
 





 



Source_BBC

Unicode

ကျူရှင်မတက်ဘဲ တက္ကသိုလ်ဝင်တန်း ၀ိဇ္ဇာဘာသာတွဲဖြင့် တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံး ရခဲ့သူ

 

ကျူရှင်မတက်ဘဲ တက္ကသိုလ်ဝင်တန်း ၀ိဇ္ဇာဘာသာတွဲမှာ အမှတ်အများဆုံး ရခဲ့သူ

၀ိဇ္ဇာဘာသာတွဲ – မသဇင်ဝင်း၊ ရမှတ်စုစုပေါင်း ၄၉၃ (အထက၊ တောက်တဲ့ရိုး၊ ကျုံပျော်၊ ဧရာဝတီတိုင်း ဒေသကြီး)

ဧရာဝတီတိုင်း ကျုံပျော်မြို ့နယ် တောက်တဲ့ရိုးက ၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၀ိဇ္ဇာဘာသာတွဲမှာ အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့သူမသဇင်ဝင်းက ပြင်ပကျူရှင်မယူခဲ့ဘဲ အောင်မြင်ခဲ့သူ ဖြစ်တယ်လို့ မိဘတွေကဘီဘီစီကို ပြောပါတယ်။

 

မသိတဲ့စာတွေကို ကျောင်းက ဆရာမတွေကို မေးခဲ့တယ်၊ တစ်နေ့ စာ တစ်နေ့ ပြီးအောင်ဖတ်လို့ အခုလို ဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန် အောင်ခဲ့တာလို့ဆိုပါတယ်။

မသဇင်ဝင်းက ကလေးတွေကို စာပြန်သင်ပေးချင်လို့ ဆရာမ ဖြစ်ချင်ပြီး ပညာရေးတက္ကသိုလ် ဆရာအတတ်သင်တက်ပြီး ဘီအီးဒီ ဘွဲ့ယူနိုင်ဖို့ ရည်မှန်းထားတယ်လို့ မသဇင်ဝင်းကပြောပါတယ်။

Source_BBC