္ခ်ဳပ္ ေရးမႉးႏွင့္ မြန္ျပည္သစ္ပါတီထံ တိုင္ၾကားထားေၾကာင္း သိရသည္။

သတင္​း – ​ေအာင္​ျမတ္​၊ ဓာတ္​ပံု – ဇာတိပိုင္

Unicode

တက္ကသိုလ်ဝင်တန်းဖြေဆိုထားသည့်ကျောင်းသူတစ်ဦး ဓားခုတ်ခံရ

မော်လမြိုင်၊ (ဇွန် ၇)။ ။

ကြာအင်းဆိတ်ကြီးမြို့နယ်၊ မျှင်းဝါးကုန်းကျေးရွာနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသည့် အသက် ၁၈ နှစ်အရွယ် ကျောင်းသူတစ်ဦးသည် အောင်စာရင်းမထွက်သေးသည့်အတွက် ခြံတွင် မိဘကို ဝိုင်းဝန်းကူညီပေး နေစဉ် ဇွန်လ ၆ ရက်နေ့က အမည်မသိလူတစ်ဦးက ဓားဖြင့် ခုတ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါကျောင်းသူသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးနောက် မော်လမြိုင်မြို့ရှိ ရာမညရဋ္ဌတက္ကသိုလ်ကျောင်းတွင် အင်္ဂလိပ်စာသင်ယူလေ့လာပြီး မိဘကို ကူညီရန်အတွက် ရွာသို့ ပြန်လည်ရောက်ရှိသည်မှာ (၅) ရက်သာ ရှိသေးကြောင်း နိုင်ဇာတိနိုင်က ပြောသည်။

“အဲဒီလူက တဲကိုလာပြီးတော့ ရေတစ်ခွက်တောင်းသောက်တယ် ၊ အဲဒီအချိန်မှာပဲ သူ့ကို လိုက်ဆွဲတာ ထင်တယ်။ သူက ပြေးတော့ ဓားနဲ့ခုတ်လိုက်တယ်။ အဲဒီအချိန်မှာ သူထွက်ပြေးတော့ သူ့အဖေဆီမ ရောက်ခင်မှာပဲ သွေးထွက်များတော့ သတိမေ့သွားတယ်”ဟု နိုင်ဇာတိနိုင်က ပြောသည်။

အမေဖြစ်သူကလယ်တဲမှ ရွာသို့ ပြန်သွားစဉ် အဆိုပါ ကျောင်းသူတစ်ဦးတည်း ကျန်ရှိနေချိန်တွင် ယင်းသို့ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

“အဲဒီလူက ဘယ်သူလဲဆိုတာ သူ့ကိုမေးရင် နာမည်တော့ မသိဘူး။ လူကိုတွေ့ရင်တော့ မှတ်မိတယ် အဲဒီလိုပဲ ပြောပြနိုင်တယ်”ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

လက်ရှိအခြေအနေအရအဆိုပါ ကျောင်းသူသည် မော်လမြိုင်မြို့ဆေးရုံကြီးတွင် ဆေးကုသခံယူနေလျက်ရှိပြီး ဆရာဝန်၏ ပြောပြချက်အရ ဦးခေါင်းခွံ ပေါက်ကွဲသွားကြောင်း မိသားစုဝင်က ပြောပြသည်။

အဆိုပါ ပြစ်မှုကျူးလွန်ထားသူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် မွန်ပြည်သစ်ပါတီထံ တိုင်ကြားထားကြောင်း သိရသည်။

သတင်​း – ​အောင်​မြတ်​၊ ဓာတ်​ပုံ – ဇာတိပိုင်