ေရာ္ဘာျခံအတြင္းအမ်ိဳးသမီးတစ္ဦး အသတ္ခံရမႈ

 

ေရာ္ဘာျခံအတြင္းအမ်ိဳးသမီးတစ္ဦး အသတ္ခံရမႈ

ထားဝယ္-ေမာင္းမကန္လမ္းနံေဘး ေရာ္ဘာျခံအတြင္းအမ်ိဳးသမီးတစ္ဦးသတ္ခံရမွု က်ဴးလြန္သူကို ခုထိဖမ္းမမိေသး

ထားဝယ္-ေမာင္းမကန္သြား ကားလမ္းနံေဘးရွိ ေရာ္ဘာျခံအတြင္း အမ်ိဳးသမီးတစ္ဦး အသတ္ခံရသည့္ကိစၥတြင္ က်ဴးလြန္သူကို ယခုခ်ိန္ထိဖမ္းဆီးရမိျခင္းမရွိေသးေျကာင္း ထားဝယ္ခရိုင္ရဲတပ္ဖြဲ႕ မွဴးခင္းႏွိမ္ႏွင္းေရး အဖြဲ႕ထံမွသိပါရသည္။

လက္ရွိတြင္ က်ဴးလြန္သူကို ဖမ္းဆီးနိင္ရန္ စံုစမ္းေနဆဲျဖစ္ေျကာင္း ထားဝယ္ခရိုင္ မွဴခင္းႏွိမ္ႏွင္းေရးအဖြဲ႕မွေျပာသည္။အသက္ခံရသည့္ အမ်ိဳးသမီးမွာ အသက္၁၉ႏွစ္ရြယ္ရွိျပီး ထားဝယ္ျမိဳ႕နယ္ ေရာင္းေမာ္ရြာတြင္ေနထိုင္သူ ျဖစ္သည္။

“က်ြန္ေတာ္တို့ကေတာ့ အခ်ိန္ျပည့္ အားစိုက္ျပီး အဖြဲ႕ေတြခြဲျပီးလိုက္ေနတယ္ ဟုရဲအုပ္ေအာင္သူထံမွသိရပါတယ္။အေလာင္းအား အထက္ပါလမ္းရွိ မိုင္တိုင္အမွတ္ ၄/၆ႏွင့္၄/၇ မိုင္ျကားရွိ ကားလမ္းမွ ကိုက္၅၀အကြာ ေရာ္ဘာျခံအတြင္း ေမလ၂၃ရက္ေန့ ကေတြ႕ရွိခဲ႕ျပီး ၊

လည္ပင္းႏွင့္ နဖူးတြင္ ျပတ္ရွဒဏ္ရာ မ်ားေတြ႕ရေျကာင္း ရဲမွတ္တမ္းအရ သိရသည္။

 

ေသဆံုးသူ အမ်ိဳးသမီး၏ ဖခင္ျဖစ္သူက ၎ သမီးျဖစ္ေျကာင္းအတည္ျပဳခဲ႕ျပီး၊ ျပီးခဲ႕သည့္ ေမလ၂၀ရက္ ည ၇ နာရီခန့္က အိမ္မွထြက္သြားျပီးေနာက္ပိုင္းတြင္ ဖုန္းဆက္သြယ္၍ မရေတာ့ဟု ေသဆံုးသူ၏ မိသားစု ကေျပာေျကာင္း ထားဝယ္ခရိုင္မွဴခင္း ႏွိမ္နင္းေရးအဖြဲ႕ထံမွသိရသည္။

ျဖစ္စဥ္ႏွင့္ပက္သက္၍ ထားဝယ္ခရိုင္/ေလာင္းလံုးျမိဳ႕ ေမာင္းမကန္ နယ္ေျမရဲစခန္းတြင္ ရာဇသတ္ျကီး ပုဒ္မ-၃၀၂ (လူသတ္မႈ)ျဖင့္ အမွုဖြင့္ထားျပီး တရားခံျဖစ္သူအား စံုစမ္းေနေျကာင္း တိုင္းရဲတပ္ဖြဲ႕ ထံမွသိရပါသည္။

 

thanintharyi

Unicode

ရော်ဘာခြံအတွင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှု

ထားဝယ်-မောင်းမကန်လမ်းနံဘေး ရော်ဘာခြံအတွင်းအမျိုးသမီးတစ်ဦးသတ်ခံရမှု ကျူးလွန်သူကို ခုထိဖမ်းမမိသေး

ထားဝယ်-မောင်းမကန်သွား ကားလမ်းနံဘေးရှိ ရော်ဘာခြံအတွင်း အမျိုးသမီးတစ်ဦး အသတ်ခံရသည့်ကိစ္စတွင် ကျူးလွန်သူကို ယခုချိန်ထိဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ မှူးခင်းနှိမ်နှင်းရေး အဖွဲ့ထံမှသိပါရသည်။

လက်ရှိတွင် ကျူးလွန်သူကို ဖမ်းဆီးနိင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ထားဝယ်ခရိုင် မှူခင်းနှိမ်နှင်းရေးအဖွဲ့မှပြောသည်။အသက်ခံရသည့် အမျိုးသမီးမှာ အသက်၁၉နှစ်ရွယ်ရှိပြီး ထားဝယ်မြို့နယ် ရောင်းမော်ရွာတွင်နေထိုင်သူ ဖြစ်သည်။

 

“ကျွန်တော်တို့ကတော့ အချိန်ပြည့် အားစိုက်ပြီး အဖွဲ့တွေခွဲပြီးလိုက်နေတယ် ဟုရဲအုပ်အောင်သူထံမှသိရပါတယ်။အလောင်းအား အထက်ပါလမ်းရှိ မိုင်တိုင်အမှတ် ၄/၆နှင့်၄/၇ မိုင်ကြားရှိ ကားလမ်းမှ ကိုက်၅ဝအကွာ ရော်ဘာခြံအတွင်း မေလ၂၃ရက်နေ့ ကတွေ့ရှိခဲ့ပြီး ၊

လည်ပင်းနှင့် နဖူးတွင် ပြတ်ရှဒဏ်ရာ များတွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူ အမျိုးသမီး၏ ဖခင်ဖြစ်သူက ၎င်း သမီးဖြစ်ကြောင်းအတည်ပြုခဲ့ပြီး၊ ပြီးခဲ့သည့် မေလ၂ဝရက် ည ၇ နာရီခန့်က အိမ်မှထွက်သွားပြီးနောက်ပိုင်းတွင် ဖုန်းဆက်သွယ်၍ မရတော့ဟု သေဆုံးသူ၏ မိသားစု ကပြောကြောင်း ထားဝယ်ခရိုင်မှူခင်း နှိမ်နင်းရေးအဖွဲ့ထံမှသိရသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ ထားဝယ်ခရိုင်/လောင်းလုံးမြို့ မောင်းမကန် နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ-၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်ထားပြီး တရားခံဖြစ်သူအား စုံစမ်းနေကြောင်း တိုင်းရဲတပ်ဖွဲ့ ထံမှသိရပါသည်။

thanintharyi