ေယာက္်ားတစ္ေယာက္ နွင့္ အတူေနျပီးတိုင္း အမ်ိဳးသမီးမ်ား ျပဳလုပ္သင့္ေသာ အခ်က္ (၈) ခ်က္

 

ေယာက္်ားတစ္ေယာက္ နွင့္ အတူေနျပီးတိုင္း အမ်ိဳးသမီးမ်ား ျပဳလုပ္သင့္ေသာ အခ်က္ (၈) ခ်က္

အမ်ိဳးသမီး အမ်ားစုဟာ ခ်စ္တင္းေနွာျပီးခ်ိန္မွာ ေဆာင္ရန္၊ေရွာင္ရန္ ကိစၥရပ္ေတြကို ေသခ်ာဂရုစိုက္ေလ့ မရွိၾကပါဘူး ။

ဒီလို လိင္ဆက္ဆံမႈကေန မျမင္နိုင္ေသာ ပိုးမႊားကူးစက္မႈေတြ မ်ားစြာျဖစ္နိုင္ျပီး မိန္းမကိုယ္ က်န္းမာေရးနွင့္ သန္႔ရွင္းမႈပိုင္းမွာ အေနွာင့္အယွက္ မ်ားစြာျပဳနိင္ပါတယ္ ။ ဒါ့ေၾကာင့္ လိင္ဆက္ဆံျပီးခ်ိန္တိုင္းမွာ အမ်ိဳးသမီးမ်ား မိန္းမကိုယ္က်န္းမာေရးအတြက္ ျပဳလုပ္သင့္တဲ့ အခ်က္ ၈ ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

(1)- အေပ့ါသြားပါ

ပထမဦးဆံုးအခ်က္အေနျဖင့္ မိမိလက္တြဲေဖာ္နွင့္ အတူေနျပီးတိုင္း အေပါ့သြားဖို႔ လိုပါတယ္ ။ ခ်စ္တင္းေနွာေနစဥ္အတြင္းမွာ မ်ားစြာေသာ ဘက္တီးရီးယားပိုးမႊားေတြ မ်ားစြာဟာ မိန္းမကိုယ္တြင္းမွာ မ်ားစြာျဖစ္ေပၚေနနိုင္ပါတယ္ ။ ဒ့ါေၾကာင့္ ဘက္တီးရီးယားဝင္ေရာက္မႈ နည္းသြားေစရန္ လိင္ဆက္ဆံျပီးတာနဲ႕ အလြန္ဆံုး ၁နာရီအတြင္း အေပ့ါသြားေပးဖို႔ လိုအပ္ပါတယ္ ။

(2)- ေရပူကန္ထဲ ေရစိမ္ခ်ိဳးျခင္းကို ေရွာင္ၾကည္ပါ

ဒီလို အတူေနျပီးတိုင္း ေရခ်ိဳးတာက ေကာင္းမြန္ေသာ္လည္း ေရပူကန္ထဲမွာ စိမ္ျပီးခ်ိဳးျခင္းကိုေတာ့ ေရွာင္ၾကဥ္သင့္ပါတယ္ ။ ဒီလိုေရခ်ိဳးျခင္းက ပိုးမႊားကူးစက္ဖို႔ အခြင့္အေရး ပိုမ်ားနိုင္ျပီး အမ်ိဳးသမီးအဂၤါကိုလည္း အနည္းငယ္ က်ယ္ေစနိုင္ပါတယ္ ။

(3)- ေရမ်ားမ်ားေသာက္လိုက္ပါ

လိင္ဆက္ဆံျခင္းဟာလည္း ျပင္းထန္တဲ့ ေလ့က်င့္ခန္းလုပ္သကဲ့သို႕ ေရဓါတ္ဆံုးရႈံးမႈ မ်ားစြာရွိနိင္တာေၾကာင့္ ေရဓါတ္ျပန္လည္ ျဖည့္တင္းေပးဖို႔အတြက္ အတူေနမႈ ျပီးဆံုးတိုင္းမွာ ေရကို ခပ္မ်ားမ်ား တက်ိဳက္တည္း ေသာက္ပစ္ဖို႔ လိုပါတယ္ ။ ဒီလို ေရဓါတ္ျဖည့္တင္းေပးျခင္းက ဆီးအိမ္တြင္း ပိုမြားကူးစက္နုိင္မႈကိုလည္း ေလွ်ာ့ခ်ေပးရာ ေရာက္ပါတယ္။

(4)- က်န္းမာေရးနွင့္ညီညြတ္ေသာ အစားအစာကိုစားေပးပါ

ဒီလို လိင္ဆက္ဆံမႈျပီးဆုံးတိုင္းမွာ သင္ဘာစားသလဲဆိုတာကလည္း အေရးၾကီးပါတယ္ အထူးသျဖင့္ ဆီေၾကာ္မုန္႔လို႔ မုန္႔ထုပ္ေတြ စားျခင္းကို အထူးေရွာင္ၾကဥ္သင့္ျပီး နားလည္တတ္ကြ်မ္းေသာ ပညာရွင္မ်ားက ဒိန္ခ်ဥ္က အေကာင္းဆံုး အစားအစာျဖစ္တယ္လို႔ ဆိုပါတယ္။

(5)- ဆပ္ျပာနွင့္ေဆးေၾကာျခင္းကိုေရွာင္ပါ

ခ်စ္တင္းေနွာျပီးခ်ိန္မွာ မိန္းမကိုယ္ဟာ အရမး္ကို ထိခိုက္လြယ္တဲ့ အေနအထားမ်ိဳးပါ ။ ဒီလိုအေျခအေနမ်ိဳးမွာ ဆပ္ျပာျဖင့္ ေဆးေၾကာျခင္းကို လံုးဝ မျပဳလုပ္ပါနွင့္ ။ ဆပ္ျပာနွင့္ ပြတ္တိုက္ေဆးေၾကာျခင္းက မိန္းမကိုယ္အေရျပားကို ယားယံျခင္းနဲ႕ ေျခာက္ေသြ႕ျခင္းေတြကို ျဖစ္ေစနို္င္ပါတယ္ ။ ဒါ့ေၾကာင့္ လိင္ကိစၥမႈ ျပီးေျမာက္တိုင္း ခပ္ေႏြးေႏြး ေရသီးသန္႔ျဖင့္သာ ေဆးေၾကာေပးပါ။

(6)- ေအးျမေသာ ခ်ည္သားအတြင္းခံကုိသာ ဝတ္ဆင္ပါ

အတြင္းခံ ဝတ္ဆင္တဲ့အခါမွာလည္း နိုင္လြန္ကဲ့သို႔ အသားမ်ိဳးေတြဟာ တင္းၾကပ္ျပီး သင့္ရဲ႕ အမ်ိဳးသမီးအဂၤါတစ္ဝိုက္ကို ေလဝင္ေလထြက္မေကာင္းေစဘဲ အေရျပားနွင္ အျခားစပ္ဆက္မႈရွိတဲ့ ေရာဂါပိုးေတြ ကိန္းဝပ္ေစနိုင္တာေၾကာင့္ ေအးျမျပီး သက္ေတာင့္သက္သာရွိကာ ေလဝင္ေလထြက္ေကာင္းတဲ့ အတြင္းခံမ်ိဳးကိုပဲ ဝတ္ဆင္သင့္ပါတယ္။

(7)- စိုစြတ္မေနပါေစနွင့္

ခ်စ္တင္းေနွာျပီးခ်ိန္ ျပန္လည္ သန္႔ရွင္းမႈျပဳလုပ္တဲ့အခါမွာ စိုစြတ္တဲ့ အဝတ္ေတြနဲ႕ သုတ္ျခင္း ၊ ေရစိုစိုျဖင့္ထားျခင္းေတြကို မလုပ္ပါနွင့္ ။ ေျခာက္ေသြ႕ေနပါေစ ။

(8)- Dryer ေလေအးျဖင့္မႈတ္ပါ

ၾကားရတာေတာ့ ထူးဆန္းေနပါလိမ့္မယ္ ။ အမ်ိဳးသမီး အေတာ္မ်ားမ်ားဟာ ဒီနည္းလမ္းကို အသံုးျပဳေလ့ရွိျပီး အမွန္တကယ္လည္း အက်ိဳးသက္ေရာက္မႈ ရွိပါတယ္ ကိစၥျပီးခ်ိန္ သန္႔ရွင္းေသာ ေရေႏြးျဖင့္ ေဆးေၾကာျပီးျပီိဆိုလွ်င္ေတာ့ dryer သံုးကာ ေလေအးျဖင့္ သင့္ရဲ႕ မိန္းမကုိယ္ေနရာကို ေလမႈတ္ေပးပါ ။

အလြန္အကြ်ံ အခ်ိန္အၾကာၾကီးေတာ့ ျပဳလုပ္စရာ မလိုပါဘူး ။ ျပီးသြားလွ်င္ေတာ့ နူးညံ႔ေသာ သဘက္ ၊ အဝတ္ျဖင့္ သုတ္လိုက္ပါ။

Credit to Orginal Writer

Unicode

ယောက်ျားတစ်ယောက် နှင့် အတူနေပြီးတိုင်း အမျိုးသမီးများ ပြုလုပ်သင့်သော အချက် (၈) ချက်

 

အမျိုးသမီး အများစုဟာ ချစ်တင်းနှောပြီးချိန်မှာ ဆောင်ရန်၊ရှောင်ရန် ကိစ္စရပ်တွေကို သေချာဂရုစိုက်လေ့ မရှိကြပါဘူး ။

ဒီလို လိင်ဆက်ဆံမှုကနေ မမြင်နိုင်သော ပိုးမွှားကူးစက်မှုတွေ များစွာဖြစ်နိုင်ပြီး မိန်းမကိုယ် ကျန်းမာရေးနှင့် သန့်ရှင်းမှုပိုင်းမှာ အနှောင့်အယှက် များစွာပြုနိင်ပါတယ် ။ ဒါ့ကြောင့် လိင်ဆက်ဆံပြီးချိန်တိုင်းမှာ အမျိုးသမီးများ မိန်းမကိုယ်ကျန်းမာရေးအတွက် ပြုလုပ်သင့်တဲ့ အချက် ၈ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(1)- အပေ့ါသွားပါ

ပထမဦးဆုံးအချက်အနေဖြင့် မိမိလက်တွဲဖော်နှင့် အတူနေပြီးတိုင်း အပေါ့သွားဖို့ လိုပါတယ် ။ ချစ်တင်းနှောနေစဉ်အတွင်းမှာ များစွာသော ဘက်တီးရီးယားပိုးမွှားတွေ များစွာဟာ မိန်းမကိုယ်တွင်းမှာ များစွာဖြစ်ပေါ်နေနိုင်ပါတယ် ။ ဒ့ါကြောင့် ဘက်တီးရီးယားဝင်ရောက်မှု နည်းသွားစေရန် လိင်ဆက်ဆံပြီးတာနဲ့ အလွန်ဆုံး ၁နာရီအတွင်း အပေ့ါသွားပေးဖို့ လိုအပ်ပါတယ် ။

(2)- ရေပူကန်ထဲ ရေစိမ်ချိုးခြင်းကို ရှောင်ကြည်ပါ

ဒီလို အတူနေပြီးတိုင်း ရေချိုးတာက ကောင်းမွန်သော်လည်း ရေပူကန်ထဲမှာ စိမ်ပြီးချိုးခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ် ။ ဒီလိုရေချိုးခြင်းက ပိုးမွှားကူးစက်ဖို့ အခွင့်အရေး ပိုများနိုင်ပြီး အမျိုးသမီးအင်္ဂါကိုလည်း အနည်းငယ် ကျယ်စေနိုင်ပါတယ် ။

(3)- ရေများများသောက်လိုက်ပါ

လိင်ဆက်ဆံခြင်းဟာလည်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်သကဲ့သို့ ရေဓါတ်ဆုံးရှုံးမှု များစွာရှိနိင်တာကြောင့် ရေဓါတ်ပြန်လည် ဖြည့်တင်းပေးဖို့အတွက် အတူနေမှု ပြီးဆုံးတိုင်းမှာ ရေကို ခပ်များများ တကျိုက်တည်း သောက်ပစ်ဖို့ လိုပါတယ် ။ ဒီလို ရေဓါတ်ဖြည့်တင်းပေးခြင်းက ဆီးအိမ်တွင်း ပိုမွားကူးစက်နိုင်မှုကိုလည်း လျှော့ချပေးရာ ရောက်ပါတယ်။

(4)- ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာကိုစားပေးပါ

ဒီလို လိင်ဆက်ဆံမှုပြီးဆုံးတိုင်းမှာ သင်ဘာစားသလဲဆိုတာကလည်း အရေးကြီးပါတယ် အထူးသဖြင့် ဆီကြော်မုန့်လို့ မုန့်ထုပ်တွေ စားခြင်းကို အထူးရှောင်ကြဉ်သင့်ပြီး နားလည်တတ်ကျွမ်းသော ပညာရှင်များက ဒိန်ချဉ်က အကောင်းဆုံး အစားအစာဖြစ်တယ်လို့ ဆိုပါတယ်။

(5)- ဆပ်ပြာနှင့်ဆေးကြောခြင်းကိုရှောင်ပါ

ချစ်တင်းနှောပြီးချိန်မှာ မိန်းမကိုယ်ဟာ အရမး်ကို ထိခိုက်လွယ်တဲ့ အနေအထားမျိုးပါ ။ ဒီလိုအခြေအနေမျိုးမှာ ဆပ်ပြာဖြင့် ဆေးကြောခြင်းကို လုံးဝ မပြုလုပ်ပါနှင့် ။ ဆပ်ပြာနှင့် ပွတ်တိုက်ဆေးကြောခြင်းက မိန်းမကိုယ်အရေပြားကို ယားယံခြင်းနဲ့ ခြောက်သွေ့ခြင်းတွေကို ဖြစ်စေနို်င်ပါတယ် ။ ဒါ့ကြောင့် လိင်ကိစ္စမှု ပြီးမြောက်တိုင်း ခပ်နွေးနွေး ရေသီးသန့်ဖြင့်သာ ဆေးကြောပေးပါ။

(6)- အေးမြသော ချည်သားအတွင်းခံကိုသာ ဝတ်ဆင်ပါ

အတွင်းခံ ဝတ်ဆင်တဲ့အခါမှာလည်း နိုင်လွန်ကဲ့သို့ အသားမျိုးတွေဟာ တင်းကြပ်ပြီး သင့်ရဲ့ အမျိုးသမီးအင်္ဂါတစ်ဝိုက်ကို လေဝင်လေထွက်မကောင်းစေဘဲ အရေပြားနှင် အခြားစပ်ဆက်မှုရှိတဲ့ ရောဂါပိုးတွေ ကိန်းဝပ်စေနိုင်တာကြောင့် အေးမြပြီး သက်တောင့်သက်သာရှိကာ လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံမျိုးကိုပဲ ဝတ်ဆင်သင့်ပါတယ်။

(7)- စိုစွတ်မနေပါစေနှင့်

ချစ်တင်းနှောပြီးချိန် ပြန်လည် သန့်ရှင်းမှုပြုလုပ်တဲ့အခါမှာ စိုစွတ်တဲ့ အဝတ်တွေနဲ့ သုတ်ခြင်း ၊ ရေစိုစိုဖြင့်ထားခြင်းတွေကို မလုပ်ပါနှင့် ။ ခြောက်သွေ့နေပါစေ ။

(8)- Dryer လေအေးဖြင့်မှုတ်ပါ

ကြားရတာတော့ ထူးဆန်းနေပါလိမ့်မယ် ။ အမျိုးသမီး အတော်များများဟာ ဒီနည်းလမ်းကို အသုံးပြုလေ့ရှိပြီး အမှန်တကယ်လည်း အကျိုးသက်ရောက်မှု ရှိပါတယ် ကိစ္စပြီးချိန် သန့်ရှင်းသော ရေနွေးဖြင့် ဆေးကြောပြီးပြီိဆိုလျှင်တော့ dryer သုံးကာ လေအေးဖြင့် သင့်ရဲ့ မိန်းမကိုယ်နေရာကို လေမှုတ်ပေးပါ ။

အလွန်အကျွံ အချိန်အကြာကြီးတော့ ပြုလုပ်စရာ မလိုပါဘူး ။ ပြီးသွားလျှင်တော့ နူးညံ့သော သဘက် ၊ အဝတ်ဖြင့် သုတ်လိုက်ပါ။

Credit to Orginal Writer